[Zawgyi]

Xiaomi ဟာ ၿပီးခဲ့တဲ့ ဇြန္လတုန္းက တ႐ုတ္ႏိုင္ငံတြင္းမွာ Mi Band 4 ကို ျဖန႔္ခ်ိခဲ့ပါတယ္။ Mi Band 4 ဟာ NFC နဲ႔ Microphone လည္း ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ ႏိုင္ငံတကာေဈးကြက္ကို Mi Smart Band 4 အေနနဲ႔ ျဖန႔္ခ်ိခဲ့ခ်ိန္မွာေတာ့ Mi Band 4 မွာပါဝင္တဲ့ လုပ္ေဆာင္ခ်က္ ႏွစ္မ်ိဳးလုံး မပါဝင္ေတာ့တာကို ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္း တ႐ုတ္မွာထြက္ေပၚေနတဲ့ေကာလာဟလကေတာ့ Xiaomi ဟာ Mi Band 5 မွာ ပိုၿပီးဖြံ႕ၿဖိဳးတိုးတက္တဲ့ လုပ္ေဆာင္ခ်က္ေတြ ထည့္သြင္းလာဖြယ္ရွိသလို ႏိုင္ငံတကာေဈးကြက္ကိုလည္း NFC နဲ႔ ျဖန႔္ခ်ိမယ္လို႔ သိရပါတယ္။ ရွင္းရွင္းလင္းလင္း မသိရေသးတာတစ္ခုက ႏိုင္ငံတကာေဈးကြက္ကို ျဖန႔္ခ်ိမယ့္ Mi Band 5 မွာ Build-in Mic ပါဝင္လား မပါဝင္ဘူးလား ဆိုတာပါ။

Mi Band 5 နဲ႔ ပတ္သက္ၿပီးထြက္ေနတဲ့ ေကာလာဟလသတင္းေတြအရ ေမာ္ဒယ္သစ္ Band 5 ဟာ အရင္ေမာ္ဒယ္ေဟာင္းထက္ ပိုၿပီးေတာ့အဆင့္ျမင့္လာသလို ပိုၿပီးေတာ့ အၾကမ္းခံလာဖို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။ ဒါေပမယ့္ မ်ိဳးဆက္သစ္ Band အတြက္ အေသးစိတ္အခ်က္အလက္ေတြကေတာ့ ထြက္ေပၚလာျခင္း မရွိေသးပါဘူး။

Xiaomi ဟာ Mi Band 3 ကို ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ေမလက ပြဲထုတ္ခဲ့တာျဖစ္ၿပီး ေနာက္တစ္ႏွစ္အၾကာ ၂၀၁၉ ခုႏွစ္ ဇြန္လမွာ Mi Band 4 ကို ႏိုင္ငံတကာေဈးကြက္ဆီ ျဖန႔္ခ်ိခဲ့ပါတယ္။ ဒါေၾကာင့္ Mi Band 5 ရဲ႕ ေဈးကြက္ထဲဝင္ေရာက္ခ်ိန္ဟာလည္း လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ေမလနဲ႔ ဇြန္လပိုင္းေလာက္မွာပဲ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

NFC နဲ့ Mi Band 5 ကို နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိဖွယ်ရှိတဲ့ Xiaomi

Xiaomi ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက တရုတ်နိုင်ငံတွင်းမှာ Mi Band 4 ကို ဖြန့်ချိခဲ့ပါတယ်။ Mi Band 4 ဟာ NFC နဲ့ Microphone လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာဈေးကွက်ကို Mi Smart Band 4 အနေနဲ့ ဖြန့်ချိခဲ့ချိန်မှာတော့ Mi Band 4 မှာပါဝင်တဲ့ လုပ်ဆောင်ချက် နှစ်မျိုးလုံး မပါဝင်တော့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တရုတ်မှာထွက်ပေါ်နေတဲ့ကောလာဟလကတော့ Xiaomi ဟာ Mi Band 5 မှာ ပိုပြီးဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းလာဖွယ်ရှိသလို နိုင်ငံတကာဈေးကွက်ကိုလည်း NFC နဲ့ ဖြန့်ချိမယ်လို့ သိရပါတယ်။ ရှင်းရှင်းလင်းလင်း မသိရသေးတာတစ်ခုက နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိမယ့် Mi Band 5 မှာ Build-in Mic ပါဝင်လား မပါဝင်ဘူးလား ဆိုတာပါ။

Mi Band 5 နဲ့ ပတ်သက်ပြီးထွက်နေတဲ့ ကောလာဟလသတင်းတွေအရ မော်ဒယ်သစ် Band 5 ဟာ အရင်မော်ဒယ်ဟောင်းထက် ပိုပြီးတော့အဆင့်မြင့်လာသလို ပိုပြီးတော့ အကြမ်းခံလာဖို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် မျိုးဆက်သစ် Band အတွက် အသေးစိတ်အချက်အလက်တွေကတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

Xiaomi ဟာ Mi Band 3 ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလက ပွဲထုတ်ခဲ့တာဖြစ်ပြီး နောက်တစ်နှစ်အကြာ ၂၀၁၉ ခုနှစ် ဇွန်လမှာ Mi Band 4 ကို နိုင်ငံတကာဈေးကွက်ဆီ ဖြန့်ချိခဲ့ပါတယ်။ ဒါကြောင့် Mi Band 5 ရဲ့ ဈေးကွက်ထဲဝင်ရောက်ချိန်ဟာလည်း လာမယ့် ၂၀၂၀ ပြည့်နှစ် မေလနဲ့ ဇွန်လပိုင်းလောက်မှာပဲ ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena