[Zawgyi]





Ref : playfuldroid

[Unicode]

Xiaomi က Mi CC9 အတှကျ Star Diamond Case ကို ကွညော

Xiaomi Mi CC9, Mi CC9e နဲ့ Mi CC9e Meitu Custom Edition တို့ကို တရုတ်မှာ ပြီးခဲ့တဲ့လ အစောပိုင်းက ကြေညာခဲ့ပါတယ်။ Mi CC9 အတွက် အဖြူ၊ အပြာနဲ့ အညိုရင့်ရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Xiaomi က Mi CC9 အတွက် Star Diamond Case ကို ကြေညာလိုက်ပါတယ်။

Star Diamond Case ရဲ့ အနောက်ဘက်မှာ Diamond Pattern တွေနဲ့ အလှဆင်ထားပြီး ဒီဇိုင်းက အရမ်းလန်းပါတယ်။ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး မိန်းကလေးငယ်တွေအတွက် သင့်တော်ပါတယ်။ Xiaomi Mall ကနေ ယွမ် ၄၉၉ နဲ့ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၁၀၀,၀၀၀ စွန်းစွန်းလောက် ရှိပါတယ်။

Xiaomi Mi CC9 မှာ ၆.၃၉ လက်မ AMOLED Display (1080 x 2340) ပါပါတယ်။ UD Fingerprint Scanner ထည့်သွင်းထားပါတယ်။ Snapdragon 710 ၊ Android Pie အခြေပြု MIUI 10 ၊ 18W Fast Charging ပါတဲ့ 4030mAh Battery ၊ NFC ၊ IR Port နဲ့ နားကြပ်ပေါက်တွေ ပါပါတယ်။ Waterdrop Notch တပ်ဆင်ထားပါတယ်။

6GB RAM ထည့်သွင်းထားပြီး တန်ဖိုးအမြင့်ဆုံး Model မှာ 128GB Storage ပါပါတယ်။ အနောက်ဘက်မှာ 48+8+2MP Triple Camera နဲ့ အရှေ့ဘက်မှာ 32MP Camera တွေ ထည့်သွင်းထားပါတယ်။ 64GB နဲ့ 128GB Model ကို ယွမ် ၁,၇၉၉ နဲ့ ၁,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၃၉၀၀၀၀ နဲ့ ၄၃၀၀၀၀ လောက်ကျသင့်ပါတယ်။

Ref : playfuldroid