[Zawgyi]

Xiaomi ဟာ စမတ္တီဗီ နယ္ပယ္မွာ အရမ္းကို ေအာင္ျမင္ေနၿပီး တရုတ္မွာ ေရာင္းအား အေကာင္းဆံုး ျဖစ္ေနပါတယ္။ ကုမၸဏီက ဒီလ ၅ ရက္ေန႔မွာ Mi TV 5 Series အသစ္ေတြကို တရုတ္မွာ ေၾကညာဖို႔ျပင္ဆင္ေနပါတယ္။ မေၾကညာခင္မွာ ကုမၸဏီက သူ႔ရဲ႕ သတင္းအခ်က္အလက္နဲ႔ ဓါတ္ပံုေတြကို မွ်ေ၀ေနပါတယ္။ အခုလည္း တီဗီရဲ႕ ဒီဇိုင္းကို ျပသထားတဲ့ ဓါတ္ပံုကို မွ်ေ၀လိုက္ပါတယ္။

ဓါတ္ပံုအရ Full-screen Design ျဖစ္ၿပီး မ်က္ႏွာျပင္ေဘးေဘာင္ေတြဟာ ၁.၈ မီလီမီတာပဲရွိပါတယ္။ Mi TV 4 ထက္ ၄၇.၁ ရာခုိင္ႏႈန္း ပိုပါးလႊာသြားပါတယ္။ သတၱဳကိုယ္ထည္တပ္ဆင္ထားၿပီး ကိုယ္ထည္ဟာ ၅.၉ မီလီမီတာပဲ ထူမယ္လို႔ ကုမၸဏီက ေျပာပါတယ္။

Xiaomi က Mi TV 5 မွာ 12nm T972 Chipset ပါလာမွာ ျဖစ္ၿပီး အရင္မ်ိဳးဆက္ထက္ ၆၃ ရာခိုင္ႏႈန္း ပိုျမန္လာတယ္လို႔ မၾကာခင္က ေျပာပါတယ္။ 8K Video Recording ကိုေထာက္ပံ့ထားၿပီး 4GB RAM နဲ႔ 64GB Storage ပါလာမွာပါ။  4K QLED Panel ပါလာမွာျဖစ္ၿပီး NTSC 108% Wide Color Gamut ပါမယ္ဆိုတာေတာ့ မၾကာခင္က အတည္ျပဳထားပါတယ္။  Quantum Dot Panel ကို စမတ္တီဗီ နယ္ပယ္မွာ ဆရာတစ္ဆူ ျဖစ္တဲ့ Samsung က ထုတ္လုပ္ေပးမွာပါ။ လက္ရွိ Mi TV 4 Series ေတြမွာ LCD နဲ႔ LED Panel ေတြ တပ္ဆင္ထားတာျဖစ္ပါတယ္။ Xiaomi က Mi TV 5 Series ေတြနဲ႔ စြမ္းရည္ျမင့္ စမတ္တီဗီ နယ္ပယ္ကို ၀င္ေရာက္ေတာ့မယ္လို႔ထင္ပါတယ္။

Xiaomi က Mi TV 5 ရဲ႕ Teaser Image ၁ ပံုကို မၾကာခင္က မွ်ေ၀ထားၿပီး တီဗီရဲ႕ ညာဘက္ျခမ္းကို ျမင္ရပါတယ္။ ကိုယ္ထည္နဲ႔ မ်က္ႏွာျပင္ေဘးေဘာင္ေတြက အရမ္းကို ပါးလႊာပါတယ္။ “ Designed by Xiaomi” စာသားကိုလည္း ေရးထြင္းထားပါတယ္။ ဒီလ ၅ ရက္ေန႔မွာ Mi TV 5 အျပင္ Mi CC9 Pro , Mi Watch နဲ႔ Mi Portable Air Conditioner ေတြကိုလည္း ေၾကညာမွာပါ။

Ref : gizmochina

[Unicode]

Xiaomi က Mi TV 5 ရဲ့ ဒီဇိုင်းကို မျှေ၀

Xiaomi ဟာ စမတ်တီဗီ နယ်ပယ်မှာ အရမ်းကို အောင်မြင်နေပြီး တရုတ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ ကုမ္ပဏီက ဒီလ ၅ ရက်နေ့မှာ Mi TV 5 Series အသစ်တွေကို တရုတ်မှာ ကြေညာဖို့ပြင်ဆင်နေပါတယ်။ မကြေညာခင်မှာ ကုမ္ပဏီက သူ့ရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေကို မျှဝေနေပါတယ်။ အခုလည်း တီဗီရဲ့ ဒီဇိုင်းကို ပြသထားတဲ့ ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။

ဓါတ်ပုံအရ Full-screen Design ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေဟာ ၁.၈ မီလီမီတာပဲရှိပါတယ်။ Mi TV 4 ထက် ၄၇.၁ ရာခိုင်နှုန်း ပိုပါးလွှာသွားပါတယ်။ သတ္တုကိုယ်ထည်တပ်ဆင်ထားပြီး ကိုယ်ထည်ဟာ ၅.၉ မီလီမီတာပဲ ထူမယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Xiaomi က Mi TV 5 မှာ 12nm T972 Chipset ပါလာမှာ ဖြစ်ပြီး အရင်မျိုးဆက်ထက် ၆၃ ရာခိုင်နှုန်း ပိုမြန်လာတယ်လို့ မကြာခင်က ပြောပါတယ်။ 8K Video Recording ကိုထောက်ပံ့ထားပြီး 4GB RAM နဲ့ 64GB Storage ပါလာမှာပါ။ 4K QLED Panel ပါလာမှာဖြစ်ပြီး NTSC 108% Wide Color Gamut ပါမယ်ဆိုတာတော့ မကြာခင်က အတည်ပြုထားပါတယ်။ Quantum Dot Panel ကို စမတ်တီဗီ နယ်ပယ်မှာ ဆရာတစ်ဆူ ဖြစ်တဲ့ Samsung က ထုတ်လုပ်ပေးမှာပါ။ လက်ရှိ Mi TV 4 Series တွေမှာ LCD နဲ့ LED Panel တွေ တပ်ဆင်ထားတာဖြစ်ပါတယ်။ Xiaomi က Mi TV 5 Series တွေနဲ့ စွမ်းရည်မြင့် စမတ်တီဗီ နယ်ပယ်ကို ဝင်ရောက်တော့မယ်လို့ထင်ပါတယ်။

Xiaomi က Mi TV 5 ရဲ့ Teaser Image ၁ ပုံကို မကြာခင်က မျှဝေထားပြီး တီဗီရဲ့ ညာဘက်ခြမ်းကို မြင်ရပါတယ်။ ကိုယ်ထည်နဲ့ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာပါတယ်။ “ Designed by Xiaomi” စာသားကိုလည်း ရေးထွင်းထားပါတယ်။ ဒီလ ၅ ရက်နေ့မှာ Mi TV 5 အပြင် Mi CC9 Pro , Mi Watch နဲ့ Mi Portable Air Conditioner တွေကိုလည်း ကြေညာမှာပါ။

Ref : gizmochina