[Zawgyi]

တရုတ္မွာ ေၾကညာထားတဲ့ Mi CC9 Pro နဲ႔ Mi CC9 Pro Premium တို႔ရဲ႕ ႏိုင္ငံတကာ ဗားရွင္း ျဖစ္တဲ့ Mi Note 10 နဲ႔ Mi Note 10 Pro တို႔ကို ႏို၀င္ဘာလ ၆ ရက္မွာ ေၾကညာခဲ့ပါတယ္။ 108MP Penta Camera ပါတဲ့ ကမာၻ႕ ပထမဆံုး ဖုန္းေတြ ျဖစ္ပါတယ္။ အခုေတာ့ Xiaomi Malaysia က Mi Note 10 နဲ႔ Mi Note 10 Pro ကို မေလးရွားမွာ ေနာက္လ ၃ ရက္ေန႔ ေရာင္းမယ္လို႔ သတင္းေပးလိုက္ပါတယ္။

Mi Note 10 Models ေတြကို ဒီလ အေစာပိုင္းမွာ ေၾကညာလိုက္တဲ့ အခ်ိန္မွာ အလန္းစား 108MP Main Camera ေၾကာင့္ အုတ္ေအာ္ေသာင္းနင္း ျဖစ္ကုန္ၾကပါတယ္။ DXOMark ရဲ႕ Camera အေကာင္းဆံုး ဖုန္းစာရင္းမွာ ဒိတ္ဒိတ္ၾကဲေတြ ျဖစ္တဲ့ iPhone 11 နဲ႔ Galaxy Note 10 ေတြကို နန္းခ်ႏိုင္ခဲ့ပါတယ္။ Mate 30 Pro နဲ႔ ရင္ေဘာင္တန္းႏုိင္ခဲ့ပါတယ္။

Mi Note 10 နဲ႔ Mi Note 10 Pro တို႔ဟာ Camera ေတြပဲ လန္းတာ မဟုတ္ပါဘူး။ ဒီဇိုင္းနဲ႔ စြမ္းရည္ျမင့္ ဟာ့ဒ္၀ဲေတြ ထည့္သြင္းထားပါတယ္။ ဂိမ္း အသားေပး Snapdragon 730G Chipset ေမာင္းႏွင္ထားပါတယ္။ Note 10 မွာ 6GB RAM နဲ႔ Note 10 Pro မွာ 8GB RAM + 256GB Storage ေတြ ပါပါတယ္။

ဖုန္း ၂ လံုးစလံုးမွာ ၆.၄၇ လက္မ FHD+ AMOLED Display , Under-display Fingerprint Sensor နဲ႔ 30W Fast Charge ပါတဲ့ 5,260mAh Battery ေတြ ထည့္သြင္းထားပါတယ္။ 32MP Selfie Camera ကို Waterdrop Notch မွာ တပ္ဆင္ထားပါတယ္။ မေလးရွားမွာ ေရာင္းမယ့္ ေစ်းကို မသိရေသးပါဘူး။ ဥေရာပမွာ Mi Note 10 ကို ၅၄၉ ယူရိုနဲ႔ Mi Note 10 Pro ကို ၆၄၉ ယူရို သတ္မွတ္ထားၿပီး ျမန္မာေငြ ၉၂၀,၀၀၀ နဲ႔ ၁,၀၉၀,၀၀၀ ေလာက္ အသီးသီး က်သင့္မွာပါ။

Ref : gizmochina

[Unicode]

Xiaomi Mi Note 10 နဲ့ Note 10 Pro ကို မလေးရှားမှာ နောက်လ ၃ ရက်နေ့ ရောင်းမည်

တရုတ်မှာ ကြေညာထားတဲ့ Mi CC9 Pro နဲ့ Mi CC9 Pro Premium တို့ရဲ့ နိုင်ငံတကာ ဗားရှင်း ဖြစ်တဲ့ Mi Note 10 နဲ့ Mi Note 10 Pro တို့ကို နိုဝင်ဘာလ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။ 108MP Penta Camera ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။ အခုတော့ Xiaomi Malaysia က Mi Note 10 နဲ့ Mi Note 10 Pro ကို မလေးရှားမှာ နောက်လ ၃ ရက်နေ့ ရောင်းမယ်လို့ သတင်းပေးလိုက်ပါတယ်။

Mi Note 10 Models တွေကို ဒီလ အစောပိုင်းမှာ ကြေညာလိုက်တဲ့ အချိန်မှာ အလန်းစား 108MP Main Camera ကြောင့် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြပါတယ်။ DXOMark ရဲ့ Camera အကောင်းဆုံး ဖုန်းစာရင်းမှာ ဒိတ်ဒိတ်ကြဲတွေ ဖြစ်တဲ့ iPhone 11 နဲ့ Galaxy Note 10 တွေကို နန်းချနိုင်ခဲ့ပါတယ်။ Mate 30 Pro နဲ့ ရင်ဘောင်တန်းနိုင်ခဲ့ပါတယ်။

Mi Note 10 နဲ့ Mi Note 10 Pro တို့ဟာ Camera တွေပဲ လန်းတာ မဟုတ်ပါဘူး။ ဒီဇိုင်းနဲ့ စွမ်းရည်မြင့် ဟာ့ဒ်ဝဲတွေ ထည့်သွင်းထားပါတယ်။ ဂိမ်း အသားပေး Snapdragon 730G Chipset မောင်းနှင်ထားပါတယ်။ Note 10 မှာ 6GB RAM နဲ့ Note 10 Pro မှာ 8GB RAM + 256GB Storage တွေ ပါပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ ၆.၄၇ လက်မ FHD+ AMOLED Display , Under-display Fingerprint Sensor နဲ့ 30W Fast Charge ပါတဲ့ 5,260mAh Battery တွေ ထည့်သွင်းထားပါတယ်။ 32MP Selfie Camera ကို Waterdrop Notch မှာ တပ်ဆင်ထားပါတယ်။ မလေးရှားမှာ ရောင်းမယ့် ဈေးကို မသိရသေးပါဘူး။ ဥရောပမှာ Mi Note 10 ကို ၅၄၉ ယူရိုနဲ့ Mi Note 10 Pro ကို ၆၄၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၉၂၀,၀၀၀ နဲ့ ၁,၀၉၀,၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။

Ref : gizmochina