Xiaomi က Devices အဟောင်းတွေအတွက် Android 10 အခြေပြု MIUI 11 ကို ဆက်လက်ဖြန့်ချိပေးနေပါတယ်။ အခုတော့ ၂၀၁၈ ခုနှစ်ထုတ် Xiaomi Mi Max 3 နဲ့ Xiaomi Mi 8 Lite တို့အလှည့်ရောက်လာပါပြီ။ တရုတ်က အဲဒီ စမတ်ဖုန်းတွေမှာ Android 10 အခြေပြု MIUI 11 ရထားပြီးပြီဖြစ်ပြီး နိုင်ငံတကာအတွက် အခု စတင်ဖြန့်ချိပေးလိုက်ပါတယ်။

Xiaomi Mi Max 3 Package ဟာ v.11.0.1.0 QEDMIXM ဖြစ်ပြီး OTA ကနေ ထည့်သွင်းပေးနေပါတယ်။ OTA က ဖြန့်ချိတာကို မစောင့်နိုင်ရင် Xiaomi Community Website ကို သွားပြီး ရယူနိုင်ပါတယ်။ ဖိုင်အရွယ်အစားက 1.8GB ဖြစ်ပြီး Color Scheme အသစ်၊ System-wide Dark Mode နဲ့ Security Patches အသစ်တွေ ထည့်သွင်းထားပါတယ်။

Xiaomi Mi 8 Lite Package ဟာ v.11.0.1QDTMIXM ဖြစ်ပြီး OTA ကနေ ရယူနိုင်ပါတယ်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွက်ပဲ Security Patch ပါလာသေးပြီး Update ရဲ့ အရွယ်အစားဟာ 2.4GB ရှိပါတယ်။ တရုတ်က ဝယ်ထားတဲ့ အလုံးဆိုရင် ဒါမှမဟုတ် Developer Mode မှာဆိုရင် Update မတင်ခင် အရေးကြီး ဒေတာအားလုံးကို Back Up လုပ်ထားသင့်ပါတယ်။ Update လုပ်လိုက်ရင် ဒေတာအားလုံးကို ဖျက်ဆီးမှာပါ။

Ref : gsmarena