Xiaomi ကနေ Mi Note 3 စမတ်ဖုန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ စတင်ထုတ်လုပ်တဲ့အချိန်တုန်းက RAM 6GB နဲ့ပဲ Internal Storage ကိုပဲ 64GB နဲ့ 128GB ဆိုပြီး ရွေးချယ်နိုင်အောင်ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ RAM 6GB နဲ့ Mi Note 3 ဖုန်းကို 64GB ကို 2299 Yuan (ဒေါ်လာ ၃၅၀ ဝန်းကျင်) နဲ့ 128GB Storage ကိုတော့ 2699 Yuan (ဒေါ်လာ ၄၀၀ ဝန်းကျင်) နဲ့ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi က အခုအချိန်မှာတော့ ဈေးပိုသက်သာတဲ့ Mi Note 3 စမတ်ဖုန်းကို ထုတ်လုပ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

ယခုထွက်ရှိလာတဲ့ ဈေးပိုသက်သာတဲ့ Mi Note 3 ဖုန်းဟာဆိုရင် RAM အနေနဲ့ 4GB ဖြစ်သွားပြီး Storage ကတော့ 64GB ပါဝင်မှာဖြစ်ပါတယ်။ အခြားသော Specifications အနေနဲ့ကတော့ Mi Note 3 စမတ်ဖုန်းတွေနဲ့ တူတူပဲဖြစ်ပါတယ်။

အခုအသစ်ထွက်ရှိလာတဲ့ RAM 4GB နဲ့ Mi Note 3 ဖုန်းသစ်ရဲ့ အားသာချက်ကတော့ ဈေးနှုန်းပဲဖြစ်ပြီး 1999 Yuan ပဲရှိမှာဖြစ်တဲ့အတွက် လက်ရှိရောင်းချနေတဲ့ Mi Note 3 64GB ဖုန်းတွေထက် ငွေကျပ် ၅ သောင်းလောက်ကို သက်သာမှာဖြစ်ပါတယ်။