[Unicode]

Xiaomi Mi Note 10 ကို ဥရောပမှာ ရောင်းပေးထားပြီး တရုတ်မှာ Mi CC9 Pro လို့ နာမည်ပေးထားပါတယ်။ အဲဒီဖုန်းဟာ 108MP ကင်မရာပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်ပြီး အခုတော့ အိန္ဒိယမှာ ရောင်းပေးတော့မှာပါ။ ကုမ္ပဏီက အိန္ဒိယမှာ အဲဒီဖုန်းရဲ့ Teaser တွေကို မကြာခင်က မျှဝေထားပါတယ်။ အခုတော့ လာမယ့်နှစ် ဇန်နဝါရီလမှာ ရောင်းပေးတော့မယ်လို့ သတင်းအရင်းအမြစ်များစွာက ဆိုပါတယ်။

ကုမ္ပဏီက ဓါတ်ပုံပြိုင်ပွဲ ၁ ခုကို ကျင်းပနေပြီး အနိုင်ရသူတွေဟာ ရူပီး ၄၆,၈၃၂ တန်ကြေးရှိတဲ့ Mi Note 10 ကို ဆု အဖြစ်ရမှာပါ။ မြန်မာငွေနဲ့တွက်ရင် ၁၀ သိန်းလောက်ရှိပါတယ်။ ဒီဈေးက သိပ်တော့ မသေချာသေးပါဘူး။ ဒီဈေးနဲ့ ရောင်းမယ်ဆိုရင် အိန္ဒိယမှာ ရောင်းတဲ့ Xiaomi ရဲ့ ဈေးအကြီးဆုံးဖုန်း ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း Xiaomi ဟာ အိန္ဒိယမှာ တန်ဖိုးကြီး ဖုန်းတွေ ရောင်းတာကို ရပ်နားခဲ့ပြီး တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် ဖုန်းတွေကိုပဲ အဓိက ရောင်းလာခဲ့ပါတယ်။

ကုမ္ပဏီက Redmi K20 Pro ကို အိန္ဒိယမှာ ရောင်းခြင်းဖြင့် တန်ဖိုးကြီး ဖုန်းတွေကို မြေစမ်းခရမ်းပျိုး ပြန်ရောင်းတော့မယ်လို့ ထင်ပါတယ်။ အိန္ဒိယမှာ Mi Note 10 ဟာ ပြိုင်ဖက် စွမ်းရည်မြင့် ဖုန်းတွေကို လိုက်ဖိုက်တော့မှာပါ။

Mi Note 10 မှာ ကင်မရာတွေပဲ လန်းတာ မဟုတ်ပါဘူး။ ဒီဇိုင်းနဲ့ တခြား Specs တွေကလည်း မိုက်ပါတယ်။ Snapdragon 730G Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ ၆.၄၇ လက်မ Super AMOLED Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပြီး အနောက်ကင်မရာတွေက 108MP Main , 5MP Telephoto (5x Optical Zoom) , 12MP (2x Zoom) , 20MP Wide-angle နဲ့ 2MP Depth Lens တွေ ဖြစ်ပါတယ်။ 30W Fast Charging ပါတဲ့ 5,260mAh Battery ပါပေမယ့် ကြိုးမဲ့အားသွင်းစနစ် မပါတာက စွမ်းရည်မြင့် ဖုန်းတွေနဲ့ ယှဉ်ရင် သိပ်မမိုက်ပါဘူး။ အိန္ဒိယမှာ ရောင်းမယ့် ဈေးကို တစ်ချက် စောင့်ကြည့်ရမှာပါ။

Ref : gizmochina

[Zawgyi]

