[Zawgyi]

မေန႔ကပဲ Xiaomi ကေန သူ႔ရဲ႕  “Play” Series အသစ္မွာ စမတ္ဖုန္းအသစ္တစ္လုံုးကို မိတ္ဆက္ျပသခဲ့ပါတယ္။ အဲဒီဖုန္းေလးကေတာ့ Xiaomi Mi Play ျဖစ္ျပီးေတာ့ MediaTek ရဲ႕ Helio P35 Octa-Core Processor ကို ပထမဆံုး စသံုးလိုက္တဲ့ စမတ္ဖုန္းတစ္လံုးလည္း ျဖစ္ပါတယ္။

Xiaomi Mi Play ကို မိတ္ဆက္လိုက္ျခင္းနဲ႔အတူ ဝမ္းသာစရာသတင္းကေတာ့ Xiaomi Play ေတြအေနနဲ႔ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးႏုိင္ခဲ့ျပီဆိုတာပါ။ စမတ္ဖုန္းေတြကို သံုးျပီး ကမာၻ႔အၾကီးဆံုး Dynamic Puzzle ဖန္တီးႏုိင္ခဲ့တဲ့အတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးႏုိင္ခဲ့တာျဖစ္ျပီး ဖုန္းေပါင္း ၁၀၀၈ လံုးသံုးျပီး 7.9 Meter ရိွတဲ့ ခရစၥမတ္သစ္ပင္ပံုစံ Puzzle ကို ဖန္တီးခဲ့တာပါ။

Xiaomi အေနနဲ႔ ဖုန္းေတြရဲ႕ screen ေတြကို ဖြင့္ျပီး ဖုန္းတစ္လံုးခ်င္းစီရဲ႕ Screen ေတြကို Matrix အေနနဲ႔ ခ်ိတ္ဆက္ရတာေရာ တစ္ေနရာမွာလိုေနတာမ်ိဳးမရိွဘဲ 100% Sync ျဖစ္ေအာင္ လုပ္ရတာက ေတာ္ေတာ္ကိုခက္ခဲတဲ့အပိုင္းတစ္ခုလို႔ ဆိုထားပါတယ္။ အရင္စံခ်ိန္တုန္းကေတာ့ ဖုန္းေပါင္း ၅၀၄ လံုးကို စီျပီး Puzzle ပံုဖန္တီးခဲ့တာျဖစ္ျပီး ခုေတာ့ Xiaomi ကေန အဲ့ဒီစံခ်ိန္ကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္ႏုိင္ခဲ့ပါျပီ။

ဒီ စံခ်ိန္ကို ခ်ိဳးႏုိင္ဖို႔အတြက္ ေနာက္ဆံုး Puzzle ေလးကို Xiaomi CEO Lei Jun ကိုယ္တုိင္ျဖည့္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီထဲက တူတဲ့ Tree-Type Structure ေလးကေတာ့ Shopping Mall ထဲမွာရိွတဲ့ Customer ေတြအတြက္ အင္တာနက္ Connection ကို ၂ဆျမွင့္ေပးႏုိင္ခဲ့တာ ျဖစ္ပါတယ္။ အဲတာကလည္း  ခရစၥမတ္ပြဲေတာ္အတြင္း ေပက်င္းမွာ အၾကီးမားဆံုး HotSpot လႊင့္ေပးျခင္း ျဖစ္ခဲ့ပါတယ္။

ဒီအတြက္ CEO Lei Jun အေနနဲ႔ ၂ပတ္ေလာက္ ၾကိဳျပင္ဆင္ခဲ့တာျဖစ္ျပီး ဒီစင္ၾကီးေဆာက္ဖို႔အတြက္ မနက္၄နာရီကေန ညေန ၄နာရီေလာက္ထိ ၾကာခဲ့ပါတယ္။ သတင္းထြက္ထားခဲ့တဲ့အတိုင္း ဒီေန႔ပဲ တရုတ္ႏုိင္ငံမွာ မိတ္ဆက္ခဲ့တဲ့ Mi Play ဖုန္းေလးေတြက လတုိင္း 10GB Internet Data ကို ၁ႏွစ္လံုး Free ရေနမွာ ျဖစ္ပါတယ္။

ဖုန္းရဲ႕ Specs ေတြအေနနဲ႔ကေတာ့ 5.84-inch Waterdrop Full HD+ Display, MediaTek Helio P35, RAM 4GB, Storage 64GB နဲ႔ထြက္လာျပီး ကင္မရာေတြကေတာ့ ေနာက္ေက်ာဘက္မွာ 12MP+2MP Depth Sensor နဲ႔ Selfie အတြက္ 8MP Sensor ကိုသံုးထားပါတယ။္ Fingerprint ကိုလည္း ေနာက္ေက်ာဘက္မွာပဲ ထည့္ေပးထားျပီး 3000mAh Battery နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။ ဂင္းနစ္စံခ်ိန္နဲ႔အတူ  Xiaomi ရဲ႕ Mi Play ေတြကလည္း အမွတ္ရစရာျဖစ္ေနေတာ့မွာပါပဲ။

