[Unicode]

Xiaomi က Mi Mix Alpha Concept စမတ်ဖုန်းကို စက်တင်ဘာလ ၂၄ ရက်နေ့က ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကုမ္ပဏီက အဲဒီ ဖုန်းကို မကြာခင် ရောင်းတော့မယ်လို့ အရိပ်အမြွက် သတင်းပေးခဲ့ပါတယ်။ ၂၀၁၉ တောင် ကုန်တော့မှာ ဖြစ်ပြီး ကုမ္ပဏီက ရောင်းမယ့် အချိန် အတိအကျကို မပြောသေးပါဘူး။ ဒါပေမယ့် အဲဒီ ဖုန်းကို Third-party အွန်လိုင်း စတိုးတွေမှာ ရောင်းဖို့ စာရင်းတင်ထားပါတယ်။

အွန်လိုင်းစတိုးမှာ ရောင်းမယ့် အချိန်ကို မပြောသေးပေမယ့် ဈေးနှုန်း တင်ထားပါတယ်။ Xiaomi ရောင်းမယ့် အချိန်မှာ ဝယ်ယူနိုင်မယ်လို့ အွန်လိုင်းစတိုးမှာ ရေးသားထားပါတယ်။ ၁၉,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေနဲ့တွက်ရင် ၄၂ သိန်းလောက်ရှိတဲ့အတွက် ဈေးကတော့ မသေးပါဘူး။

ထူးဆန်းတာက မရောင်းရသေးခင်မှာ Review ၂ ခုကို တွေ့နေရပြီး အဲဒါက Bug ဖြစ်နိုင်ပါတယ်။ Xiaomi Mi Mix Alpha ဟာ Concept ဖုန်း ဖြစ်တဲ့ အတွက် ရောင်းမယ့် အချိန်ကို လူတော်တော်များများ စိတ်ဝင်စားနေကြပါတယ်။ အဲဒီ ဖုန်းရဲ့ ထူးခြားချက်က Physical Button ၁ ခုမှ မပါတာဖြစ်ပါတယ်။

Mi Mix Alpha မှာ ဖုန်း ပတ်လည်ကို ပတ်ထားတဲ့ Flexible မျက်နှာပြင်ကြောင့် ဒီဇိုင်းက တော်တော်လန်ထွက်နေပါတယ်။ လက်ရှိဖုန်းတွေထဲမှာ Screen-to-body Ratio အမြင့်ဆုံး ဖြစ်ပါတယ်။ ကင်မရာ တပ်ဆင်ထားတဲ့ ဒေါင်လိုက် ဧရိယာငယ်လေးကလွဲပြီး အနောက်ဘက် ဧရိယာ ၁ ခုလုံးကို မျက်နှာပြင်က ဖုံးအုပ်ထားပါတယ်။

Ref : gizmochina

[Zawgyi]

Xiaomi Mi Mix Alpha ကို ေရာင္းဖို႔ စာရင္းတင္ထားၿပီ

Xiaomi က Mi Mix Alpha Concept စမတ္ဖုန္းကို စက္တင္ဘာလ ၂၄ ရက္ေန႔က ျပသခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ကုမၸဏီက အဲဒီ ဖုန္းကို မၾကာခင္ ေရာင္းေတာ့မယ္လို႔ အရိပ္အျမြက္ သတင္းေပးခဲ့ပါတယ္။ ၂၀၁၉ ေတာင္ ကုန္ေတာ့မွာ ျဖစ္ၿပီး ကုမၸဏီက ေရာင္းမယ့္ အခ်ိန္ အတိအက်ကို မေျပာေသးပါဘူး။ ဒါေပမယ့္ အဲဒီ ဖုန္းကို Third-party အြန္လိုင္း စတိုးေတြမွာ ေရာင္းဖို႔ စာရင္းတင္ထားပါတယ္။

အြန္လိုင္းစတိုးမွာ ေရာင္းမယ့္ အခ်ိန္ကို မေျပာေသးေပမယ့္ ေစ်းႏႈန္း တင္ထားပါတယ္။ Xiaomi ေရာင္းမယ့္ အခ်ိန္မွာ ၀ယ္ယူႏုိင္မယ္လို႔ အြန္လိုင္းစတိုးမွာ ေရးသားထားပါတယ္။ ၁၉,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြနဲ႔တြက္ရင္ ၄၂ သိန္းေလာက္ရွိတဲ့အတြက္ ေစ်းကေတာ့ မေသးပါဘူး။

ထူးဆန္းတာက မေရာင္းရေသးခင္မွာ Review ၂ ခုကို ေတြ႕ေနရၿပီး အဲဒါက Bug ျဖစ္ႏုိင္ပါတယ္။ Xiaomi Mi Mix Alpha ဟာ Concept ဖုန္း ျဖစ္တဲ့ အတြက္ ေရာင္းမယ့္ အခ်ိန္ကို လူေတာ္ေတာ္မ်ားမ်ား စိတ္၀င္စားေနၾကပါတယ္။ အဲဒီ ဖုန္းရဲ႕ ထူးျခားခ်က္က Physical Button ၁ ခုမွ မပါတာျဖစ္ပါတယ္။

Mi Mix Alpha မွာ ဖုန္း ပတ္လည္ကို ပတ္ထားတဲ့ Flexible မ်က္ႏွာျပင္ေၾကာင့္ ဒီဇိုင္းက ေတာ္ေတာ္လန္ထြက္ေနပါတယ္။ လက္ရွိဖုန္းေတြထဲမွာ Screen-to-body Ratio အျမင့္ဆံုး ျဖစ္ပါတယ္။ ကင္မရာ တပ္ဆင္ထားတဲ့ ေဒါင္လိုက္ ဧရိယာငယ္ေလးကလြဲၿပီး အေနာက္ဘက္ ဧရိယာ ၁ ခုလံုးကို မ်က္ႏွာျပင္က ဖံုးအုပ္ထားပါတယ္။

Ref : gizmochina