[Unicode]
Xiaomi Mi Band 4 ဟာ ဈေးချိုပြီး အလန်းစား လုပ်ဆောင်ချက်တွေပါတဲ့အတွက် လူကြိုက်အရမ်းများပါတယ်။ ဒါ့အပြင် ကမာ္ဘအ၀န်းမှာ ရောင်းပေးတဲ့အတွက် ရောင်းအား အရမ်းလန်းပါတယ်။ အဲဒါကြောင့်ပဲ Xiaomi ဟာ ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက်အတွင်းမှာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာလောကမှာ အောင်ပန်းဆင်နိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာလည်း ဒီစံချိန်ကို ဆက်ထိန်းထားနိုင်မယ်ထင်ပါတယ်။
အခုတော့ နောက်ထုတ်မယ့် Mi Band 5 ရဲ့ သတင်းအချက်အလက်တွေထွက်ပေါ်လာပြီး ၁.၂ လက်မ မျက်နှာပြင်ပါလာမယ်လို့ သိရပါတယ်။ Global Version မှာ NFC ထည့်သွင်းထားနိုင်ပါတယ်။ မော်ဒယ် အသစ်မှာ Google Pay Support အပါအ၀င် ငွေပေးချေမှုစနစ်တွေ ပိုမို ပါဝင်လာနိုင်ပါတယ်။ Mi Band 4 မှာတော့ Xiaomi ရဲ့ Mi Pay ၁ ခုကိုပဲ သုံးလို့ရပါတယ်။ Mi Band 5 မှာ ရွေးချယ်စရာတွေ ပိုများလာမှာပါ။
Mi Band 5 ကို ယွမ္ ၁၇၉ နဲ့ တရုတ်မှာ ‌ေရာင်းချနိုင်ပြီး မြန်မာငွေ ၃၈,၀၀၀ လောက်ကျသင့်နိုင်ပါတယ်။ Global Version က ဒီထက် ပိုဈေးများနိုင်ပါတယ်။ Xiaomi ရဲ့ ကုမ္ပဏီခွဲ Huami က Mi Band 5 ကို စတင်ဖန်တီးနေပြီဆိုတာ အတည်ပြုထားပြီး တရုတ်မှာ ဇွန်လအတွင်း ကြေညာနိုင်ပါတယ်။
Ref : gsmarena
[Zawgyi]
Xiaomi Mi Band 5 မှာ ၁.၂ လက်မ မျက်နှာပြင် ပါလာနိုင်
Ref : gsmarena