[Zawgyi]

Xiaomi ရဲ႕ ထိပ္တန္း အရာရွိ တစ္ေယာက္က Mi Note Series အသစ္တစ္လံုးကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ ဒီႏွစ္ အေစာပိုင္းက ေျပာခဲ့ပါတယ္။ တကယ္ေတာ့ တစ္လံုး မဟုတ္ဘဲ ႏွစ္လံုး ျဖစ္ႏုိင္ပါတယ္။ Mi Note 10 နဲ႔ Mi Note 10 Pro တို႔ျဖစ္ၿပီး အဲဒီ စမတ္ဖုန္းေတြကို Thailand’s National Broadcasting and Telecommunications Commission (NBTC) မွာ မွတ္ပံုတင္ထားပါတယ္။ အရင္ကေတာ့ Mi Note 10 သတင္းပဲထြက္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီ သတင္းအခ်က္အလက္ေတြကို Twitter User တစ္ေယာက္ ျဖစ္တဲ့ Sudhanshu Ambhore (@Sudhanshu1414) က ဖြလိုက္တာ ျဖစ္ပါတယ္။

Xiaomi Mi Note 10 နဲ႔ Mi Note 10 Pro ကို ရုရွားရဲ႕ EEC မွာလည္း မွတ္ပံုတင္ထားပါတယ္။ Mi Note 10 ရဲ႕ ေမာ္ဒယ္နာမည္က M1910F4G နဲ႔ Mi Note 10 Pro ရဲ႕ ေမာ္ဒယ္နာမည္က M1910F4S ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္း ႏွစ္လံုးရဲ႕ Specifications ေတြကိုေတာ့ မသိရေသးပါဘူး။ စြမ္းရည္ျမင့္ ဖုန္းလား၊ စြမ္းရည္သင့္ ဖုန္းလား ဆိုတာ ေျပာလို႔ မရေသးပါဘူး။

Mi Note 10 ကို ဒီလကုန္မွာ ေၾကညာမယ္လို႔ သတင္းေတြထြက္ေနပါတယ္။ ဒါေပမယ့္ ကုမၸဏီက တရား၀င္ မေျပာေသးပါဘူး။ Xiaomi ဟာ အဂၤါေန႔မွာ ထုတ္ကုန္ မိတ္ဆက္ပြဲေတြ ျပဳလုပ္ေလ့ရွိပါတယ္။ အဲဒီအတြက္ ေအာက္တိုဘာလ ၂၉ ရက္ေန႔မွာ Mi Note Series အသစ္ေတြကို ျမင္ရႏုိင္ပါတယ္။ ေနာက္လမွာ အဲဒီ စမတ္ဖုန္းေတြကို ေရာင္းခ်ႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Xiaomi Mi Note 10 နဲ့ Mi Note 10 Pro ကို မှတ်ပုံတင်ထားပြီ

Xiaomi ရဲ့ ထိပ်တန်း အရာရှိ တစ်ယောက်က Mi Note Series အသစ်တစ်လုံးကို ထုတ်လုပ်ရောင်းချမယ်လို့ ဒီနှစ် အစောပိုင်းက ပြောခဲ့ပါတယ်။ တကယ်တော့ တစ်လုံး မဟုတ်ဘဲ နှစ်လုံး ဖြစ်နိုင်ပါတယ်။ Mi Note 10 နဲ့ Mi Note 10 Pro တို့ဖြစ်ပြီး အဲဒီ စမတ်ဖုန်းတွေကို Thailand’s National Broadcasting and Telecommunications Commission (NBTC) မှာ မှတ်ပုံတင်ထားပါတယ်။ အရင်ကတော့ Mi Note 10 သတင်းပဲထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သတင်းအချက်အလက်တွေကို Twitter User တစ်ယောက် ဖြစ်တဲ့ Sudhanshu Ambhore (@Sudhanshu1414) က ဖွလိုက်တာ ဖြစ်ပါတယ်။

Xiaomi Mi Note 10 နဲ့ Mi Note 10 Pro ကို ရုရှားရဲ့ EEC မှာလည်း မှတ်ပုံတင်ထားပါတယ်။ Mi Note 10 ရဲ့ မော်ဒယ်နာမည်က M1910F4G နဲ့ Mi Note 10 Pro ရဲ့ မော်ဒယ်နာမည်က M1910F4S ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်း နှစ်လုံးရဲ့ Specifications တွေကိုတော့ မသိရသေးပါဘူး။ စွမ်းရည်မြင့် ဖုန်းလား၊ စွမ်းရည်သင့် ဖုန်းလား ဆိုတာ ပြောလို့ မရသေးပါဘူး။

Mi Note 10 ကို ဒီလကုန်မှာ ကြေညာမယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီက တရားဝင် မပြောသေးပါဘူး။ Xiaomi ဟာ အင်္ဂါနေ့မှာ ထုတ်ကုန် မိတ်ဆက်ပွဲတွေ ပြုလုပ်လေ့ရှိပါတယ်။ အဲဒီအတွက် အောက်တိုဘာလ ၂၉ ရက်နေ့မှာ Mi Note Series အသစ်တွေကို မြင်ရနိုင်ပါတယ်။ နောက်လမှာ အဲဒီ စမတ်ဖုန်းတွေကို ရောင်းချနိုင်ပါတယ်။

Ref : gizmochina