Xiaomi က Mi Watch Lite အမည်ရ စမတ်နာရီ အသစ်ကို ကြေညာလိုက်ပြီး ပြီးခဲ့တဲ့လက တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ Redmi Watch ကို အခြေခံ တည်ဆောက်ထားတာပါ။ Mi Watch Lite မှာ ၁.၄ လက်မ Color Touchscreen တပ်ဆင်ထားပြီး 320x320p Resolution ရှိပါတယ်။ Auto Brightness Adjustment ပါလာပြီး တစ်လက်မကို Pixel သိပ်သည်းဆက ၃၂၃ ဖြစ်ပါတယ်။ Watch Faces ပေါင်း ၁၂၀ ကျော် ပါလာပြီး တချို့မှာ သင် မြင်ချင်တဲ့ သတင်းအချက်အလက်တွေကို ရွေးချယ်နိုင်ပါတယ်။

Xiaomi Mi Watch Lite goes official with 1.4'' display, GPS, and 9-day battery life

Mi Watch Lite မှာ Automatic Step Counter ထည့်ထားပြီး Outdoor Running, Outdoor Cycling, Indoor Cycling, Treadmill, Open Water Swimming, Pool Swimming, Freestyle, Cricket, Trekking, Trail Run နဲ့ Walking အပါအဝင် Workout Mode ပေါင်း ၁၁ ခု ထောက်ပံ့ထားပါတယ်။

Xiaomi Mi Watch Lite goes official with 1.4'' display, GPS, and 9-day battery life

ဒါ့အပြင် စမတ်နာရီမှာ အိပ်စက်မှုနဲ့ နှလုံးခုန်နှုန်းတိုင်းတာတဲ့ စွမ်းရည် ပါလာပြီး စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ အသက်ရှူလေ့ကျင့်ခန်း သင်ကြားမှု ထည့်သွင်းထားပါတယ်။ ဖုန်းနဲ့ ချိတ်ဆက်ထားရင် Incoming Call , SMS , App Notifications, Idle Alerts နဲ့ Weather Report ကို စမတ်နာရီကနေ ကြည့်နိုင်ပါတယ်။ ဖုန်းပျောက်ရင် စမတ်နာရီကနေ ရှာနိုင်ပြီး ဖုန်းက သီချင်းတွေကို ထိန်းချုပ်နိုင်ပါတယ်။

Xiaomi Mi Watch Lite goes official with 1.4'' display, GPS, and 9-day battery life

Xiaomi Mi Watch Lite မှာ GPS ပါလာပြီး Redmi Watch မှာတော့ မပါလာပါဘူး။  GPS အပြင် GLONASS နဲ့ Barometer ထည့်ထားပြီး ၉ ရက် ဘက်ထရီ သက်တမ်းခံတဲ့ 230mAh ဘက်ထရီ ပါလာပါတယ်။ ၂ နာရီအတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်ပြီး Watch Case ၃ ခုနဲ့ လက်ပတ်ကြိုးအတွက် Pink, Ivory, Black, Navy Blue နဲ့ Olive အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Xiaomi က ဈေးနှုန်းကို မပြောသေးပေမယ့် Redmi Watch ရဲ့ ၂၉၉ ယွမ်လောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေနဲ့တွက်ရင် ၆ သောင်းလောက်ကျသင့်ပါတယ်။

Ref : gsmarena