[Zawgyi]

Waterfall မ်က္ႏွာျပင္ဒီဇိုင္းကို Vivo NEX 3 နဲ႔ Huawei Mate 30 Pro တို႔က ျပသသြားခဲ့ၿပီး ျဖစ္ပါတယ္။ ဒီ Waterfall မ်က္ႏွာျပင္ဒီဇိုင္းဟာ မၾကာခင္အခ်ိန္အေတာအတြင္းမွာ အရွိန္အဟုန္ျပင္းတဲ့ ေရစီးေၾကာင္းတစ္ခုအျဖစ္ စမတ္ဖုန္းအေတာ္မ်ားမ်ားမွာ ပါဝင္လာမယ့္ဒီဇိုင္းလည္း ျဖစ္ပါလိမ့္မယ္။

အခုလည္း Xiaomi ရဲ႕ Mi Mix Alpha Render ေတြမွာ Waterfall လိုမ်ိဳး ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္ကို ေတြ႕ျမင္ရပါတယ္။ Mi Mix Alpha ရဲ႕ ေဘးမ်က္ႏွာျပင္ေကြးခုံးမႈဟာ ေက်ာဘက္ ကိုယ္ထည္ထိ ေရာက္ရွိေနတာကို ေတြ႕ျမင္ရတာေၾကာင့္ Waterfall လို႔ ေျပာဖို႔ေတာ့ ခက္ပါတယ္။

ကုမၸဏီကေတာ့ သူတို႔ရဲ႕ ထုတ္ကုန္သစ္ဟာ Screen-to-body ၁၀၀% ေတာင္ ေက်ာ္သြားလိမ့္မယ္လို႔ ေႂကြးေၾကာ္ထားတာပါ။ လက္ရွိ Render ေတြမွာ ျမင္ေတြ႕ရတဲ့အတိုင္းသာ အမွန္တကယ္ထြက္လာမယ္ဆိုရင္ေတာ့ မ်က္ႏွာျပင္က်ယ္ျပန႔္မႈပမာဏက စံခ်ိန္တင္သြားမယ့္ အလားအလာရွိၿပီး စိတ္ဝင္စားစရာ အေတာ္ေကာင္းပါလိမ့္မယ္။

Mi Mix Alpha နဲ႔ပတ္သက္ၿပီး ခပ္တိုးတိုးထြက္ထားတဲ့ ေကာလာဟလသတင္းတစ္ခုကေတာ့ Qualcomm ရဲ႕ ထိပ္တန္း Chipset ျဖစ္တဲ့ Snapdragon 855+ ကို အသုံးျပဳထားမယ္ဆိုတာပါပဲ။ ဒါ့အျပင္ Samsung ရဲ႕ 108MP ISOCELL Bright HMX sensor လည္း အသုံးျပဳထားႏိုင္သလို Telephoto နဲ႔ Ultra wide ကင္မရာ ေတြလည္း ပါဝင္လာႏိုင္ပါတယ္။

Ref: GSM Arena

[Unicode]

ကျောဘက်ထိ မျက်နှာပြင်တစ်ဆက်တည်းရှိနေတဲ့ Xiaomi Mi Mix Alpha ရဲ့ Render ပုံတွေ ထွက်ပေါ်နေ

Waterfall မျက်နှာပြင်ဒီဇိုင်းကို Vivo NEX 3 နဲ့ Huawei Mate 30 Pro တို့က ပြသသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒီ Waterfall မျက်နှာပြင်ဒီဇိုင်းဟာ မကြာခင်အချိန်အတောအတွင်းမှာ အရှိန်အဟုန်ပြင်းတဲ့ ရေစီးကြောင်းတစ်ခုအဖြစ် စမတ်ဖုန်းအတော်များများမှာ ပါဝင်လာမယ့်ဒီဇိုင်းလည်း ဖြစ်ပါလိမ့်မယ်။

အခုလည်း Xiaomi ရဲ့ Mi Mix Alpha Render တွေမှာ Waterfall လိုမျိုး ဒီဇိုင်းနဲ့ မျက်နှာပြင်ကို တွေ့မြင်ရပါတယ်။ Mi Mix Alpha ရဲ့ ဘေးမျက်နှာပြင်ကွေးခုံးမှုဟာ ကျောဘက် ကိုယ်ထည်ထိ ရောက်ရှိနေတာကို တွေ့မြင်ရတာကြောင့် Waterfall လို့ ပြောဖို့တော့ ခက်ပါတယ်။

ကုမ္ပဏီကတော့ သူတို့ရဲ့ ထုတ်ကုန်သစ်ဟာ Screen-to-body ၁၀၀% တောင် ကျော်သွားလိမ့်မယ်လို့ ကြွေးကြော်ထားတာပါ။ လက်ရှိ Render တွေမှာ မြင်တွေ့ရတဲ့အတိုင်းသာ အမှန်တကယ်ထွက်လာမယ်ဆိုရင်တော့ မျက်နှာပြင်ကျယ်ပြန့်မှုပမာဏက စံချိန်တင်သွားမယ့် အလားအလာရှိပြီး စိတ်ဝင်စားစရာ အတော်ကောင်းပါလိမ့်မယ်။

Mi Mix Alpha နဲ့ပတ်သက်ပြီး ခပ်တိုးတိုးထွက်ထားတဲ့ ကောလာဟလသတင်းတစ်ခုကတော့ Qualcomm ရဲ့ ထိပ်တန်း Chipset ဖြစ်တဲ့ Snapdragon 855+ ကို အသုံးပြုထားမယ်ဆိုတာပါပဲ။ ဒါ့အပြင် Samsung ရဲ့ 108MP ISOCELL Bright HMX sensor လည်း အသုံးပြုထားနိုင်သလို Telephoto နဲ့ Ultra wide ကင်မရာ တွေလည်း ပါဝင်လာနိုင်ပါတယ်။

Ref: GSM Arena