Xiaomi ရဲ့ Wearable ထုတ်ကုန်သစ်ဖြစ်တဲ့ Mi Band 5 နဲ့ ပတ်သက်တက်တဲ့ သတင်းတွေက အတော်လေးကို စုံစုံလင်လင်ထွက်ပေါ်ခဲ့ပြီးပြီလို့ ဆိုရမှာပါ။ ဇွန်လ ၁၁ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Mi Band 5 ဟာ စုံလင်တဲ့အရောင်တွေ၊ Avengers Edition တွေလည်း ပါဝင်မှာပါ။

အခုတော့ ကုမ္ပဏီကိုယ်တိုင်က Mi Band 5 နဲ့ ပတ်သက်တဲ့အချက်အလက်အချို့ကို Weibo ပေါ် တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Mi Band 5 ဟာ ပုံမှန်ထက် ထူးထူးကဲကဲကို ကြီးမားလာမယ့် OLED မျက်နှာပြင် ပါဝင်လာမယ်၊ Magnetic အားသွင်းစနစ်ပါဝင်လာမယ်၊ NFC UnionPay နဲ့ Quick Pass ထောက်ပံ့ထားမယ် စတဲ့ အချက်တွေကို အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ Mi Band 5 ဟာ ဓါတ်ပုံရိုက်ကူးမှုအတွက် Remote အဖြစ်ပြုလုပ်နိုင်တာ၊ Professional Sensor အဆင့်မြှင့်တင်ထားတာ၊ Professional Sports modes ၁၁ မျိုးလုပ်ဆောင်နိုင်တာ၊ New women ရဲ့ Health model ပါဝင်လာတာတွေကိုလည်း သိရှိလိုက်ရပြီ ဖြစ်ပါတယ်။ တရားဝင်ထပ်သိရတာက အဝါ၊ အနီ၊ အစိမ်းနဲ့ အနက်ဆိုပြီး အရောင်လေးရောင် ထွက်မယ့်အကြောင်းပါ။

“Professional sensor upgrade” ဟာ သွေးတွင်းအောက်စီဂျင်ပြည့်ဝမှုကို ခြေရာခံတဲ့ ဆင်ဆာကိုရည်ညွှန်းတာဖြစ်ပါတယ်။ ဒါကလည်း ကြိုတင်သတင်းထွက်ထားတဲ့ SpO2 ပါပဲ။ ဒါကြောင့် Mi Band 5 ဟာ စိတ်ဖိစီးမှုနဲ့ အသက်ရှူမှုဆိုင်ရာလုပ်ဆောင်ချက်တွေကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ Alexa ထောက်ပံ့မှုကလည်း ပြီးခဲ့တဲ့ သတင်းမှာဖော်ပြထားတဲ့အတိုင်း အပြောင်းအလဲမရှိတာကိုတွေ့ရပါတယ်။

Ref: GSM Arena