[Zawgyi]

Xiaomi က လာမယ့္ ၂၄ ရက္ေန႔မွာ ပြဲ ၁ ပြဲ က်င္းပၿပီး Mi Mix Alpha ကို ေၾကညာမွာ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းဟာ Mi Mix 3 ရဲ႕ မ်ိဳးဆက္ျဖစ္ၿပီး Mi Mix 4 လို႔ နာမည္ မေပးဘဲ ေျပာင္းလဲထားတာ ျဖစ္ပါတယ္။ Mi Mix Alpha ဟာ Mi Mix 3 နဲ႔ ဒီဇိုင္းေတာ္ေတာ္ ကြဲသြားမယ္လို႔ ထင္ပါတယ္။ Xiaomi က ၀ီဘိုအေကာင့္ကေန အဲဒီ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို အရိပ္အျမြက္ မွ်ေ၀ေနပါတယ္။

အခုလည္း ကုမၸဏီက ၀ီဘိုမွာ ပိုစတာေတြကို မွ်ေ၀လိုက္ပါတယ္။ ပထမ ပိုစတာမွာ အဲဒီ စမတ္ဖုန္းရဲ႕ နာမည္နဲ႔ ထူးျခားဆန္းသစ္တဲ့ Mix Series ေတြကို ဆက္လက္ထုတ္လုပ္မယ္လို႔ ေဖာ္ျပထားပါတယ္။ စိတ္၀င္စားစရာအေကာင္းဆံုးက Mi Mix Alpha ကို စာအုပ္ေတြၾကားထဲမွာ ညွပ္ထားၿပီး Display ဟာ ဖုန္းရဲ႕ ေဘးဘက္ေတြအထိ ဖံုးအုပ္ထားတာ ျဖစ္ပါတယ္။ အဲဒီ အတြက္ Vivo NEX 3 မွာလို Waterfall Display ပါလာႏုိင္ပါတယ္။ ေနာက္ပိုစတာ ၁ ခုမွာ Mi Mix Alpha ဟာ Xiaomi ရဲ႕ စမတ္ဖုန္းေတြထဲမွာ Screen-to-body Ratio အျမင့္မားဆံုး ျဖစ္လာမယ္ဆိုတာ အရိပ္အျမြက္ သတင္းေပးထားပါတယ္။

Mi Mix Alpha မွာ Snapdragon 855+ Chipset နဲ႔ Curved QHD Display ပါမယ္လို႔ သတင္းထြက္ေနပါတယ္။ အေနာက္ဘက္မွာ 108MP Samsung ISOCELL Bright HMX Main Sensor  အျပင္  Telephoto နဲ႔ Wide-angle Lenses ေတြ ပါမယ္လို႔ သိရပါတယ္။ Vivo NEX 3 မွာလို Waterfall Screen ပါမွာ ျဖစ္ၿပီး Screen ဟာ 90Hz Refresh Rate ရွိမယ္လို႔လည္း အရင္ကတည္းက သိထားပါတယ္။

Mi Mix Alpha နဲ႔အတူ Mi 9 Pro ကိုပါ ေၾကညာမွာ ျဖစ္ၿပီး အဲဒီ ၂ လံုးစလံုးဟာ 5G Phone ေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ MIUI 11 နဲ႔ Mi TV အသစ္တို႔ကိုပါ ျပသမွာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Xiaomi Mi Mix Alpha မှာ Waterfall Display ပါလာနိုင်

Xiaomi က လာမယ့် ၂၄ ရက်နေ့မှာ ပွဲ ၁ ပွဲ ကျင်းပပြီး Mi Mix Alpha ကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Mi Mix 3 ရဲ့ မျိုးဆက်ဖြစ်ပြီး Mi Mix 4 လို့ နာမည် မပေးဘဲ ပြောင်းလဲထားတာ ဖြစ်ပါတယ်။ Mi Mix Alpha ဟာ Mi Mix 3 နဲ့ ဒီဇိုင်းတော်တော် ကွဲသွားမယ်လို့ ထင်ပါတယ်။ Xiaomi က ဝီဘိုအကောင့်ကနေ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို အရိပ်အမြွက် မျှဝေနေပါတယ်။

အခုလည်း ကုမ္ပဏီက ဝီဘိုမှာ ပိုစတာတွေကို မျှဝေလိုက်ပါတယ်။ ပထမ ပိုစတာမှာ အဲဒီ စမတ်ဖုန်းရဲ့ နာမည်နဲ့ ထူးခြားဆန်းသစ်တဲ့ Mix Series တွေကို ဆက်လက်ထုတ်လုပ်မယ်လို့ ဖော်ပြထားပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးက Mi Mix Alpha ကို စာအုပ်တွေကြားထဲမှာ ညှပ်ထားပြီး Display ဟာ ဖုန်းရဲ့ ဘေးဘက်တွေအထိ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီ အတွက် Vivo NEX 3 မှာလို Waterfall Display ပါလာနိုင်ပါတယ်။ နောက်ပိုစတာ ၁ ခုမှာ Mi Mix Alpha ဟာ Xiaomi ရဲ့ စမတ်ဖုန်းတွေထဲမှာ Screen-to-body Ratio အမြင့်မားဆုံး ဖြစ်လာမယ်ဆိုတာ အရိပ်အမြွက် သတင်းပေးထားပါတယ်။

Mi Mix Alpha မှာ Snapdragon 855+ Chipset နဲ့ Curved QHD Display ပါမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်မှာ 108MP Samsung ISOCELL Bright HMX Main Sensor အပြင် Telephoto နဲ့ Wide-angle Lenses တွေ ပါမယ်လို့ သိရပါတယ်။ Vivo NEX 3 မှာလို Waterfall Screen ပါမှာ ဖြစ်ပြီး Screen ဟာ 90Hz Refresh Rate ရှိမယ်လို့လည်း အရင်ကတည်းက သိထားပါတယ်။

Mi Mix Alpha နဲ့အတူ Mi 9 Pro ကိုပါ ကြေညာမှာ ဖြစ်ပြီး အဲဒီ ၂ လုံးစလုံးဟာ 5G Phone တွေ ဖြစ်ပါတယ်။ ဒါ့အပြင် MIUI 11 နဲ့ Mi TV အသစ်တို့ကိုပါ ပြသမှာ ဖြစ်ပါတယ်။

Ref : gsmarena