[Zawgyi]

စမတ္ဖုန္း နယ္ပယ္မွာ ဆရာတစ္ဆူ ျဖစ္ေနတဲ့ Xiaomi ဟာ စမတ္တီဗြီ နယ္ပယ္မွာလည္း ေအာင္ျမင္ေနပါတယ္။ တရုတ္ရဲ႕ စမတ္တီဗြီ ေလာကမွာ နံပါတ္ ၁ ေရာင္းအား အေကာင္းဆံုးျဖစ္ေနပါတယ္။ ႏုိ၀င္ဘာလ ၅ ရက္ေန႔မွာလည္း Mi TV 5 Series ေတြကို မိခင္ႏိုင္ငံမွာ ေၾကညာေတာ့မွာပါ။ အခုေတာ့ မိတ္ဆက္ပြဲမတိုင္ခင္မွာ ကုမၸဏီက Mi TV 5 ရဲ႕ သတင္းအခ်က္အလက္ တခ်ိဳ႕ကို မွ်ေ၀လိုက္ပါတယ္။

Xiaomi က Mi TV 5 မွာ 12nm T972 Chipset ပါလာမွာ ျဖစ္ၿပီး အရင္မ်ိဳးဆက္ထက္ ၆၃ ရာခိုင္ႏႈန္း ပိုျမန္လာတယ္လို႔ ေျပာပါတယ္။ 8K Video Recording , 4GB RAM နဲ႔ 64GB Storage ပါလာမွာပါ။ 4K QLED Panel ပါလာမွာျဖစ္ၿပီး NTSC 108% Wide Color Gamut ပါမယ္ဆိုတာေတာ့ မၾကာခင္က အတည္ျပဳထားပါတယ္။ Quantum Dot Panel ကို စမတ္တီဗြီ နယ္ပယ္မွာ ဆရာတစ္ဆူ ျဖစ္တဲ့ Samsung က ထုတ္လုပ္ေပးမွာပါ။ လက္ရွိ Mi TV 4 Series ေတြမွာ LCD နဲ႔ LED Panel ေတြ တပ္ဆင္ထားတာျဖစ္ပါတယ္။ Xiaomi က Mi TV 5 Series ေတြနဲ႔ စြမ္းရည္ျမင့္ စမတ္တီဗြီ နယ္ပယ္ကို ၀င္ေရာက္ေတာ့မယ္လို႔ထင္ပါတယ္။

မၾကာခင္က ေၾကညာခဲ့တဲ့ OnePlus TV မွာ Samsung ရဲ႕အလန္းစား QLED Panel ထည့္သြင္းထားတဲ့ အတြက္ Xiaomi ကလည္း Quantum Dot LED ကို ေျပာင္းသံုးတာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ Xiaomi က Mi TV 5 ရဲ႕ Teaser Image ၁ ပံုကို မၾကာခင္က မွ်ေ၀ထားၿပီး တီဗြီရဲ႕ ညာဘက္ျခမ္းကို ျမင္ရပါတယ္။ ကိုယ္ထည္နဲ႔ မ်က္ႏွာျပင္ေဘးေဘာင္ေတြက အရမ္းကို ပါးလႊာပါတယ္။ “ Designed by Xiaomi” စာသားကိုလည္း ေရးထြင္းထားပါတယ္။

Ref : gizmochina

[Unicode]

Xiaomi က Mi TV 5 ရဲ့ Key Specs တွေကို မျှဝေ

စမတ်ဖုန်း နယ်ပယ်မှာ ဆရာတစ်ဆူ ဖြစ်နေတဲ့ Xiaomi ဟာ စမတ်တီဗွီ နယ်ပယ်မှာလည်း အောင်မြင်နေပါတယ်။ တရုတ်ရဲ့ စမတ်တီဗွီ လောကမှာ နံပါတ် ၁ ရောင်းအား အကောင်းဆုံးဖြစ်နေပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာလည်း Mi TV 5 Series တွေကို မိခင်နိုင်ငံမှာ ကြေညာတော့မှာပါ။ အခုတော့ မိတ်ဆက်ပွဲမတိုင်ခင်မှာ ကုမ္ပဏီက Mi TV 5 ရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေလိုက်ပါတယ်။

Xiaomi က Mi TV 5 မှာ 12nm T972 Chipset ပါလာမှာ ဖြစ်ပြီး အရင်မျိုးဆက်ထက် ၆၃ ရာခိုင်နှုန်း ပိုမြန်လာတယ်လို့ ပြောပါတယ်။ 8K Video Recording , 4GB RAM နဲ့ 64GB Storage ပါလာမှာပါ။ 4K QLED Panel ပါလာမှာဖြစ်ပြီး NTSC 108% Wide Color Gamut ပါမယ်ဆိုတာတော့ မကြာခင်က အတည်ပြုထားပါတယ်။ Quantum Dot Panel ကို စမတ်တီဗွီ နယ်ပယ်မှာ ဆရာတစ်ဆူ ဖြစ်တဲ့ Samsung က ထုတ်လုပ်ပေးမှာပါ။ လက်ရှိ Mi TV 4 Series တွေမှာ LCD နဲ့ LED Panel တွေ တပ်ဆင်ထားတာဖြစ်ပါတယ်။ Xiaomi က Mi TV 5 Series တွေနဲ့ စွမ်းရည်မြင့် စမတ်တီဗွီ နယ်ပယ်ကို ဝင်ရောက်တော့မယ်လို့ထင်ပါတယ်။


မကြာခင်က ကြေညာခဲ့တဲ့ OnePlus TV မှာ Samsung ရဲ့အလန်းစား QLED Panel ထည့်သွင်းထားတဲ့ အတွက် Xiaomi ကလည်း Quantum Dot LED ကို ပြောင်းသုံးတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ Xiaomi က Mi TV 5 ရဲ့ Teaser Image ၁ ပုံကို မကြာခင်က မျှဝေထားပြီး တီဗွီရဲ့ ညာဘက်ခြမ်းကို မြင်ရပါတယ်။ ကိုယ်ထည်နဲ့ မျက်နှာပြင်ဘေးဘောင်တွေက အရမ်းကို ပါးလွှာပါတယ်။ “ Designed by Xiaomi” စာသားကိုလည်း ရေးထွင်းထားပါတယ်။

Ref : gizmochina