Xiaomi က Mi Mix Series နောက်ဆုံးဖုန်း Mi Mix 3 5G ကို ၂၀၁၉ မေလက ကြေညာခဲ့တဲ့အတွက် ဖုန်း အသစ် မထွက်တာတော်တော်ကြာနေပါပြီ။ အခုတော့ Xiaomi က Mi Mix 4 ကို ဒီနှစ်ထဲ ကြေညာမယ်လို့ Digital Chat Station က သတင်းပေးလာပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီ သို့မဟုတ် မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်နေတဲ့  Mi 11 Pro မတိုင်ခင် ချပြမှာ မဟုတ်ပါဘူး။ Mi Mix 4 မှာ On-screen ကင်မရာ နည်းပညာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

under-screen camera

Mi Mix 4 , MIUI 13 နဲ့ Mi Note 11 တို့ကို ဥရောပ MIUI ဝက်ဘ်ဆိုက်က HTML Code တွေမှာ မကြာခင်က တွေ့ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သတင်းပျောက်နေခဲ့ပါတယ်။ လက်ရှိမှာ Mi Mix 4 နဲ့ပတ်သက်တဲ့သတင်းတွေက နည်းနေပါသေးတယ်။ ဘလော့ဂါ ၁ ယောက်က Mi Mix 4 ရဲ့ ဓါတ်ပုံ ၁ ပုံကို အရင်က မျှဝေခဲ့ပေမယ့် တကယ့် Mi Mix 4 ဖြစ်ဖို့ ရာခိုင်နှုန်း အရမ်းနည်းပါတယ်။

Xiaomi mi MIX 4

၂၀၁၈ အောက်တိုဘာလမှာ Mi Mix 3 4G ကို ကြေညာပြီးနောက် ၂၀၁၉ မေမှာ 5G Version ကို ချပြခဲ့ပါတယ်။ အဲဒီနောက်မှာ Mix Series တွေ ပျောက်ချက်သားကောင်းနေပါတယ်။ Mi Mix 4 ဟာ Mix Series ရဲ့ စတုတ္ထမြောက် ဖုန်း ဖြစ်လာမှာပါ။ Mi Mix 4 မှာ တတိယမျိုးဆက် မျက်နှာပြင်အောက် ကင်မရာ ထည့်သွင်းထားမယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။

Xiaomi ဟာ ဒုတိယနှစ်ဝက်မှာ အဲဒီ ကင်မရာတွေကို အမြောက်အများ ထုတ်လုပ်နိုင်ပါတယ်။ Mi 11 မကြေညာခင်က Mi 11 Pro ဟာ အဲဒီ ကင်မရာ ပါတဲ့ ပထမဆုံး Xiaomi ဖုန်းလို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သတင်းပေးသူ ကိုယ်တိုင်က နောက်ပိုင်းမှာ မဟုတ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ သူက Mi 11 Pro မှာ Mi 11 မှာလို မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး ကင်မရာနဲ့ အားသွင်းနှုန်း ပိုကောင်းသွားမယ်လို့ ပြောပါတယ်။

Ref : gizchina