Zawgyi

Xiaomi Mi 9 Lite ဆုိတဲ့ အမည္ဟာ အခုႏွစ္အေစာပုိင္းထဲက ထြက္ေပၚလာခဲ့ၿပီး ၾသဂုတ္လမွာေတာ့ Google Certification ကိုရယူႏုိင္ခဲ့ပါတယ္။ ယေန႔မွာေတာ့ သူ႕ရဲ႕ထြက္ရွိလာမယ့္ ရက္စြဲကိုပါ သိရွိခြင့္ရခဲ့ပါၿပီ။

Xiaomi ကုမၸဏီဟာ သူ႕ရဲ႕ စပိန္ဘာသာနဲ႔ Facebook Page ေပၚကို Mi 9 Lite ဆုိတဲ့အမည္နဲ႔ ပိုစတာတစ္ခုကိုတင္လာခဲ့ၿပီး ထြက္ရွိရက္အေနနဲ႔ စက္တင္ဘာ ၁၆ လို႔ေဖာ္ျပထားတာကိုလည္း ေတြ႕ရတဲ့အတြက္ ဥေရာပေစ်းကြက္ကို ဝင္ေရာက္လာမယ့္ရက္စြဲကို အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။

Xiaomi Mi 9 Lite ဟာ သိပ္မၾကာခင္က တရုတ္ျပည္တြင္းမွာ မိတ္ဆက္ခဲ့တဲ့ Mi CC9 ကိုပဲ နာမည္ေျပာင္းလဲၿပီး ထြက္ရွိလာမယ္လို႔ သတင္းထြက္ထားတာေၾကာင့္ ဒီဖုန္းမွာ Snapdragon 710 ပရုိဆက္ဆာ၊ 4,030mAh ဘကၳရီ၊ 32MP Selfie ကင္မရာနဲ႔ 48MP ကင္မရာ ဦးေဆာင္တဲ့ Triple-camera တုိ႔ကို ျမင္ရမွာပါ။

Mi CC9 ကို တရုတ္ျပည္တြင္းမွာေတာ့ ယြမ္ ၁၇၉၉ (ျမန္မာေငြ သုံးသိန္းကုိးေသာင္းနီးပါး) နဲ႔ မိတ္ဆက္ထားၿပီး ဥေရာပေစ်းကြက္မွာ ေဒၚလာ ၂၅၀ – ၃၀၀ ၾကားေလာက္ က်သင့္မယ္လုိ႔ ယူဆရပါတယ္။ Xiaomi ဟာ Mi CC9 စီးရီး ဟန္းဆက္သုံးခုကို ဇူလိုင္လက မိတ္ဆက္ခဲ့ၿပီး ဓါတ္ပုံရုိက္ဖုိ႔ အဓိကထား အသုံးျပဳမယ့္ လူငယ္ပုိင္း ပရိသတ္ကို ပစ္မွတ္ထားတဲ့ စမတ္ဖုန္းေတြျဖစ္ပါတယ္။

Ref – Android Authority

Unicode

Xiaomi Mi 9 Lite ဆိုတဲ့ အမည်ဟာ အခုနှစ်အစောပိုင်းထဲက ထွက်ပေါ်လာခဲ့ပြီး သြဂုတ်လမှာတော့ Google Certification ကိုရယူနိုင်ခဲ့ပါတယ်။ ယနေ့မှာတော့ သူ့ရဲ့ထွက်ရှိလာမယ့် ရက်စွဲကိုပါ သိရှိခွင့်ရခဲ့ပါပြီ။

Xiaomi ကုမ္ပဏီဟာ သူ့ရဲ့ စပိန်ဘာသာနဲ့ Facebook Page ပေါ်ကို Mi 9 Lite ဆိုတဲ့အမည်နဲ့ ပိုစတာတစ်ခုကိုတင်လာခဲ့ပြီး ထွက်ရှိရက်အနေနဲ့ စက်တင်ဘာ ၁၆ လို့ဖော်ပြထားတာကိုလည်း တွေ့ရတဲ့အတွက် ဥရောပဈေးကွက်ကို ဝင်ရောက်လာမယ့်ရက်စွဲကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Xiaomi Mi 9 Lite ဟာ သိပ်မကြာခင်က တရုတ်ပြည်တွင်းမှာ မိတ်ဆက်ခဲ့တဲ့ Mi CC9 ကိုပဲ နာမည်ပြောင်းလဲပြီး ထွက်ရှိလာမယ်လို့ သတင်းထွက်ထားတာကြောင့် ဒီဖုန်းမှာ Snapdragon 710 ပရိုဆက်ဆာ၊ 4,030mAh ဘက္ထရီ၊ 32MP Selfie ကင်မရာနဲ့ 48MP ကင်မရာ ဦးဆောင်တဲ့ Triple-camera တို့ကို မြင်ရမှာပါ။

Mi CC9 ကို တရုတ်ပြည်တွင်းမှာတော့ ယွမ် ၁၇၉၉ (မြန်မာငွေ သုံးသိန်းကိုးသောင်းနီးပါး) နဲ့ မိတ်ဆက်ထားပြီး ဥရောပဈေးကွက်မှာ ဒေါ်လာ ၂၅၀ – ၃၀၀ ကြားလောက် ကျသင့်မယ်လို့ ယူဆရပါတယ်။ Xiaomi ဟာ Mi CC9 စီးရီး ဟန်းဆက်သုံးခုကို ဇူလိုင်လက မိတ်ဆက်ခဲ့ပြီး ဓါတ်ပုံရိုက်ဖို့ အဓိကထား အသုံးပြုမယ့် လူငယ်ပိုင်း ပရိသတ်ကို ပစ်မှတ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်ပါတယ်။

Ref – Android Authority