[Zawgyi]

စပိန္ႏုိင္ငံ ဘာစီလုိနာၿမိဳ႕မွာ က်င္းပခဲ့တဲ့ မိတ္ဆက္ပြဲမွာေတာ့ Xiaomi ဟာ သူတုိ႔ကတိေပးထားတဲ့အတုိင္း 5G ေထာက္ပံ့မႈနဲ႔ ခ်စ္ပ္ဆက္အသစ္ ပါဝင္လာတဲ့ Mi Mix 3 စမတ္ဖုန္းကို မိတ္ဆက္လာခဲ့ပါၿပီ။ Xiaomi ရဲ႕ ထုတ္ကုန္ခန္႔ခြဲေရးဒါရုိက္တာ Donovan Sung မွ စမတ္ဖုန္းရဲ႕ ဗားရွင္းအသစ္ကို မိတ္ဆက္ေပးခဲ့ကာ Xiaomi Mi Mix 3 5G လို႔ ေခၚတြင္မွာျဖစ္ပါတယ္။

Mi Mix 3 5G ဗားရွင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္အသစ္နဲ႔အတူ Qualcomm ရဲ႕ Snapdragon X50 Model ကိုပါ ထပ္မံတြဲဖက္ထားပါေသးတယ္။ Qualcomm ရဲ႕ဥကၠဌျဖစ္သူ Cristiano Amon ေျပာစကား အရေတာ့ 5G နက္ဝပ္ခ်ိတ္ဆက္မႈဟာ ဂရပ္ဖက္စြမ္းရည္ပုိျမန္ဖို႔ မဟုတ္ဘဲ Xiaomi သုံးစြဲသူေတြအတြက္ သုံးစြဲမႈရသအသစ္ကို ေပးစြမ္းႏုိင္မယ္လို႔ ဆုိပါတယ္။

ခ်စ္ပ္ဆက္နဲ႔ Modem အသစ္တုိ႔ၿပီးတဲ့ေနာက္မွာေတာ့ ဒီဖုန္းဟာ ၿပီးခဲ့တဲ့ ေအာက္တုိဘာလတုန္းက တရုတ္မွာ မိတ္ဆက္ခဲ့တဲ့ Mi Mix 3 စမတ္ဖုန္းအတုိင္းပါပဲ၊ 6.39” လက္မအရြယ္ AMOLED မ်က္ႏွာျပင္၊ Slider လုပ္ေဆာင္မႈ၊ ေၾကြသားကုိယ္ထည္၊ 12MP + 12MP Dual ကင္မရာႏွစ္လုံးနဲ႔ 24MP + 2MP Depth Sensor ပါတဲ့ ဆယ္ဖီကင္မရာေတြ ပါဝင္ပါတယ္။

Mi Mix 3 5G စမတ္ဖုန္းဟာ ဘာပဲျဖစ္ျဖစ္ CPU နဲ႔ GPU ပါဝင္တဲ့ ခ်စ္ပ္ဆက္အသစ္ပါဝင္တာေၾကာင့္ ေစ်းႏႈန္းကေတာ့ အနည္းငယ္ပိုျမင့္မွာပါ။ မန္မုိရီ 6 / 64 GB အတြက္ မူလေစ်းႏႈန္း ယူရုိ ၅၀၀ အစား ယူရုိ ၅၉၉ (ျမန္မာေငြ ဆယ္သိန္းဝန္းက်င္) ျဖစ္ၿပီး ကာလာကေတာ့ Onyx Black သုိ႔မဟုတ္ Sapphire Blue ႏွစ္မ်ဳိး ေရြးခ်ယ္ႏုိင္ပါတယ္။

Donovan Sung မွ Mi Mix 3 5G စမတ္ဖုန္းဟာ Mi.com ဝက္ဆုိက္မွ လာမယ့္ေမလမွာ ရရွိႏုိင္မွာ ျဖစ္တယ္လို႔ ေၾကျငာခဲ့ပါတယ္။

Ref – GSM Arena

[Unicode]

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပခဲ့တဲ့ မိတ်ဆက်ပွဲမှာတော့ Xiaomi ဟာ သူတို့ကတိပေးထားတဲ့အတိုင်း 5G ထောက်ပံ့မှုနဲ့ ချစ်ပ်ဆက်အသစ် ပါဝင်လာတဲ့ Mi Mix 3 စမတ်ဖုန်းကို မိတ်ဆက်လာခဲ့ပါပြီ။ Xiaomi ရဲ့ ထုတ်ကုန်ခန့်ခွဲရေးဒါရိုက်တာ Donovan Sung မှ စမတ်ဖုန်းရဲ့ ဗားရှင်းအသစ်ကို မိတ်ဆက်ပေးခဲ့ကာ Xiaomi Mi Mix 3 5G လို့ ခေါ်တွင်မှာဖြစ်ပါတယ်။

Mi Mix 3 5G ဗားရှင်းမှာ Snapdragon 855 ချစ်ပ်ဆက်အသစ်နဲ့အတူ Qualcomm ရဲ့ Snapdragon X50 Model ကိုပါ ထပ်မံတွဲဖက်ထားပါသေးတယ်။ Qualcomm ရဲ့ဥက္ကဌဖြစ်သူ Cristiano Amon ပြောစကား အရတော့ 5G နက်ဝပ်ချိတ်ဆက်မှုဟာ ဂရပ်ဖက်စွမ်းရည်ပိုမြန်ဖို့ မဟုတ်ဘဲ Xiaomi သုံးစွဲသူတွေအတွက် သုံးစွဲမှုရသအသစ်ကို ပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။

ချစ်ပ်ဆက်နဲ့ Modem အသစ်တို့ပြီးတဲ့နောက်မှာတော့ ဒီဖုန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ Mi Mix 3 စမတ်ဖုန်းအတိုင်းပါပဲ၊ 6.39” လက်မအရွယ် AMOLED မျက်နှာပြင်၊ Slider လုပ်ဆောင်မှု၊ ကြွေသားကိုယ်ထည်၊ 12MP + 12MP Dual ကင်မရာနှစ်လုံးနဲ့ 24MP + 2MP Depth Sensor ပါတဲ့ ဆယ်ဖီကင်မရာတွေ ပါဝင်ပါတယ်။

Mi Mix 3 5G စမတ်ဖုန်းဟာ ဘာပဲဖြစ်ဖြစ် CPU နဲ့ GPU ပါဝင်တဲ့ ချစ်ပ်ဆက်အသစ်ပါဝင်တာကြောင့် ဈေးနှုန်းကတော့ အနည်းငယ်ပိုမြင့်မှာပါ။ မန်မိုရီ 6 / 64 GB အတွက် မူလဈေးနှုန်း ယူရို ၅၀၀ အစား ယူရို ၅၉၉ (မြန်မာငွေ ဆယ်သိန်းဝန်းကျင်) ဖြစ်ပြီး ကာလာကတော့ Onyx Black သို့မဟုတ် Sapphire Blue နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။

Donovan Sung မှ Mi Mix 3 5G စမတ်ဖုန်းဟာ Mi.com ဝက်ဆိုက်မှ လာမယ့်မေလမှာ ရရှိနိုင်မှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

Ref – GSM Arena