Xiaomi Mi Mix Series စမတ်ဖုန်းတွေဟာ Flagship Series စမတ်ဖုန်းတွေဖြစ်ပေမယ့် တခြားသော Xiaomi Mi Series နဲ့ Redmi Series Flagship ဖုန်းတွေထက် Software Update ပိုင်းမှာ နောက်ကျနေတယ်လို့တောင် ပြောလို့ရပါတယ်။ အခုတော့ Xiaomi ကနေ Global စျေးကွက်မှာရောင်းချနေတဲ့ Mi Mix 3 အတွက် MIUI 12 Stable Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

ယခု Xiaomi Mi Mix 3 အတွက် MIUI 12 Global Update ဟာ Version Number အနေနဲ့ “V12.0.1.0.QEEMIXM” ဆိုပြီး ထွက်ရှိလာမှာဖြစ်ပြီး ပြောင်းလဲမှုတွေအများအပြားပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ Xiaomi ရဲ့ MIUI 12 မှာ စတင်ပါဝင်လာတဲ့ Control Center ဖြစ်ပြီး ယခင်အသုံးပြုနေကျ Notification Bar ကနေ ကွဲပြားသွားမှာပါ။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Dark Mode ပိုင်းမှာ Wallpaper တွေအတွက် Update ရရှိလာမှာဖြစ်သလို Optimization တွေလည်း အများအပြားပါဝင်လာမယ်လို့ သိရပါတယ်။ Android Security Patch ကိုလည်း August 2020 အထိ Update ပြုလုပ်ပေးခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi Mi Mix 3 Global Version ကို အသုံးပြုနေတဲ့သူတွေအတွက်ကတော့ အခု Update က တကယ်ကိုအသုံးပြုရတာ ပြောင်းလဲသွားစေမှာပါ။

Ref – GSM Arena