[Zawgyi]

Xiaomi က  တရုတ္မွာ ေနာက္မ်ိဳးဆက္ လွ်င္ျမန္စြာ အားသြင္းနည္းပညာ ျဖစ္တဲ့ Mi Charge Turbo ကို ဒီလ ၉ ရက္ေန႔မွာ ေၾကညာမယ္လို႔ ေျပာပါတယ္။ 5G ေခတ္သစ္အတြက္ လွ်င္ျမန္စြာ အားသြင္းနည္းပညာ ျဖစ္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Xiaomi က Mi 9 အပါအ၀င္ သူ႔ရဲ႕ စြမ္းရည္ျမင့္ စမတ္ဖုန္းေတြမွာ 27W Fast Charging ထည့္ေပးထားပါတယ္။ ကမာၻ႕ ပထမဆံုး 20W Wireless Fast Charging ကို ပထမဆံုး မိတ္ဆက္ခဲ့တာက Xiaomi ျဖစ္ၿပီး ေဖေဖာ္၀ါရီမွာ Mi 9 နဲ႔အတူ ပြဲထုတ္ခဲ့ပါတယ္။

ဒီႏွစ္ အေစာပိုင္းက Xiaomi အႀကိဳျပသခဲ့တဲ့ 100W Super Charge Turbo ကို ဒီလ ၉ ရက္ေန႔မွာ မိတ္ဆက္မွာလားဆိုတာေတာ့ မသိရေသးပါဘူး။ အဲဒီ နည္းပညာဟာ 4,000mAh Battery ကို ၁၇ မိနစ္ထဲနဲ႔ အားအျပည့္သြင္းေပးႏုိင္ပါတယ္။ လာမယ့္ရက္ပိုင္းအတြင္း မိတ္ဆက္မယ့္ နည္းပညာဟာ  အနည္းဆံုး 30W ရွိမွာ ျဖစ္ၿပီး ဒါဟာလည္း ကမာၻ႕ ပထမဆံုး စံခ်ိန္တင္မယ္လို႔ အခ်ိဳ႕သတင္းေတြက ေျပာပါတယ္။

ဒီႏွစ္ အေစာပိုင္းက  Xiaomi ဟာ အသံတိတ္ဆိတ္တဲ့ ပန္ကာကို သံုးၿပီး အပူေလွ်ာ့ခ်ေပးတဲ့ နည္းပညာ ပါတဲ့ 20W Charging Pad အသစ္ကို မိတ္ဆက္ခဲ့ပါတယ္။ ဒီႏွစ္ေႏွာင္းပိုင္းမွာ အဲဒီ Wireless Fast Charging နည္းပညာပါတဲ့ Mi Mix 4 ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ လာမယ့္ တနလၤာေန႔မွာ Xiaomi ရဲ႕ Mi Charge Turbo နည္းပညာအေၾကာင္းကို သိရေတာ့မွာ ျဖစ္ပါတယ္။

Ref : fonearena

[Unicode]

Xiaomi က ဒီလ ၉ ရက်နေ့မှာ Mi Charge Turbo ကို ကြေညာမည်

Xiaomi က တရုတ်မှာ နောက်မျိုးဆက် လျှင်မြန်စွာ အားသွင်းနည်းပညာ ဖြစ်တဲ့ Mi Charge Turbo ကို ဒီလ ၉ ရက်နေ့မှာ ကြေညာမယ်လို့ ပြောပါတယ်။ 5G ခေတ်သစ်အတွက် လျှင်မြန်စွာ အားသွင်းနည်းပညာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Xiaomi က Mi 9 အပါအဝင် သူ့ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ 27W Fast Charging ထည့်ပေးထားပါတယ်။ ကမ္ဘာ့ ပထမဆုံး 20W Wireless Fast Charging ကို ပထမဆုံး မိတ်ဆက်ခဲ့တာက Xiaomi ဖြစ်ပြီး ဖေဖော်ဝါရီမှာ Mi 9 နဲ့အတူ ပွဲထုတ်ခဲ့ပါတယ်။

ဒီနှစ် အစောပိုင်းက Xiaomi အကြိုပြသခဲ့တဲ့ 100W Super Charge Turbo ကို ဒီလ ၉ ရက်နေ့မှာ မိတ်ဆက်မှာလားဆိုတာတော့ မသိရသေးပါဘူး။ အဲဒီ နည်းပညာဟာ 4,000mAh Battery ကို ၁၇ မိနစ်ထဲနဲ့ အားအပြည့်သွင်းပေးနိုင်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း မိတ်ဆက်မယ့် နည်းပညာဟာ အနည်းဆုံး 30W ရှိမှာ ဖြစ်ပြီး ဒါဟာလည်း ကမ္ဘာ့ ပထမဆုံး စံချိန်တင်မယ်လို့ အချို့သတင်းတွေက ပြောပါတယ်။

ဒီနှစ် အစောပိုင်းက Xiaomi ဟာ အသံတိတ်ဆိတ်တဲ့ ပန်ကာကို သုံးပြီး အပူလျှော့ချပေးတဲ့ နည်းပညာ ပါတဲ့ 20W Charging Pad အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ အဲဒီ Wireless Fast Charging နည်းပညာပါတဲ့ Mi Mix 4 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့မှာ Xiaomi ရဲ့ Mi Charge Turbo နည်းပညာအကြောင်းကို သိရတော့မှာ ဖြစ်ပါတယ်။

Ref : fonearena