Xiaomi Mi Band 5 ရဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြီးအကျယ်ပေါက်ကြားထွက်လာခဲ့ပြီး လုပ်ဆောင်ချက်တွေ များစွာ ပါလာမှာပါ။ ၁.၂ လက်မ မျက်နှာပြင် ပါလာပြီး အရင်မျိုးဆက်ထက် တိုးတက်မှု များစွာ ထည့်ထားမှာပါ။ အခုလည်း Mi Band 5 ရဲ့ Live ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

ဓါတ်ပုံတွေအရ Xiaomi Mi Band 5 ရဲ့ မျက်နှာပြင်ဟာ အရင်မျိုးဆက်ထက် ပိုကြီးပြီး Plug-in Type Charger အသစ် ပါလာပါတယ်။ ကိုယ်ထည် ဒီဇိုင်းကို သိပ်မပြောင်းလဲထားပေမယ့် အရင်ကထပ် ပိုပြားချပ်လာတယ်လို့ ထင်ရပါတယ်။ ဒါဟာ ဓါတ်ပုံရဲ့ ရှုထောင့်ကြောင့် ဖြစ်နိုင်ပြီး Mi Band 4 လောက် မကွေးညွှတ်ဘူးလို့ ထင်ပါတယ်။

ဝီဘိုကနေ ထွက်လာတဲ့ သတင်းအရ Mi Band 5 ကို ၂၀၀ ယွမ်လောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၃ သောင်း ၉ ထောင်လောက်ရှိနိုင်ပါတယ်။ Global Version မှာ NFC ထည့်သွင်းထားနိုင်ပါတယ်။ မော်ဒယ် အသစ်မှာ Google Pay Support အပါအ၀င် ငွေပေးချေမှုစနစ်တွေ ပိုမို ပါဝင်လာနိုင်ပါတယ်။ Mi Band 4 မှာတော့ Xiaomi ရဲ့ Mi Pay ၁ ခုကိုပဲ သုံးလို့ရပြီး Mi Band 5 မှာ ရွေးချယ်စရာတွေ ပိုများလာမှာပါ။

Ref  : gsmarena