[Zawgyi]

Xiaomi ကေတာ့ Mi Mix Alpha ကို ထုတ္ႂကြားသြားပါၿပီ။ ေက်ာဘက္အထိပါ မ်က္ႏွာျပင္ကို တစ္ဆက္တည္းျပဳလုပ္ေပးထားတဲ့ ဒီစမတ္ဖုန္းဟာ ကင္မရာပိုင္းမွာလည္း မ်က္ခုံးပင့္စရာ အခ်က္အလက္ေတြနဲ႔ ျဖစ္ပါတယ္။ Screen-to-body 180.6% နဲ႔ 108MP အဓိက ကင္မရာ ဆိုတဲ့ ႏွစ္ခ်က္နဲ႔တင္ စိတ္ဝင္စားစရာ ေကာင္းေနပါၿပီ။

ေက်ာဘက္က 108MP အဓိကကင္မရာနဲ႔ ႐ိုက္ကူးထားတဲ့ ပုံေတြက ဘယ္လိုျဖစ္ေနမလဲ၊ ဘယ္ေလာက္ထိေကာင္းမလဲဆိုတာကိုလည္း သိရေအာင္လို႔ Xiaomi က ထုတ္ႂကြားလိုက္ျပန္ၿပီ ျဖစ္ပါတယ္။ ဖမ္းယူထားတဲ့ ပုံရိပ္ရဲ႕ အရည္အေသြးဟာ ဘယ္ေလာက္ထိေကာင္းတယ္ ဘယ္ေလာက္ထိ အေသးစိတ္ခ်ဲ႕ၾကည့္ႏိုင္တယ္ဆိုတာသိဖို႔ ကုမၸဏီက နမူနာပုံေတြ ျပသခဲ့ပါတယ္။

စုစုေပါင္း ကင္မရာသုံးလုံး တပ္ဆင္ထားတဲ့အထဲမွာ က်န္တဲ့ႏွစ္လုံးက 20MP (Ultra-wide) နဲ႔ 12MP 2x Optical Zoom တို႔ ျဖစ္ၾကပါတယ္။ အဓိက Sensor 1.33″ နဲ႔ေပါင္းစပ္လိုက္ခ်ိန္မွာေတာ့ အလန္းစားရလဒ္ကို ထုတ္ျပႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။ ညဘက္ Zoom သုံးၿပီး႐ိုက္ကူးရင္ေတာင္ f/1.7 အပါခ်ာက Sensor ကို ျဖစ္ႏိုင္သမွ် အလင္းေရာင္မ်ားမ်ား စုေဆာင္းႏိုင္ဖို႔ ကူညီေပးတယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Mi Mix Alpha နဲ႔ ႐ိုက္ကူးထားတဲ့ ပုံအရည္အေသြးက Xiaomi က ထုတ္ျပသေလာက္ပဲ ျမင္ေတြ႕ရဦးမွာပါ။ Reviewer ေတြလက္ထဲေရာက္သြားခ်ိန္မွပဲ အမွန္တကယ္စြမ္းေဆာင္ႏိုင္တဲ့ ကင္မရာအရည္အေသြးကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ေက်ာဘက္ မ်က္ႏွာျပင္ေၾကာင့္ 108 MP ကင္မရာနဲ႔အတူ Selfie ေကာင္းေကာင္း ႐ိုက္လို႔ရမွာပါ။ အဖြဲ႕လိုက္ဆိုရင္လည္း 20MP 117-degree ကင္မရာနဲ႔ အေတာ္ေလး ဟန္က်မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

Mi Mix Alpha ရဲ့ 108MP ကင်မရာနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေ ထုတ်ကြွားလိုက်တဲ့ Xiaomi

Xiaomi ကတော့ Mi Mix Alpha ကို ထုတ်ကြွားသွားပါပြီ။ ကျောဘက်အထိပါ မျက်နှာပြင်ကို တစ်ဆက်တည်းပြုလုပ်ပေးထားတဲ့ ဒီစမတ်ဖုန်းဟာ ကင်မရာပိုင်းမှာလည်း မျက်ခုံးပင့်စရာ အချက်အလက်တွေနဲ့ ဖြစ်ပါတယ်။ Screen-to-body 180.6% နဲ့ 108MP အဓိက ကင်မရာ ဆိုတဲ့ နှစ်ချက်နဲ့တင် စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

ကျောဘက်က 108MP အဓိကကင်မရာနဲ့ ရိုက်ကူးထားတဲ့ ပုံတွေက ဘယ်လိုဖြစ်နေမလဲ၊ ဘယ်လောက်ထိကောင်းမလဲဆိုတာကိုလည်း သိရအောင်လို့ Xiaomi က ထုတ်ကြွားလိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဖမ်းယူထားတဲ့ ပုံရိပ်ရဲ့ အရည်အသွေးဟာ ဘယ်လောက်ထိကောင်းတယ် ဘယ်လောက်ထိ အသေးစိတ်ချဲ့ကြည့်နိုင်တယ်ဆိုတာသိဖို့ ကုမ္ပဏီက နမူနာပုံတွေ ပြသခဲ့ပါတယ်။

စုစုပေါင်း ကင်မရာသုံးလုံး တပ်ဆင်ထားတဲ့အထဲမှာ ကျန်တဲ့နှစ်လုံးက 20MP (Ultra-wide) နဲ့ 12MP 2x Optical Zoom တို့ ဖြစ်ကြပါတယ်။ အဓိက Sensor 1.33″ နဲ့ပေါင်းစပ်လိုက်ချိန်မှာတော့ အလန်းစားရလဒ်ကို ထုတ်ပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ညဘက် Zoom သုံးပြီးရိုက်ကူးရင်တောင် f/1.7 အပါချာက Sensor ကို ဖြစ်နိုင်သမျှ အလင်းရောင်များများ စုဆောင်းနိုင်ဖို့ ကူညီပေးတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ Mi Mix Alpha နဲ့ ရိုက်ကူးထားတဲ့ ပုံအရည်အသွေးက Xiaomi က ထုတ်ပြသလောက်ပဲ မြင်တွေ့ရဦးမှာပါ။ Reviewer တွေလက်ထဲရောက်သွားချိန်မှပဲ အမှန်တကယ်စွမ်းဆောင်နိုင်တဲ့ ကင်မရာအရည်အသွေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောဘက် မျက်နှာပြင်ကြောင့် 108 MP ကင်မရာနဲ့အတူ Selfie ကောင်းကောင်း ရိုက်လို့ရမှာပါ။ အဖွဲ့လိုက်ဆိုရင်လည်း 20MP 117-degree ကင်မရာနဲ့ အတော်လေး ဟန်ကျမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena