[Zawgyi]

108MP Penta Camera ပါတဲ့ Xiaomi Mi CC9 Pro ကို တရုတ္ျပင္ပမွာ မၾကာခင္က Mi Note 10 နာမည္နဲ႔ ေရာင္းခ်ခဲ့ပါတယ္။ အခုေတာ့ 91mobiles က အိႏၵိယမွာ ေရာင္းခ်ဖို႔ နီးေနၿပီလို႔ သတင္းေပးလိုက္ပါတယ္။ Mi Note 10 ဟာ အိႏၵိယမွာ ေစ်းခ်င္း တူတူေလာက္ရွိတဲ့ Realme X2 Pro , OnePlus 7 တို႔လို ၿပိဳင္ဖက္ေတြနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။

91mobiles က ကုမၸဏီဟာ အိႏၵိယမွာ Mi Note 10 မိတ္ဆက္လို႔ ေကာင္းမယ့္ အခ်ိန္ကို ေစာင့္ေနတယ္လို႔ ေျပာပါတယ္။ Mi Note 10 ကို အိႏၵိယမွာ Mi Mix Alpha Concept Phone နဲ႔အတူ ဒီဇင္ဘာလမွာ ေၾကညာဖို႔ မူလက စီစဥ္ထားခဲ့တာ ျဖစ္ပါတယ္။ ေၾကညာမယ့္ အခ်ိန္အတိအက်ကို မသိရေသးပါဘူး။ Mi Note 10 ဟာ စြမ္းရည္ျမင့္ ဖုန္းျဖစ္ေပမယ့္ Chipset က သိပ္မလန္းဘဲ Snapdragon 730G ျဖစ္ပါတယ္။ Xiaomi ဟာ အိႏၵိယမွာ ေအာင္ျမင္ေနတဲ့အတြက္ Mi Note 10 ဟာလည္း အလားအလာေကာင္းႏုိင္ပါတယ္။

Mi Note 10 မွာ ၆.၄၇ လက္မ Super AMOLED Full HD+ Display တပ္ဆင္ထားၿပီး အေရွ႕နဲ႔ အေနာက္ဘက္ကို Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။ Snapdragon 730G Chipset , 128GB Storage နဲ႔ 6GB RAM ပါပါတယ္။ Android 9 Pie အေျချပဳ MIUI 11 ေမာင္းႏွင္ထားပါတယ္။ ဆဲလ္ဖီး ကင္မရာက 32MP ျဖစ္ပါတယ္။  အေနာက္ဘက္မွာ 108MP Main , 5MP Telephoto (5x Optical Zoom) , 12MP (2x Zoom) , 20MP Wide-angle နဲ႔ Macro Lens ေတြ ပါပါတယ္။ ဒီလို အလန္းစား ကင္မရာေတြပါတဲ့ ပထမဆံုး ဖုန္းလို႔ Xiaomi က ေျပာပါတယ္။ Night Mode 2.0 ပါလာၿပီး ညဘက္ေတြမွာ အလန္းစား ဓါတ္ပံုေတြ ဖမ္းယူေပးႏုိင္ပါတယ္။

30W Fast Charging ပါတဲ့ 5,260mAh Battery ပါေပမယ့္ ႀကိဳးမဲ့အားသြင္းစနစ္ေတာ့ မပါပါဘူး။ အရြယ္ေသး Notch နဲ႔ မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ပါလာပါတယ္။ ဥေရာပမွာ Mi Note 10 ကို ၅၄၉ ယူရို သတ္မွတ္ထားၿပီး ျမန္မာေငြ ၉၂၀,၀၀၀ ေလာက္ရွိပါတယ္။

Ref : gizmochina

[Unicode]

Xiaomi Mi Note 10 ကို အိန္ဒိယမှာ မကြာခင် ရောင်းချနိုင်

108MP Penta Camera ပါတဲ့ Xiaomi Mi CC9 Pro ကို တရုတ်ပြင်ပမှာ မကြာခင်က Mi Note 10 နာမည်နဲ့ ရောင်းချခဲ့ပါတယ်။ အခုတော့ 91mobiles က အိန္ဒိယမှာ ရောင်းချဖို့ နီးနေပြီလို့ သတင်းပေးလိုက်ပါတယ်။ Mi Note 10 ဟာ အိန္ဒိယမှာ ဈေးချင်း တူတူလောက်ရှိတဲ့ Realme X2 Pro , OnePlus 7 တို့လို ပြိုင်ဖက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

91mobiles က ကုမ္ပဏီဟာ အိန္ဒိယမှာ Mi Note 10 မိတ်ဆက်လို့ ကောင်းမယ့် အချိန်ကို စောင့်နေတယ်လို့ ပြောပါတယ်။ Mi Note 10 ကို အိန္ဒိယမှာ Mi Mix Alpha Concept Phone နဲ့အတူ ဒီဇင်ဘာလမှာ ကြေညာဖို့ မူလက စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ကြေညာမယ့် အချိန်အတိအကျကို မသိရသေးပါဘူး။ Mi Note 10 ဟာ စွမ်းရည်မြင့် ဖုန်းဖြစ်ပေမယ့် Chipset က သိပ်မလန်းဘဲ Snapdragon 730G ဖြစ်ပါတယ်။ Xiaomi ဟာ အိန္ဒိယမှာ အောင်မြင်နေတဲ့အတွက် Mi Note 10 ဟာလည်း အလားအလာကောင်းနိုင်ပါတယ်။

Mi Note 10 မှာ ၆.၄၇ လက်မ Super AMOLED Full HD+ Display တပ်ဆင်ထားပြီး အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ Snapdragon 730G Chipset , 128GB Storage နဲ့ 6GB RAM ပါပါတယ်။ Android 9 Pie အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ 108MP Main , 5MP Telephoto (5x Optical Zoom) , 12MP (2x Zoom) , 20MP Wide-angle နဲ့ Macro Lens တွေ ပါပါတယ်။ ဒီလို အလန်းစား ကင်မရာတွေပါတဲ့ ပထမဆုံး ဖုန်းလို့ Xiaomi က ပြောပါတယ်။ Night Mode 2.0 ပါလာပြီး ညဘက်တွေမှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။

30W Fast Charging ပါတဲ့ 5,260mAh Battery ပါပေမယ့် ကြိုးမဲ့အားသွင်းစနစ်တော့ မပါပါဘူး။ အရွယ်သေး Notch နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ ဥရောပမှာ Mi Note 10 ကို ၅၄၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၉၂၀,၀၀၀ လောက်ရှိပါတယ်။

Ref : gizmochina