[Zawgyi]

ေရွာင္မီရဲ႕ ထုတ္ကုန္ ဒါရုိက္တာ Wang Teng က Mi Mix 4 မွာ ဆမ္ေဆာင္းရဲ႕ 64MP ISOCELL Bright GW1 ထက္ ပိုေကာင္းတဲ့ ကင္မရာတစ္လံုး ပါမယ္လို႔ ၀ီဘိုမွ ကြန္းမန္႔တစ္ခုမွာ ေျပာပါတယ္။ အခုေတာ့ အဲဒီ ကြန္းမန္႔ကို ဖ်က္လိုက္ပါၿပီ။ ဆိုနီက သူ႔ရဲ႕ 64MP Sensor ကို မေၾကညာေသးပါဘူး။ ဒါေပမယ့္ ထုတ္လုပ္ေရာင္းခ်မွာ ေသခ်ာပါတယ္။

ဓါတ္ပံု ဆန္ဆာမ်ားနဲ႔ ပတ္သက္ရင္ ေသခ်ာ မေျပာႏုိင္ပါဘူး။ ပိုႀကီးတဲ့ ဆန္ဆာ သို႔မဟုတ္ အလင္း အာရံုခံမႈ ပိုေကာင္းတဲ့ ဆန္ဆာမ်ား ထြက္လာႏိုင္ပါတယ္။ Resolution တစ္ခုထဲကို ၾကည့္လို႔ မရပါဘူး။ Realme က Samsung GW1 Sensor ပါမယ့္ 64MP Phone တစ္လံုးကို ဖန္တီးေနတယ္လို႔ အတည္ျပဳထားပါတယ္။ Realme နဲ႔ Xiaomi တို႔ဟာ 64MP Phone နယ္ပယ္မွာ ဖိုက္ၾကဦးမွာ ျဖစ္ပါတယ္။

FCC မွာ 48MP Camera ပါတဲ့ Android One Phone တစ္လံုးကို မွတ္ပံုတင္ထားပါတယ္။ သူဟာ Xiaomi Mi A3 ျဖစ္ႏုိင္ပါတယ္။ ထြက္ေနတဲ့ သတင္းမ်ားအရ A3 Model အသစ္မ်ားဟာ Mi CC9 , Mi CC9e မ်ားကို အေျချပဳ ဖန္တီးထားမယ္လို႔ သိရပါတယ္။ Mi A3 နဲ႔ Mi A3 Lite မ်ား ျဖစ္မွာပါ။

ဖုန္းရဲ႕ အေနာက္ဘက္ကို ျပသထားတဲ့ ပံုၾကမ္းအရ ဘယ္ဘက္အေပၚေထာင့္မွာ ကင္မရာ သံုးလံုး ပါၿပီး ဒီဇိုင္းက တူညီေနပါတယ္။ ဖုန္းရဲ႕  ေမာ္ဒယ္နံပါတ္ဟာ M1906F9SH ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းကို TENAA မွာ ဘယ္အခ်ိန္ မွတ္ပံုတင္မလဲ ဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ TENAA မွာ မွတ္ပံုတင္တဲ့ အခါမွာ အေသးစိတ္က်တဲ့ သတင္းအခ်က္အလက္မ်ားကို ပိုသိလာရမွာပါ။

Ref : gsmarena

[Unicode]

Xiaomi Mi Mix 4 မှာ 64MP Camera ပါလာနိုင်

ရှောင်မီရဲ့ ထုတ်ကုန် ဒါရိုက်တာ Wang Teng က Mi Mix 4 မှာ ဆမ်ဆောင်းရဲ့ 64MP ISOCELL Bright GW1 ထက် ပိုကောင်းတဲ့ ကင်မရာတစ်လုံး ပါမယ်လို့ ဝီဘိုမှ ကွန်းမန့်တစ်ခုမှာ ပြောပါတယ်။ အခုတော့ အဲဒီ ကွန်းမန့်ကို ဖျက်လိုက်ပါပြီ။ ဆိုနီက သူ့ရဲ့ 64MP Sensor ကို မကြေညာသေးပါဘူး။ ဒါပေမယ့် ထုတ်လုပ်ရောင်းချမှာ သေချာပါတယ်။

ဓါတ်ပုံ ဆန်ဆာများနဲ့ ပတ်သက်ရင် သေချာ မပြောနိုင်ပါဘူး။ ပိုကြီးတဲ့ ဆန်ဆာ သို့မဟုတ် အလင်း အာရုံခံမှု ပိုကောင်းတဲ့ ဆန်ဆာများ ထွက်လာနိုင်ပါတယ်။ Resolution တစ်ခုထဲကို ကြည့်လို့ မရပါဘူး။ Realme က Samsung GW1 Sensor ပါမယ့် 64MP Phone တစ်လုံးကို ဖန်တီးနေတယ်လို့ အတည်ပြုထားပါတယ်။ Realme နဲ့ Xiaomi တို့ဟာ 64MP Phone နယ်ပယ်မှာ ဖိုက်ကြဦးမှာ ဖြစ်ပါတယ်။

FCC မှာ 48MP Camera ပါတဲ့ Android One Phone တစ်လုံးကို မှတ်ပုံတင်ထားပါတယ်။ သူဟာ Xiaomi Mi A3 ဖြစ်နိုင်ပါတယ်။ ထွက်နေတဲ့ သတင်းများအရ A3 Model အသစ်များဟာ Mi CC9 , Mi CC9e များကို အခြေပြု ဖန်တီးထားမယ်လို့ သိရပါတယ်။ Mi A3 နဲ့ Mi A3 Lite များ ဖြစ်မှာပါ။

ဖုန်းရဲ့ အနောက်ဘက်ကို ပြသထားတဲ့ ပုံကြမ်းအရ ဘယ်ဘက်အပေါ်ထောင့်မှာ ကင်မရာ သုံးလုံး ပါပြီး ဒီဇိုင်းက တူညီနေပါတယ်။ ဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ M1906F9SH ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို TENAA မှာ ဘယ်အချိန် မှတ်ပုံတင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ TENAA မှာ မှတ်ပုံတင်တဲ့ အခါမှာ အသေးစိတ်ကျတဲ့ သတင်းအချက်အလက်များကို ပိုသိလာရမှာပါ။

Ref : gsmarena