Xiaomi ကနေ ယခုနှစ်အတွက် Flagship ဖုန်းတွေဖြစ်တဲ့ Mi 10 နဲ့ Mi 10 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ မကြာသေးခင်တုန်းကလည်း Mid Range ဖုန်းတွေဖြစ်တဲ့ Mi 10 Lite အပြင် Mi 10 Youth Edition ဖုန်းတွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

အခုအချိန်မှာလည်း Xiaomi ကနေ နောက်ထပ် Mi 10 စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လာနိုင်ခြေရှိနေပြီးတော့ အဆိုပါဖုန်းကိုတော့ Mi 10E လို့ နာမည်ပေးထားတာဖြစ်ပါတယ်။ ဖြစ်နိုင်တာတစ်ခုက ယခုနှစ်တွက် Mi 8 SE ၊ Mi 9 SE တွေလိုမျိုး ဖုန်းတွေပုံစံအနေနဲ့ Mi 10E ကို မိတ်ဆက်လာမယ့်ပုံစံပါပဲ။

နောက်ဆုံးရရှိတဲ့သတင်းအရတော့ နာမည်ကြီး CPU Benchmark Website တစ်ခုဖြစ်တဲ့ Geekbench မှာ အဆိုပါ Mi 10E ဖုန်းရဲ့ Benchmark တွေပါ ပေါက်ကြားလာခဲ့ပါတယ်။ ယခု Benchmark တွေအရ Xiaomi Mi 10E ဖုန်းဟာ ထူးခြားချက်အနေနဲ့ ပုံမှန် Qualcomm Snapdragon 865 Chipset အစား Samsung ရဲ့ Exynos 990 Chipset ကိုပဲ အသုံးပြုထားမှာပါ။

Geekbench ရလဒ်တွေအရတော့ Mi 10E ဖုန်းဟာ Single-core Score အနေနဲ့ ၉၁၃ မှတ်ရရှိခဲ့ပြီး Mulit-core Score မှာတော့ ၂,၇၅၅ မှတ်ရရှိထားခဲ့ပါတယ်။ အဲ့ဒီအတွက် Mi 10 နဲ့ Mi 10 Pro မှာ အသုံးပြုထားတဲ့ Snapdragon 865 Chipset နဲ့ ယှဥ်ရင်တော့ အနည်းငယ်ပိုပြီး နှေးကွေးနေတာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်း Xiaomi Mi 10E နဲ့ ပတ်သက်တဲ့တခြားသောသတင်းတွေကိုတော့ မသိရှိရသေးတဲ့အတွက် လာမယ့် နှစ်ဝက်နောက်ပိုင်းမှပဲ တရားဝင်မိတ်ဆက်လာနိုင်ခြေများနေပါတယ်။

Ref – Giz China