[Zawgyi]




Ref : gsmarena

[Unicode]

Xiaomi Mi Note 10 ရဲ့ OLED Panel ကို Visionox က ဖန်တီးပေးထား

Xiaomi က AMOLED Panel ပါတဲ့ Mi CC9 Pro ကို ကြေညာခဲ့ပါတယ်။ နိုင်ငံတကာမှာ Mi Note 10 နာမည်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရောင်းမယ့် အဲဒီဖုန်းမှာ Samsung ဒါမှမဟုတ် LG က ထုတ်တဲ့ Panel ပါမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ အရာရှိ ၁ ယောက်က အဲဒီ ဖုန်းအတွက် Panel ကို အဓိက ထုတ်လုပ်ပေးတာက Visionox ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ ကုမ္ပဏီဟာ Mi Mix Alpha ရဲ့ အလန်းစား Wrap-around Panel ကို ဖန်တီးပေးထားတာလည်း ဖြစ်ပါတယ်။

Visionox ကို ဘေဂျင်းက Tsinghua University မှ OLED Team က ဦးဆောင်နေတာ ဖြစ်ပြီး QS ရဲ့ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်စာရင်းမှာ နံပါတ် ၁၆ ရထားတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ အထင်ကရ တက္ကသိုလ်တွေ ဖြစ်တဲ့ Yale နဲ့ Columbia တက္ကသိုလ်တွေကိုတောင် ကျော်တက်သွားပါတယ်။ Foldable Prototype နဲ့ Mi Mix Alpha ပြီးနောက် Mi Note 10 / Mi CC9 Pro ဟာ Xiaomi အတွက် ထုတ်လုပ်ပေးတဲ့ Visionox ရဲ့ တတိယမြောက် ဖုန်း ဖြစ်လာပါတယ်။

Mi Note 10 မှာ ၆.၄၇ လက်မ Super AMOLED Full HD+ Display တပ်ဆင်ထားပြီး အရွယ်သေး Notch နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ မျက်နှာပြင်အချိုးက 19.5:9 ဖြစ်ပါတယ်။ အရမ်းလန်းတဲ့ 430 Nits of Brightness အထိ ရတယ်လို့ Gsmarena က သုံးသပ်ထားပါတယ်။ Bright Light ကို Auto ထားရင် 600 Nits အထိ ရတယ်လို့ Xiaomi က ပြောထားပါတယ်။

Ref : gsmarena