Unicode
Xiaomi ကနေ Mi Mix Series စမတ်ဖုန်းတွေအနေနဲ့ Mi Mix 3 ကိုပဲ နောက်ဆုံးထုတ်လုပ်ထားပြီးတော့ လက်ရှိအချိန်မှာ ဝယ်ယူနိုင်ခြင်းမရှိသေးတဲ့ Mi Mix Alpha ကိုပဲ နောက်ဆုံးအနေနဲ့ မိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ အခုတော့ Mi Mix 4 လို့ ယူဆရတဲ့ဖုန်းရဲ့ Leak ဓါတ်ပုံတွေက ပေါက်ကြားလာပြီဖြစ်ပါတယ်။
အခု Mi Mix 4 လို့ ယူဆရတဲ့စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေက အစစ်ဖြစ်လာနိုင်မလားကတော့ မသေချာသေးပေမယ့်လည်း ထူးခြားတဲ့ Feature တစ်ခုကို ထည့်သွင်းထားတာ တွေ့ရပါတယ်။ ဒါကတော့ Selfie Camera အတွက် Notch ၊ Pop-up နဲ့ Hole-punch Display တွေအစား In-Display Selfie Camera ၂ လုံးကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။
Xiaomi က ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက In-Display Dual Camera Design ကို မူပိုင်ခွင့်ရယူခဲ့ပြီး အခု Mi Mix 4 အတွက် ပိုပြီး ဖြစ်နိုင်ခြေများပြားနေပါတယ်။ ဘာပဲဖြစ်ဖြစ် Mi Mix 4 သား In-Display Selfie Camera နဲ့ မိတ်ဆက်လာမယ်ဆိုရင် လက်ရှိစမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ In-Display Camera ကို ထည့်သွင်းနိုင်တဲ့ဖုန်းတစ်လုံးဖြစ်လာမှာပါ။
Xiaomi Mi Mix 4 ဖုန်းဟာ Curved QHD+ Display ၊ Snapdragon 855+ Processor နဲ့ 60၊ 90 နဲ့ 120Hz Refresh Rate ကို Support ပြုလုပ်တဲ့ Display လည်း ပါဝင်မယ်လို့ သိရပါတယ်။ Dual In-Display Selfie Camera တွေက 12MP + 2MP ရှိမှာဖြစ်ပြီး Back Camera အနေနဲ့ကတော့ 108MP + 20MP + 12MP + 5MP Sensor တွေကို တပ်ဆင်ထားမှာဖြစ်ပါတယ်။
Ref – Gizmo China
Zawgyi
Xiaomi က ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက In-Display Dual Camera Design ကို မူပိုင်ခွင့်ရယူခဲ့ပြီး ဖြစ်တာကြောင့် အခု Mi Mix 4 မှာ စတင်အသုံးပြုဖို့ ဖြစ်နိုင်ခြေများပြားနေပါတယ်။ ဘာပဲဖြစ်ဖြစ် Mi Mix 4 သာ In-Display Selfie Camera နဲ့ မိတ်ဆက်လာမယ်ဆိုရင် လက်ရှိစမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ In-Display Camera ကို ထည့်သွင်းနိုင်တဲ့ဖုန်းတစ်လုံးဖြစ်လာမှာပါ။
Ref – Gizmo China