Xiaomi ချစ်သူတွေအတွက် အရောင်းရဆုံးဖုန်းတစ်ခုဖြစ်တဲ့ Mi 5X ဖုန်းဟာ အခုဆိုရင် Special Edition အရောင်အသစ်တစ်ခုကို ရရှိတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Xiaomi ကနေ Mi 5X စမတ်ဖုန်းကို Black, Gold နဲ့ Rose Gold အရောင်တွေနဲ့ ရောင်းချနေပြီးတော့ လက်ရှိအချိန်မှာ လူကြိုက်အလွန်များနေတာပဲဖြစ်ပါတယ်။ အခုထပ်မံရောင်းချမယ့် Mi 5X Special Edition အနီရောင်က ဈေးနှုန်းအနေနဲ့လည်း ယခုရောင်းချနေတဲ့ Mi 5X တွေနဲ့တူညီတဲ့အတွက် လူကြိုက်များဦးမှာဖြစ်ပါတယ်။

Xiaomi ကတော့ အခုလိုမျိုး အနီရောင်ကို ထပ်ပြီးထုတ်လုပ်ရတာက အနီရောင်ဟာ တရုတ်လူမျိုးအတွက် ကံကောင်းစေတဲ့အရောင်ဖြစ်တဲ့အတွက် Mi 5X က ကံကောင်းမှုတွေကို ယူဆောင်လာပေးဖို့လို့ ပြောထားပါတယ်။ ဈေးနှုန်းကို မပြောင်းလဲထားတဲ့အတွက် Stock လုံလောက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာပါ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Xiaomi Mi 5X ဖုန်းဟာဆိုရင် Qualcomm Snapdragon 625 Octa Core CPU နဲ့ RAM 4GB, Internal Storage 64GB ပါဝင်ပြီးတော့ Dual Camera ပါဝင်တဲ့အတွက် Portrait Mode ရိုက်ကူးနိုင်တဲ့ဖုန်းတစ်ခုဖြစ်ပါတယ်။ အခုလောလောဆယ်မှာ Mi 5X ဖုန်းကို ၂ သိန်းခွဲနဲ့ ၃ သိန်းကြားရောင်းချနေတဲ့အတွက် ဒီဈေးဝန်းကျင်မှာ တော်တော်လေးကို တန်တဲ့ဖုန်းလို့ ပြောလို့ရနေတာဖြစ်ပါတယ်။