လက်ရှိနာမည်အကြီးဆုံး Fitness Band တွေထဲက တစ်ခုဖြစ်တဲ့ Xiaomi ရဲ့ Mi Band 5 စီးရီးအသစ်ဟာ ယခင်မျိုးဆက်ထက် သာလွန်တဲ့ တိုးမြှင့်မှုတွေနဲ့ မိတ်ဆက်လာခဲ့ပါပြီ။ ဒါ့အပြင် ဈေးနှုန်းကလည်း NFC မပါတဲ့ဗားရှင်းအတွက် ဒေါ်လာ ၂၆ (မြန်မာငွေ သုံးသောင်းခြောက်ထောင်) နဲ့ NFC ဗားရှင်းကို ဒေါ်လာ ၃၀ (ကျပ်ငွေ လေးသောင်းနှစ်ထောင်နီးပါး) သတ်မှတ်ထားပြီး ဈေးကွက်ယှဉ်ပြိုင်မှုကို ဆက်လက်ထိန်းထားဆဲပါ။

အဓိက Upgrade တစ်ခုက AMOLED Display ဖြစ်ပြီး အရင်ဗားရှင်းတွေက 0.95” အရွယ်ကနေ အခု 1.1” အဖြစ် ပိုကြီးလာခဲ့ပြီး တရားဝင်နဲ့ Third-party Customized ဒီဇိုင်းတွေလည်း ရွေးချယ်စရာ ပိုများလာပါတယ်။

ဆင်ဆာစနစ်ပိုင်းကတော့ မပြောင်းလဲဘဲ Accelerometer, Barometer, Gyroscope နဲ့ နှလုံးခုန်နှုန်းတိုင်းတာစနစ် တို့ဆက်ပါဝင်လာပြီး SpO2 Tracking ပါလာမယ်ဆိုတဲ့ သတင်းကတော့ မှားယွင်းခဲ့ပုံပါပဲ။ ဒါပေမယ့် Software ပိုင်းမှာ Upgrade လုပ်ထားပြီး Xiaomi က “Pro Mode” 11 မျိုးထိ ပါဝင်လာတယ်လို့ သုံးထားတယ်။ ကာယလှုပ်ရှားမှုကို ပိုမိုတိကျတဲ့အချက်အလက်တွေနဲ့ Tracking ပြုလုပ်ပေးလာတာဖြစ်ပါတယ်။ ဥပမာ Mi Band 5 ဟာ အဓိကရေကူးစတိုင် ငါးမျိုးကို အလိုအလျှောက်မှတ်သားနိုင်မှာပါ။

ဒါ့အပြင် Mi Band 5 ဟာ ရေအောက်အနက် ၅၀ မီတာထိ ရေစိမ်ခံနိုင်စွမ်းလည်း ပါဝင်ပါတယ်။ PAI (Personal Activity Intelligence) နည်းပညာက သုံးစွဲသူရဲ့ လေ့ကျင့်ခန်းပြုလုပ်ပုံနဲ့ပတ်သက်ပြီး ဘယ်လောက်ထိရောက်မှုရှိတယ် ဆိုတာ ပိုမိုပြသလာနိုင်မှာဖြစ်တယ်။

နှလုံးခုန်းနှုန်းတိုင်းတာတဲ့ Monitor စနစ်ကလည်း Upgrade လုပ်ထားပြီး Apple Watch တွေမှာလို မူမမှန်တာကို ထောက်လှမ်းကာ Noti ပြုလုပ်ပေးနိုင်လာပါပြီ။ ဒါ့အပြင် PPG Sensor အသစ်က အရင်ဗားရှင်းထက် 50% ပိုမိုတိကျလာပါတယ်။

Sleep Tracking နဲ့ပတ်သက်ရင် Mi Band 5 မှာ ကိုယ့်ရဲ့အိပ်မောကျချိန် REM နဲ့ပတ်သက်ပြီး ဒေတာထုတ်ယူနိုင်စွမ်း ပါဝင်လာပြီဖြစ်ပါတယ်။ သူ့မှာ Voice Assistant လည်းပါဝင်ပေမယ့် တရုတ်နိုင်ငံပြင်ပမှာ အသုံးပြုနိုင်မလားဆိုတာတော့ မသိရသေးပါဘူး။

Xiaomi ဟာ ဘက္ထရီသက်တမ်းကို ၁၄ ရက်ထိ အာမခံထားပြီး Charger ကလည်း Mi Band 5 ရဲ့နောက်ကျောမှာ သံလိုက်နဲ့ ကပ်နေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အားသွင်းဖို့ လက်ပတ်ကြိုးကို ဖြုတ်ဖို့ မလိုတော့ပါဘူး။ Xiaomi Mi Band 5 ကို ဇွန်လ ၁၈ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး တရုတ်ပြည်တွင်းဈေးနှုန်းကတော့ NFC မပါတဲ့မော်ဒယ်အတွက် ယွမ် ၁၈၉ (မြန်မာငွေ သုံးသောင်းခုနစ်ထောင်) နဲ့ NFC ဗားရှင်းအတွက် ယွမ် ၂၂၉ (မြန်မာငွေ လေးသောင်းခွဲ) သတ်မှတ်ထားပါတယ်။

Ref – GSMArena