Zawgyi

Xiaomi ရဲ႕ Camera ဦးစားေပးစမတ္ဖုန္းတစ္ခုျဖစ္တဲ့ Mi CC9 စမတ္ဖုန္းဟာ ၿပီးခဲ့ ဇူလိုင္လတုန္းက မိတ္ဆက္ထားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ အဆိုပါ Mi CC9 စမတ္ဖုန္းက Android 10 ကို အေျခခံထားတဲ့ MIUI 11 ကို Update လုပ္ႏိုင္ပါၿပီ။

အခု Mi CC9 ဖုန္းအတြက္ Android 10 Update ဟာ Beta Release အေနနဲ႔ပဲ ထြက္ရွိလာတာ ျဖစ္ပါတယ္။ အဲ့ဒီအတြက္ ေလာေလာဆယ္မွာ Android 10 ကို အေျခခံထားတဲ့ MIUI 11 ကို သုံးခ်င္တယ္ဆိုရင္ ေနာက္ဆုံး Update ျဖစ္တဲ့ MIUI 11 9.11.12 Update ROM ကို Download ျပဳလုပ္ဖို႔လိုအပ္မွာပါ။ File Size အေနနဲ႔ကေတာ့ 2.3GB ဝန္းက်င္ရွိမယ္လို႔ သိရပါတယ္။

Xiaomi Mi CC9 စမတ္ဖုန္းဟာ Camera အေနနဲ႔ 48MP Quad Camera Setup ကို အသုံးျပဳထားတဲ့အျပင္ ႐ုပ္ထြက္ေတာ္ေတာ္ေလးကို ေကာင္းတဲ့ 32MP Selfie Camera ေတြကို တပ္ဆင္ထားတဲ့ စမတ္ဖုန္းတစ္လုံးျဖစ္ပါတယ္။ ဒါေပမယ့္ Processor ပိုင္းမွာေတာ့ Flagship Level Processor အစား Qualcomm Snapdragon 710 Processor ကိုပဲ အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခု Android 10 ကို ဦးဆုံးအသုံးျပဳခ်င္တယ္ဆိုရင္ Beta ROM ကို Download လုပ္ႏိုင္သလို Stable Version ကလည္း လာမယ့္ ရက္သတၱပတ္အနည္းငယ္အတြင္းမွာ ထြက္ရွိလာႏိုင္တဲ့အတြက္ အရမ္းႀကီး စမ္းသပ္ခ်င္တာမ်ိဳးမရွိဘူးဆိုရင္ ေစာင့္ဆိုင္းတာက ပိုအဆင္ေျပမွာပါ။ အခုလိုမ်ိဳး Mi CC9 အျပင္ မၾကာေသးခင္တုန္းက မိတ္ဆက္ထားခဲ့တဲ့ MI CC9 Pro ဖုန္းအတြက္လည္း Android 10 Beta ROM ကို လာမယ့္ရက္ပိုင္းအတြင္းမွာ ရရွိလာဖို႔မ်ားေနပါၿပီ။

Ref – GSM Arena

Unicode

Xiaomi ရဲ့ Camera ဦးစားပေးစမတ်ဖုန်းတစ်ခုဖြစ်တဲ့ Mi CC9 စမတ်ဖုန်းဟာ ပြီးခဲ့ ဇူလိုင်လတုန်းက မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Mi CC9 စမတ်ဖုန်းက Android 10 ကို အခြေခံထားတဲ့ MIUI 11 ကို Update လုပ်နိုင်ပါပြီ။

အခု Mi CC9 ဖုန်းအတွက် Android 10 Update ဟာ Beta Release အနေနဲ့ပဲ ထွက်ရှိလာတာ ဖြစ်ပါတယ်း။ အဲ့ဒီအတွက် လောလောဆယ်မှာ Android 10 ကို အခြေခံထားတဲ့ MIUI 11 ကို သုံးချင်တယ်ဆိုရင် နောက်ဆုံး Update ဖြစ်တဲ့ MIUI 11 9.11.12 Update ROM ကို Download ပြုလုပ်ဖို့လိုအပ်မှာပါ။ File Size အနေနဲ့ကတော့ 2.3GB ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။

Xiaomi Mi CC9 စမတ်ဖုန်းဟာ Camera အနေနဲ့ 48MP Quad Camera Setup ကို အသုံးပြုထားတဲ့အပြင် ရုပ်ထွက်တော်တော်လေးကို ကောင်းတဲ့ 32MP Selfie Camera တွေကို တပ်ဆင်ထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့် Processor ပိုင်းမှာတော့ Flagship Level Processor အစား Qualcomm Snapdragon 710 Processor ကိုပဲ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Android 10 ကို ဦးဆုံးအသုံးပြုချင်တယ်ဆိုရင် Beta ROM ကို Download လုပ်နိုင်သလို Stable Version ကလည်း လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ထွက်ရှိလာနိုင်တဲ့အတွက် အရမ်းကြီး စမ်းသပ်ချင်တာမျိုးမရှိဘူးဆိုရင် စောင့်ဆိုင်းတာက ပိုအဆင်ပြေမှာပါ။ အခုလိုမျိုး Mi CC9 အပြင် မကြာသေးခင်တုန်းက မိတ်ဆက်ထားခဲ့တဲ့ MI CC9 Pro ဖုန်းအတွက်လည်း Android 10 Beta ROM ကို လာမယ့်ရက်ပိုင်းအတွင်းမှာ ရရှိလာဖို့များနေပါပြီ။

Ref – GSM Arena