Xiaomi ရဲ့ Mi Band Series ဟာ လက်ရှိအချိန်အထိ အအောင်မြင်ဆုံး Fitness Tracker Band တွေလို့ ပြောနိုင်ပါတယ်။ Xiaomi အနေနဲ့ နောက်ဆုံး Mi Band 5 ကို မနှစ်တုန်းက မိတ်ဆက်ခဲ့ပြီး OLED Display အပြင် SpO2 Sensor တွေပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ အသစ်မိတ်ဆက်လာဖို့ရှိနေတဲ့ Mi Band 6 Fitness Tracker နဲ့ သက်ဆိုင်တဲ့သတင်းတွေပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ သတင်းအရ Mi Band 6 မှာ Built-in GPS Sensor ၊ Blood Oxygen Level ကို တိုင်းတာနိုင်တဲ့ SpO2 Sensor အပြင် Alexa Assistant Support တွေပါ ပါဝင်လာမယ်လို့ သိရပါတယ်။

ယခုသတင်းကိုတော့ XDA Developers Forum ကနေ တစ်ဆင့် Magical Unicorn နာမည်နဲ့ Code-digger တစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး Zepp App ကနေတစ်ဆင့်သိရှိခဲ့တာဖြစ်ပါတယ်။ Model Number အနေနဲ့ကတော့ China Version အနေနဲ့ XMSH16HM နဲ့ Global Version ကတော့ Sport Version အနေနဲ့ XMSH16HM ဆိုပြီး ၂ မျိုး မိတ်ဆက်လာမှာဖြစ်ပါတယ်။

Built-in GPS Sensor ပါဝင်လာတဲ့အတွက် Mi Band 6 အနေနဲ့ သာမန် Smartwatch တွေထက်တောင် ပိုပြီးစွမ်းဆောင်နိုင်တယ်လို့ ပြောနိုင်ပြီး Workout Exercise Mode လည်း ၁၉ မျိုးအထိ ပါဝင်လာမှာဖြစ်ပါတယ်။ AI ပိုင်းအနေနဲ့ Amazon Alexa ကို Support ပေးလာမယ်ဆိုပေမယ့် Google Assistant Support တော့ ပါဝင်မှာမဟုတ်သေးပါဘူး။

ဘာပဲဖြစ်ဖြစ် Mi Band 6 ဟာ လာမယ့်လပိုင်းအတွင်းမှာ မိတ်ဆက်လာဖို့ရှိနေပြီးတော့ Design ပိုင်းအရတော့ Mi Band 5 နဲ့ ဆင်တူမယ်လို့ ယူဆရပါတယ်။

Ref – 9to5Google