[Unicode]

Xiaomi Mi Watch ကို ပြီးခဲ့တဲ့လက တရုတ်မှာ ကြေညာခဲ့ပြီး eSIM Support ပါလာပါတယ်။ ကုမ္ပဏီက တရုတ်မှာ Telecom Carriers တွေရဲ့ eSIM Service ကို သုံးနိုင်ဖို့ ရက်သတ္တပတ် အနည်းငယ်စောင့်ဆိုင်းရမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ China Telecom က တရုတ်မှာ eSIM Service ကို စတင် ပြုလုပ်ပေးလိုက်ပြီး Xiaomi Mi Watch ကနေ ဖုန်းပြောတာ၊ အင်တာနက် သုံးတာတွေ ပြုလုပ်နိုင်ပါပြီ။

တရုတ်က အောက်ပါ မြို့ ၇ ခုမှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

• Shanghai
• Guangzhou
• Nanjing
• Chengdu
• Shenzhen
• Wuhan
• Hangzhou

China Telecom က လက်ရှိမှာ eSIM Service ၂ မျိုးကို ပြုလုပ်ပေးထားပြီး Dual Terminal eSIM နဲ့ Independent eSIM တို့ ဖြစ်ပါတယ်။ Dual Terminal eSIM မှာ သင့် လက်ရှိ ဖုန်းနံပါတ်ကို eSIM မှာ အသုံးပြုနိုင်ပြီး ဖုန်း နံပါတ် ၁ ခုကို Device ၂ ခုမှာ သုံးနိုင်တဲ့ သဘောပါ။ သင့်ထံ ဖုန်းလာရင် စမတ်နာရီမှာလည်း ဝင်လာမှာဖြစ်ပြီး ဖုန်း သို့မဟုတ် စမတ်နာရီကနေ ဖုန်း ပြောနိုင်ပါတယ်။ Independent eSIM မှာ သီးခြား ဖုန်းနံပါတ်ကို သုံးရမှာပါ။ eSIM Service ၂ ခုအတွက် ဈေးက မတူပါဘူး။

တရုတ်မှာ Carriers တွေက eSIM Service ကို မပြုလုပ်သေးတဲ့အတွက် Motorola Razr Foldable ဖုန်းကို ရောင်းချဖို့ နောက်ဆုတ်ထားရပါတယ်။ အခုတော့ China Telecom က စတင် ဝန်ဆောင်မှုပေးပြီ ဖြစ်တဲ့အတွက် eSIM သုံးတဲ့ Device တွေ ပေါလာတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina

[Zawgyi]

Xiaomi Mi Watch ရဲ႕ eSIM Service ကို တရုတ္က ၿမိဳ႕တခ်ိဳ႕မွာ အသံုးျပဳႏုိင္ၿပီ

Xiaomi Mi Watch ကို ၿပီးခဲ့တဲ့လက တရုတ္မွာ ေၾကညာခဲ့ၿပီး eSIM Support ပါလာပါတယ္။ ကုမၸဏီက တရုတ္မွာ Telecom Carriers ေတြရဲ႕ eSIM Service ကို သံုးႏုိင္ဖို႔ ရက္သတၱပတ္ အနည္းငယ္ေစာင့္ဆိုင္းရမယ္လို႔ ေျပာခဲ့ပါတယ္။ အခုေတာ့ China Telecom က တရုတ္မွာ eSIM Service ကို စတင္ ျပဳလုပ္ေပးလိုက္ၿပီး Xiaomi Mi Watch ကေန ဖုန္းေျပာတာ၊ အင္တာနက္ သံုးတာေတြ ျပဳလုပ္ႏိုင္ပါၿပီ။

တရုတ္က ေအာက္ပါ ၿမိဳ႕ ၇ ခုမွာ စတင္ အသံုးျပဳႏုိင္ၿပီ ျဖစ္ပါတယ္။

• Shanghai
• Guangzhou
• Nanjing
• Chengdu
• Shenzhen
• Wuhan
• Hangzhou

China Telecom က လက္ရွိမွာ eSIM Service ၂ မ်ိဳးကို ျပဳလုပ္ေပးထားၿပီး Dual Terminal eSIM နဲ႔ Independent eSIM တို႔ ျဖစ္ပါတယ္။ Dual Terminal eSIM မွာ သင့္ လက္ရွိ ဖုန္းနံပါတ္ကို eSIM မွာ အသံုးျပဳႏုိင္ၿပီး ဖုန္း နံပါတ္ ၁ ခုကို Device ၂ ခုမွာ သံုးႏုိင္တဲ့ သေဘာပါ။ သင့္ထံ ဖုန္းလာရင္ စမတ္နာရီမွာလည္း ၀င္လာမွာျဖစ္ၿပီး ဖုန္း သို႔မဟုတ္ စမတ္နာရီကေန ဖုန္း ေျပာႏိုင္ပါတယ္။ Independent eSIM မွာ သီးျခား ဖုန္းနံပါတ္ကို သံုးရမွာပါ။ eSIM Service ၂ ခုအတြက္ ေစ်းက မတူပါဘူး။

တရုတ္မွာ Carriers ေတြက eSIM Service ကို မျပဳလုပ္ေသးတဲ့အတြက္ Motorola Razr Foldable ဖုန္းကို ေရာင္းခ်ဖို႔ ေနာက္ဆုတ္ထားရပါတယ္။ အခုေတာ့ China Telecom က စတင္ ၀န္ေဆာင္မႈေပးၿပီ ျဖစ္တဲ့အတြက္ eSIM သံုးတဲ့ Device ေတြ ေပါလာေတာ့မွာ ျဖစ္ပါတယ္။

Ref : gizmochina