[Zawgyi]

Xiaomi ဟာ ၿပီးခဲ့တဲ့ရက္တုန္းက အေမရိကန္ႏိုင္ငံ New York City မွာ ပထမဆုံး Mi Fan Event ကို က်င္းပျပဳလုပ္ခဲ့ပါတယ္။ Xiaomi ရဲ႕ ႏိုင္ငံတကာေဈးကြက္ထိုးေဖာက္ျခင္းဟာ တျဖည္းျဖည္းနဲ႔ အေမရိကန္ေဈးကြက္ထဲကိုလည္း ဝင္ေရာက္လာၿပီလို႔ ဆိုရမွာပါ။

ႏွစ္ရက္တိုင္က်င္းပတဲ့ ဒီပြဲကို Mi Fan ၇၀၀ ေလာက္က တက္ေရာက္ခဲ့ၾကသလို ကုမၸဏီကလည္း ကမာၻအႏွံ႔ကို တင္ပို႔ေရာင္းခ်မယ့္ ထုတ္ကုန္အမ်ိဳးမ်ိဳးကို မိတ္ဆက္ေပးခဲ့ပါတယ္။ ဒီဇင္ဘာ ၈ ရက္မွာေတာ့ Xiaomi က Mi MIX 3, Mi A2, Xiaomi Mi 8, နဲ႔ POCOPHONE F1 စတဲ့ စမတ္ဖုန္းေတြကို ျပခဲ့တယ္လို႔သိရပါတယ္။

ၿပီးခဲ့တဲ့ ရက္တုန္းကေတာ့ Mi Home App နဲ႔ အျခားလိုက္ဖက္တဲ့ ပစၥည္းေတြျဖစ္တဲ့ Smart bulbs, smart plugs, lamps, နဲ႔ laser projector ေတြအျပင္ Xiaomi ရရဲ႕ loT platform နဲ႔ ခ်ိတ္ဆက္ေနတဲ့ ကင္မရာ၊ ကစားစရာ အပါအဝင္ Ecosystem ထုတ္ကုန္ေပါင္း ၅၀ ေက်ာ္ကိုလည္း ျပသခဲ့ေၾကာင္း သိရပါတယ္။

Xiaomi ဟာ Walmart မွာ သူ႔ရဲ႕ ထုတ္ကုန္ေတြကို အေစာကတည္းက ေရာင္းခ်ေနတာျဖစ္ေပမယ့္ Mi Wireless Charging Pad, Mi Robot Builder Rober, Mi Home Security Camera စတဲ့ ထုတ္ကုန္သုံးမ်ိဳးကေတာ့ လုံးဝကို အသစ္ျဖစ္ၿပီး ဒီပြဲမွာ ျပသၿပီးမွ ေရာင္းခ်မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ကုန္သြယ္ေရးစစ္ျဖစ္ပြားေနၿပီး၊ မၾကာေသးမီကမွ အျခား တ႐ုတ္ကုမၸဏီေတြျဖစ္တဲ့ Huawei နဲ႔ ZTE တို႔ကို ပိတ္ပင္လိုက္တာေၾကာင့္ Xiaomi ရဲ႕ အေမရိကန္ေဈးကြက္ကို ထိုးေဖာက္မႈက ဘယ္လိုရလဒ္ေတြကို ဆက္ျဖစ္လာေစမလဲဆိုတာ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။ Xiaomi ရဲ႕ မဟာဗ်ဴဟာကေတာ့ အေမရိကန္ေဈးကြက္ကို သူ႔ရဲ႕ စမတ္ဖုန္းေတြ မျဖန႔္ခင္မွာ Lifestyle နဲ႔ Home product ေတြကို အရင္ မိတ္ဆက္ေပးသြားမွာပဲ ျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

Xiaomi ဟာ ပြီးခဲ့တဲ့ရက်တုန်းက အမေရိကန်နိုင်ငံ New York City မှာ ပထမဆုံး Mi Fan Event ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ Xiaomi ရဲ့ နိုင်ငံတကာဈေးကွက်ထိုးဖောက်ခြင်းဟာ တဖြည်းဖြည်းနဲ့ အမေရိကန်ဈေးကွက်ထဲကိုလည်း ဝင်ရောက်လာပြီလို့ ဆိုရမှာပါ။

နှစ်ရက်တိုင်ကျင်းပတဲ့ ဒီပွဲကို Mi Fan ၇၀၀ လောက်က တက်ရောက်ခဲ့ကြသလို ကုမ္ပဏီကလည်း ကမ္ဘာအနှံ့ကို တင်ပို့ရောင်းချမယ့် ထုတ်ကုန်အမျိုးမျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဇင်ဘာ ၈ ရက်မှာတော့ Xiaomi က Mi MIX 3, Mi A2, Xiaomi Mi 8, နဲ့ POCOPHONE F1 စတဲ့ စမတ်ဖုန်းတွေကို ပြခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တုန်းကတော့ Mi Home App နဲ့ အခြားလိုက်ဖက်တဲ့ ပစ္စည်းတွေဖြစ်တဲ့ Smart bulbs, smart plugs, lamps, နဲ့ laser projector တွေအပြင် Xiaomi ရရဲ့ loT platform နဲ့ ချိတ်ဆက်နေတဲ့ ကင်မရာ၊ ကစားစရာ အပါအဝင် Ecosystem ထုတ်ကုန်ပေါင်း ၅၀ ကျော်ကိုလည်း ပြသခဲ့ကြောင်း သိရပါတယ်။

Xiaomi ဟာ Walmart မှာ သူ့ရဲ့ ထုတ်ကုန်တွေကို အစောကတည်းက ရောင်းချနေတာဖြစ်ပေမယ့် Mi Wireless Charging Pad, Mi Robot Builder Rober, Mi Home Security Camera စတဲ့ ထုတ်ကုန်သုံးမျိုးကတော့ လုံးဝကို အသစ်ဖြစ်ပြီး ဒီပွဲမှာ ပြသပြီးမှ ရောင်းချမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကုန်သွယ်ရေးစစ်ဖြစ်ပွားနေပြီး၊ မကြာသေးမီကမှ အခြား တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Huawei နဲ့ ZTE တို့ကို ပိတ်ပင်လိုက်တာကြောင့် Xiaomi ရဲ့ အမေရိကန်ဈေးကွက်ကို ထိုးဖောက်မှုက ဘယ်လိုရလဒ်တွေကို ဆက်ဖြစ်လာစေမလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ Xiaomi ရဲ့ မဟာဗျူဟာကတော့ အမေရိကန်ဈေးကွက်ကို သူ့ရဲ့ စမတ်ဖုန်းတွေ မဖြန့်ခင်မှာ Lifestyle နဲ့ Home product တွေကို အရင် မိတ်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Ref: GSMarena