Xiaomi ရဲ့ မျိုးဆက်သစ် Band ဖြစ်တဲ့ Mi Band 5 ကို လာမယ့် ဇွန်လ ၁၁ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Mi Band 5 နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ထွက်ပေါ်ပျံ့နှံ့ဖို့ အချိန်ကောင်း ဖြစ်နေပါတော့တယ်။

အခုထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ Mi Band 5 မှာ NFC ပါဝင်မယ်ဆိုတာကို သိရပါတယ်။ ဒါကြောင့် Mi Band 5 တိုင်းဟာ Contactless payments တွေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးတွေအတွက် အလွယ်တကူ ငွေပေးချေနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Mi Band 5 ဟာ စိတ်ဖိစီးမှုနဲ့ အသက်ရှူခြင်းဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ဆောင်ချက်တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ကောလာဟလတွေအရ SpO2 sensor လည်း ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ လုပ်ဆောင်ချက်တွေဖြစ်တဲ့ Stress meter နဲ့ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်မှုတွေက ဝတ်ဆင်ထားသူကို သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

Mi Band 5 မှာ အချိန်အကန့်အသတ်နဲ့ပြုလုပ်နိုင်တဲ့ Do Not Disturb mode လည်း ပါဝင်မယ်လို့ သိရပါတယ်။ Mi Band 5 ရဲ့ 1.2-inch အရွယ် မျက်နှာပြင်ကတော့ ပြီးခဲ့တဲ့ Band 4 ရဲ့ 0.95-inch ထက် ပိုကြီးလာတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ ဓါတ်ပုံတွေအရ Mi Band 5 ဟာ Avengers Limited Edition လည်း ထွက်ရှိလာဦးမယ်လို့ ဆိုနိုင်ပါတယ်။

Ref: Gizmochina