[Zawgyi]

၂၀၁၈ ေမလေလာက္တုန္းက Xiaomi ဟာ Mi Band 3 ကို Version နဲ႔ ထုတ္ေရာင္းခဲ့ပါတယ္။ Mi Band 2 ကို ၁၉ ေဒၚလာနဲ႔ ဝယ္လို႔ရတဲ့အခ်ိန္မွာ Mi Band 3 ေတြက ေဒၚလာ ၃၀ ျဖစ္ပါတယ္။ ဒါေပမယ့္ ပိုေပးရတဲ့ ေငြနဲ႔ တန္ေအာင္လို႔လည္း Mi Band 3 ေတြက ပိုၿပီးေတာ့ အဆင့္ျမင့္လာပါတယ္။

၂၀၁၉ မွာေတာ့ Xiaomi ဟာ Mi Band 4 ကို ေရာင္းခ်သြားဖို႔ရွိတယ္ဆိုေပမယ့္ အခုအခ်ိန္ထိ မိတ္ဆက္မယ့္ရက္ကို အတိအက် မသိရေသးတဲ့ အေျခအေနျဖစ္ပါတယ္။ ဒါေပမယ့္ ဧၿပီလ၊ ဒါမွမဟုတ္ ေမလေလာက္မွာ Mi Band 4 ကို ျမင္ေတြ႕လာရဖြယ္ရွိတယ္လို႔ေတာ့ Huami ရဲ႕ ဘ႑ာေရးအရာရွိခ်ဳပ္ David Cui က ေျပာပါတယ္။

David Cui ကေတာ့ လက္ရွိအခ်ိန္မွာ Mi Band 3 က ေရာင္းအားအေကာင္းဆုံး ျဖစ္ေနဆဲလို႔ ေျပာခဲ့ပါတယ္။ ေရာင္းအားကလည္း အခ်ိန္အပိုင္းအျခားတစ္ခုနဲ႔တစ္ခုၾကားမွာ ႀကီးႀကီးမားမားကြာျခားမႈမရွိဘူးလို႔လည္း ဆိုပါတယ္။ သူတို႔အေနနဲ႔ Xiaomi နဲ႔ပူးေပါင္းၿပီး Mi Band 4 ကို ျဖန႔္ခ်ိရမယ့္ အခ်ိန္ေကာင္းကို ေ႐ြးခ်ယ္မွာျဖစ္တယ္လို႔လည္း ေျပာခဲ့ပါေသးတယ္။

Mi Band 4 နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို သတင္းေထာက္ကေမးျမန္းရာမွာေတာ့ ကြဲျပားျခားနားမႈ မရွိဘူးလို႔ပဲ David Cui က ျပန္ေျဖခဲ့ပါတယ္။ ဘယ္လိုအဓိပၸါယ္လဲဆိုတာမသိရေပမယ့္ Mi Band 4 မွာ အနည္းဆုံးေတာ့ Killer new feature တစ္ခု ပါလာႏိုင္တယ္လို႔ Android Authority က ခန႔္မွန္းခ်က္ေပးခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ Xiaomi ရဲ႕ ထုံးစံအတိုင္း ေဈးသက္သာၿပီး စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ Fitness Tracker ျဖစ္လာမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။

Ref: Android Authority

[Unicode]

ဧပြီ၊ ဒါမှမဟုတ် မေလလောက်မှ မိတ်ဆက်ဖွယ်ရှိတဲ့ Xiaomi Mi Band 4

၂၀၁၈ မေလလောက်တုန်းက Xiaomi ဟာ Mi Band 3 ကို Version နဲ့ ထုတ်ရောင်းခဲ့ပါတယ်။ Mi Band 2 ကို ၁၉ ဒေါ်လာနဲ့ ဝယ်လို့ရတဲ့အချိန်မှာ Mi Band 3 တွေက ဒေါ်လာ ၃၀ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုပေးရတဲ့ ငွေနဲ့ တန်အောင်လို့လည်း Mi Band 3 တွေက ပိုပြီးတော့ အဆင့်မြင့်လာပါတယ်။

၂၀၁၉ မှာတော့ Xiaomi ဟာ Mi Band 4 ကို ရောင်းချသွားဖို့ရှိတယ်ဆိုပေမယ့် အခုအချိန်ထိ မိတ်ဆက်မယ့်ရက်ကို အတိအကျ မသိရသေးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလ၊ ဒါမှမဟုတ် မေလလောက်မှာ Mi Band 4 ကို မြင်တွေ့လာရဖွယ်ရှိတယ်လို့တော့ Huami ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် David Cui က ပြောပါတယ်။

David Cui ကတော့ လက်ရှိအချိန်မှာ Mi Band 3 က ရောင်းအားအကောင်းဆုံး ဖြစ်နေဆဲလို့ ပြောခဲ့ပါတယ်။ ရောင်းအားကလည်း အချိန်အပိုင်းအခြားတစ်ခုနဲ့တစ်ခုကြားမှာ ကြီးကြီးမားမားကွာခြားမှုမရှိဘူးလို့လည်း ဆိုပါတယ်။ သူတို့အနေနဲ့ Xiaomi နဲ့ပူးပေါင်းပြီး Mi Band 4 ကို ဖြန့်ချိရမယ့် အချိန်ကောင်းကို ရွေးချယ်မှာဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

Mi Band 4 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သတင်းထောက်ကမေးမြန်းရာမှာတော့ ကွဲပြားခြားနားမှု မရှိဘူးလို့ပဲ David Cui က ပြန်ဖြေခဲ့ပါတယ်။ ဘယ်လိုအဓိပ္ပါယ်လဲဆိုတာမသိရပေမယ့် Mi Band 4 မှာ အနည်းဆုံးတော့ Killer new feature တစ်ခု ပါလာနိုင်တယ်လို့ Android Authority က ခန့်မှန်းချက်ပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Xiaomi ရဲ့ ထုံးစံအတိုင်း ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Fitness Tracker ဖြစ်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။

Ref: Android Authority