Ref: GizmoChina

[Unicode]

မနေ့ကပဲ Xiaomi ကနေ သူ့ရဲ့  “Play” Series အသစ်မှာ စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်ပြသခဲ့ပါတယ်။ အဲဒီဖုန်းလေးကတော့ Xiaomi Mi Play ဖြစ်ပြီးတော့ MediaTek ရဲ့ Helio P35 Octa-Core Processor ကို ပထမဆုံး စသုံးလိုက်တဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

Xiaomi Mi Play ကို မိတ်ဆက်လိုက်ခြင်းနဲ့အတူ ဝမ်းသာစရာသတင်းကတော့ Xiaomi Play တွေအနေနဲ့ ဂင်းနစ်စံချိန်ကို ချိုးနိုင်ခဲ့ပြီဆိုတာပါ။ စမတ်ဖုန်းတွေကို သုံးပြီး ကမ္ဘာ့အကြီးဆုံး Dynamic Puzzle ဖန်တီးနိုင်ခဲ့တဲ့အတွက် ဂင်းနစ်စံချိန်ချိုးနိုင်ခဲ့တာဖြစ်ပြီး ဖုန်းပေါင်း ၁၀၀၈ လုံးသုံးပြီး 7.9 meter ရှိတဲ့ ခရစ္စမတ်သစ်ပင်ပုံစံ Puzzle ကို ဖန်တီးခဲ့တာပါ။

Xiaomi အနေနဲ့ ဖုန်းတွေရဲ့ screen တွေကို ဖွင့်ပြီး ဖုန်းတစ်လုံးချင်းစီရဲ့ Screen တွေကို Matrix အနေနဲ့ ချိတ်ဆက်ရတာရော တစ်နေရာမှာလိုနေတာမျိုးမရှိဘဲ 100% Sync ဖြစ်အောင် လုပ်ရတာက တော်တော်ကိုခက်ခဲတဲ့အပိုင်းတစ်ခုလို့ ဆိုထားပါတယ်။ အရင်စံချိန်တုန်းကတော့ ဖုန်းပေါင်း ၅၀၄ လုံးကို စီပြီး Puzzle ပုံဖန်တီးခဲ့တာဖြစ်ပြီး ခုတော့ Xiaomi ကနေ အဲ့ဒီစံချိန်ကို အောင်အောင်မြင်မြင် ကျော်နိုင်ခဲ့ပါပြီ။

ဒီ စံချိန်ကို ချိုးနိုင်ဖို့အတွက် နောက်ဆုံး Puzzle လေးကို Xiaomi CEO Lei Jun ကိုယ်တိုင်ဖြည့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက တူတဲ့ Tree-Type Structure လေးကတော့ Shopping Mall ထဲမှာရှိတဲ့ Customer တွေအတွက် အင်တာနက် Connection ကို ၂ဆမြှင့်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲတာကလည်း  ခရစ္စမတ်ပွဲတော်အတွင်း ပေကျင်းမှာ အကြီးမားဆုံး HotSpot လွှင့်ပေးခြင်း ဖြစ်ခဲ့ပါတယ်။

ဒီအတွက် CEO Lei Jun အနေနဲ့ ၂ပတ်လောက် ကြိုပြင်ဆင်ခဲ့တာဖြစ်ပြီး ဒီစင်ကြီးဆောက်ဖို့အတွက် မနက်၄နာရီကနေ ညနေ ၄နာရီလောက်ထိ ကြာခဲ့ပါတယ်။ သတင်းထွက်ထားခဲ့တဲ့အတိုင်း ဒီနေ့ပဲ တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Mi Play ဖုန်းလေးတွေက လတိုင်း 10GB Internet Data ကို ၁နှစ်လုံး Free ရနေမှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ Specs တွေအနေနဲ့ကတော့ 5.84-inch Waterdrop Full HD+ Display, MediaTek Helio P35, RAM 4GB, Storage 64GB နဲ့ထွက်လာပြီး ကင်မရာတွေကတော့ နောက်ကျောဘက်မှာ 12MP+2MP Depth Sensor နဲ့ Selfie အတွက် 8MP Sensor ကိုသုံးထားပါတယ။် Fingerprint ကိုလည်း နောက်ကျောဘက်မှာပဲ ထည့်ပေးထားပြီး 3000mAh Battery နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ဂင်းနစ်စံချိန်နဲ့အတူ  Xiaomi ရဲ့ Mi Play တွေကလည်း အမှတ်ရစရာဖြစ်နေတော့မှာပါပဲ။

Ref: GizmoChina