Xiaomi Mi Note 10 ကို အိႏၵိယမွာ မၾကာခင္ ေရာင္းခ်ႏိုင္

Xiaomi Mi Note 10 ကို ဥေရာပမွာ ေရာင္းေပးထားၿပီး တရုတ္မွာ Mi CC9 Pro လို႔ နာမည္ေပးထားပါတယ္။ အဲဒီဖုန္းဟာ 108MP ကင္မရာပါတဲ့ ကမာၻ႕ ပထမဆံုး ဖုန္း ျဖစ္ၿပီး အခုေတာ့ အိႏၵိယမွာ ေရာင္းေပးေတာ့မွာပါ။ ကုမၸဏီက အိႏၵိယမွာ အဲဒီဖုန္းရဲ႕ Teaser ေတြကို မၾကာခင္က မွ်ေ၀ထားပါတယ္။ အခုေတာ့ လာမယ့္ႏွစ္ ဇန္န၀ါရီလမွာ ေရာင္းေပးေတာ့မယ္လို႔ သတင္းအရင္းအျမစ္မ်ားစြာက ဆိုပါတယ္။

ကုမၸဏီက ဓါတ္ပံုၿပိဳင္ပြဲ ၁ ခုကို က်င္းပေနၿပီး အႏိုင္ရသူေတြဟာ ရူပီး ၄၆,၈၃၂ တန္ေၾကးရွိတဲ့ Mi Note 10 ကို ဆု အျဖစ္ရမွာပါ။ ျမန္မာေငြနဲ႔တြက္ရင္ ၁၀ သိန္းေလာက္ရွိပါတယ္။ ဒီေစ်းက သိပ္ေတာ့ မေသခ်ာေသးပါဘူး။ ဒီေစ်းနဲ႔ ေရာင္းမယ္ဆိုရင္ အိႏၵိယမွာ ေရာင္းတဲ့ Xiaomi ရဲ႕ ေစ်းအႀကီးဆံုးဖုန္း ျဖစ္လာမွာပါ။ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း Xiaomi ဟာ အိႏၵိယမွာ တန္ဖိုးႀကီး ဖုန္းေတြ ေရာင္းတာကို ရပ္နားခဲ့ၿပီး တန္ဖိုးနည္းနဲ႔ တန္ဖိုးသင့္ ဖုန္းေတြကိုပဲ အဓိက ေရာင္းလာခဲ့ပါတယ္။

ကုမၸဏီက Redmi K20 Pro ကို အိႏၵိယမွာ ေရာင္းျခင္းျဖင့္ တန္ဖိုးႀကီး ဖုန္းေတြကို ေျမစမ္းခရမ္းပ်ိဳး ျပန္ေရာင္းေတာ့မယ္လို႔ ထင္ပါတယ္။ အိႏၵိယမွာ Mi Note 10 ဟာ ၿပိဳင္ဖက္ စြမ္းရည္ျမင့္ ဖုန္းေတြကို လိုက္ဖိုက္ေတာ့မွာပါ။

Mi Note 10 မွာ ကင္မရာေတြပဲ လန္းတာ မဟုတ္ပါဘူး။ ဒီဇိုင္းနဲ႔ တျခား Specs ေတြကလည္း မိုက္ပါတယ္။ Snapdragon 730G Chipset ေမာင္းႏွင္ထားၿပီး 8GB RAM နဲ႔ 256GB Storage အထိ ေရြးခ်ယ္ႏုိင္ပါတယ္။ ၆.၄၇ လက္မ Super AMOLED Full HD+ မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ပါလာပါတယ္။ ဆဲလ္ဖီး ကင္မရာက 32MP ျဖစ္ၿပီး အေနာက္ကင္မရာေတြက 108MP Main , 5MP Telephoto (5x Optical Zoom) , 12MP (2x Zoom) , 20MP Wide-angle နဲ႔ 2MP Depth Lens ေတြ ျဖစ္ပါတယ္။ 30W Fast Charging ပါတဲ့ 5,260mAh Battery ပါေပမယ့္ ႀကိဳးမဲ့အားသြင္းစနစ္ မပါတာက စြမ္းရည္ျမင့္ ဖုန္းေတြနဲ႔ ယွဥ္ရင္ သိပ္မမိုက္ပါဘူး။ အိႏၵိယမွာ ေရာင္းမယ့္ ေစ်းကို တစ္ခ်က္ ေစာင့္ၾကည့္ရမွာပါ။

Ref : gizmochina