Xiaomi ကနေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံမှာ Mi CC9 Pro ရဲ့ Global Version အနေနဲ့ Mi Note 10 စမတ်ဖုန်းကို မိတ်ဆက်ထားခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ 108MP Sensor ကို ပထဆုံးအသုံးပြုထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး အခုလည်း Xiaomi ကနေ စျေးပိုသက်သာတဲ့ Mi Note 10 Lite ဖုန်းကို မိတ်ဆက်လာတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Model Code M2002F4LG လို့ပေးထားတဲ့ Mi Note 10 Lite စမတ်ဖုန်းဟာ Thailand ရဲ့ NBTC မှာ Certification ရရှိခဲ့ပြီးတော့ မိတ်ဆက်ဖို့နီးကပ်နေပြီဆိုတာကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ NBTC Certification မှာတော့ Mi Note 10 Lite ရဲ့ Specification တွေကို အတည်ပြုနိုင်ခြင်းမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့လတုန်းက FCC မှာဖော်ပြခဲ့တဲ့သတင်းတွေအရတော့ Mi Note 10 Lite ဟာ Mi Note 10 အတိုင်းပဲ Qualcomm Snapdragon 730G Processor ၊ 6.47″ FullHD+ AMOLED Display နဲ့ 30W Fast Charging ကို Support ပြုလုပ်တဲ့ 5260mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။

Specs ပိုင်းအရ Mi Note 10 နဲ့တူညီတယ်ဆိုပေမယ့် Camera ပိုင်းမှာတော့ 108MP Sensor အစား 64MP Primary Sensor ၊ 8MP Senosr ၂ လုံး၊ 5MP နဲ့ 2MP Camera Sensor တွေပါဝင်တဲ့ Penta-Camera Setup ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ Mi Note 10 လိုမျိုး Laser Autofocus လည်းပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Xiaomi အနေနဲ့ လောလောဆယ်အထိတော့ Mi Note 10 Lite စမတ်ဖုန်းကို မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် အခုအတိုင်းဆိုရင် မကြာခင်မှာသတင်းထွက်ပေါ်လာဖို့များနေပါပြီ။

Ref – GSM Arena