[Zawgyi]

Xiaomi ကေတာ့ ဘယ္သူမွ လုံးဝ ထင္မွတ္မထားတဲ့ အနာဂတ္ရဲ႕ စမတ္ဖုန္း ဒီဇိုင္းသစ္ကို ခ်ျပသြားပါၿပီ။ အဲ့ဒီဖုန္းကို Mi MIX Alpha လို႔ ကင္ပြန္းတပ္ထားပါတယ္။ Mi MIX Alpha ရဲ႕ ထူးျခားခ်က္က ေရွ႕ဘက္မ်က္ႏွာျပင္နဲ႔ ေဘးေဘာင္ေတြ အပါအဝင္ ေနာက္ေက်ာဘက္မ်က္ႏွာျပင္ တစ္ခုလုံးနီးပါးကိုပါ Display နဲ႔ ဖုံးအုပ္ထားတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီဖုန္းရဲ႕ Screen-to-body ratio က 180.6% အထိ ေရာက္ရွိသြားတာ ျဖစ္ပါတယ္။

Specs အပိုင္းမွာဆိုရင္ Snapdragon 855 Plus SoC, RAM 12GB, 512GB (UFS 3.0) နဲ႔ 40W အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားတဲ့ 4050mAh ဘက္ထရီေတြ ပါဝင္မွာပါ။ Wireless Charging ကေတာ့ Display အေနအထားေၾကာင့္ မပါႏိုင္ေတာ့ဘူးလို႔ ယူဆရပါတယ္။

ေနာက္ေက်ာဘက္မွာ Samsung ရဲ႕ 108MP Sensor ကို Main Camera အျဖစ္ အသုံးျပဳထားတဲ့ စမတ္ဖုန္းျဖစ္ၿပီး 20MP (Ultrawide) Sensor + 12MP (Telephoto) Lens ေတြနဲ႔ တြဲဖက္တပ္ဆင္ေပးထားပါတယ္။ Selfie Camera ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ စိတ္မပူပါနဲ႔။ အဆိုပါ Triple Camera Setup နဲ႔အတူ ေက်ာဘက္က Display ကို အသုံးျပဳၿပီး Selfie ေတြ အားရပါးရ ဆြဲႏိုင္မွာပါ။

ေဘးေဘာင္ေတြမွာ ရွိတဲ့ Touch Screen ေနရာေတြကို မလိုအပ္ဘဲ လက္နဲ႔ ထိမိတဲ့အခါ ေတာင္ေရာက္၊ ေျမာက္ေရာက္ ျဖစ္သြားျခင္းမွ ကာကြယ္ဖို႔အတြက္ AI နည္းပညာနဲ႔အတူ အထူးျပဳလုပ္ထားတဲ့ Sensor ေတြကို အသုံးျပဳထားတယ္လို႔ Xiaomi က ေျပာပါတယ္။ ဒါ့အျပင္ အဆိုပါ ေဘးေဘာင္ေနရာေတြက Notifications ေတြကို ေဖာ္ျပေပးႏိုင္သလို Virtual Volume Keys အျဖစ္လည္း အသုံးျပဳႏိုင္ပါေသးတယ္။ ဖုန္းရဲ႕ Frame ကိုေတာ့ Titanium နဲ႔ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

Xiaomi က Mi MIX Alpha ကို သူတို႔ရဲ႕ “Hardcore fans” (အမာခံပရိသတ္) ေတြအတြက္သာ Limited Edition အေနနဲ႔ အနည္းငယ္သာ ထုတ္လုပ္သြားမယ္လို႔ ေျပာၾကားထားပါတယ္။ ေစ်းႏႈန္းကေတာ့ တ႐ုတ္ေငြ ၂၀,၀၀၀ ယြမ္ (ျမန္မာေငြ ၄၃သိန္း ဝန္းက်င္) က်သင့္မွာပါ။ မလန္႔ပါနဲ႔။

Ref : Android Authority

[Unicode]

အနာဂတ် စမတ်ဖုန်းဒီဇိုင်း ဖြစ်လာနိုင်တဲ့ Mi MIX Alpha ကို Xiaomi မိတ်ဆက်

Xiaomi ကတော့ ဘယ်သူမှ လုံးဝ ထင်မှတ်မထားတဲ့ အနာဂတ်ရဲ့ စမတ်ဖုန်း ဒီဇိုင်းသစ်ကို ချပြသွားပါပြီ။ အဲ့ဒီဖုန်းကို Mi MIX Alpha လို့ ကင်ပွန်းတပ်ထားပါတယ်။ Mi MIX Alpha ရဲ့ ထူးခြားချက်က ရှေ့ဘက်မျက်နှာပြင်နဲ့ ဘေးဘောင်တွေ အပါအဝင် နောက်ကျောဘက်မျက်နှာပြင် တစ်ခုလုံးနီးပါးကိုပါ Display နဲ့ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီဖုန်းရဲ့ Screen-to-body ratio က 180.6% အထိ ရောက်ရှိသွားတာ ဖြစ်ပါတယ်။

Specs အပိုင်းမှာဆိုရင် Snapdragon 855 Plus SoC, RAM 12GB, 512GB (UFS 3.0) နဲ့ 40W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 4050mAh ဘက်ထရီတွေ ပါဝင်မှာပါ။ Wireless Charging ကတော့ Display အနေအထားကြောင့် မပါနိုင်တော့ဘူးလို့ ယူဆရပါတယ်။

နောက်ကျောဘက်မှာ Samsung ရဲ့ 108MP Sensor ကို Main Camera အဖြစ် အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်ပြီး 20MP (Ultrawide) Sensor + 12MP (Telephoto) Lens တွေနဲ့ တွဲဖက်တပ်ဆင်ပေးထားပါတယ်။ Selfie Camera တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ အဆိုပါ Triple Camera Setup နဲ့အတူ ကျောဘက်က Display ကို အသုံးပြုပြီး Selfie တွေ အားရပါးရ ဆွဲနိုင်မှာပါ။

ဘေးဘောင်တွေမှာ ရှိတဲ့ Touch Screen နေရာတွေကို မလိုအပ်ဘဲ လက်နဲ့ ထိမိတဲ့အခါ တောင်ရောက်၊ မြောက်ရောက် ဖြစ်သွားခြင်းမှ ကာကွယ်ဖို့အတွက် AI နည်းပညာနဲ့အတူ အထူးပြုလုပ်ထားတဲ့ Sensor တွေကို အသုံးပြုထားတယ်လို့ Xiaomi က ပြောပါတယ်။ ဒါ့အပြင် အဆိုပါ ဘေးဘောင်နေရာတွေက Notifications တွေကို ဖော်ပြပေးနိုင်သလို Virtual Volume Keys အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ ဖုန်းရဲ့ Frame ကိုတော့ Titanium နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Xiaomi က Mi MIX Alpha ကို သူတို့ရဲ့ “Hardcore fans” (အမာခံပရိသတ်) တွေအတွက်သာ Limited Edition အနေနဲ့ အနည်းငယ်သာ ထုတ်လုပ်သွားမယ်လို့ ပြောကြားထားပါတယ်။ စျေးနှုန်းကတော့ တရုတ်ငွေ ၂၀,၀၀၀ ယွမ် (မြန်မာငွေ ၄၃သိန်း ဝန်းကျင်) ကျသင့်မှာပါ။ မလန့်ပါနဲ့။

Ref : Android Authority