[Zawgyi]

Xiaomi က Mi 9 ကို ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔မွာ မိတ္ဆက္မွာျဖစ္ေၾကာင္း ေၾကညာၿပီးကတည္းက Mi 9 နဲ႔ပတ္သတ္တဲ့ သတင္းေတြဟာ အင္တာနက္ေပၚမွာ ေန႔စဥ္နဲ႔အမွ် ေပၚထြက္ေနပါတယ္။ မေန႔တုန္းကလည္း Xiaomi ရဲ႕ CEO ျဖစ္သူ Lei Jun က Mi 9 မွာ တပ္ဆင္ထားမယ့္ ကင္မရာ အခ်က္အလက္ေတြကို Weibo မွာ မွ်ေဝခဲ့ပါတယ္။

Xiaomi CEO Lei Jun မွ်ေဝလိုက္တဲ့ အခ်က္အလက္ေတြအရဆိုရင္ Mi 9 ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာဟာ 2X Optical Zoom + Super-wide Angle Sensor ေတြကို Main Camera နဲ႔ ပူးတြဲ တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ Main Camera အတြက္ Aperture f/1.75 ရွိတဲ့ 48MP Sony IMX586 Wide-angle Sensor တပ္ဆင္ထားၿပီး 2X Optical Zoom အတြက္ Aperture f/2.2 ရွိတဲ့ 12MP Sensor တပ္ဆင္ထားပါတယ္။ Portrait ဓာတ္ပုံေတြ႐ိုက္တဲ့ အခါမွာလည္း ေနာက္ခံ Background ေတြ ေဝဝါးသြားေစဖို႔အတြက္ အဆိုပါ 12MP Sensor ကပဲ လုပ္ေဆာင္ေပးမယ္လို႔ သိရပါတယ္။ Super-wide Angle Camera အတြက္ကိုေတာ့ Viewing Angle 117 ဒီဂရီနဲ႔ Aperture f/2.2 ရွိတဲ့ 16MP Sensor ကို တပ္ဆင္ထားမွာျဖစ္ပါတယ္။ Xiaomi ရဲ႕ ေျပာၾကားခ်က္မ်ားအရ အဆိုပါ Camera ဟာ ျမင္ကြင္းက်ယ္ဓာတ္ပုံေတြသာမက Macro Shots (အႏုစိပ္) ဓာတ္ပုံေတြပါ ႐ိုက္ကူးႏိုင္တယ္လို႔ သိရပါတယ္။

ေရွ႕ဘက္မ်က္ႏွာျပင္ Waterdrop Notch ထဲမွာေတာ့ AI Beauty Mode ေထာက္ပံ့ေပးထားတဲ့ 20MP Selfie Camera ကို တပ္ဆင္ထားမွာပါ။ Xiaomi ဟာ Mi 9 ရဲ႕ ကင္မရာ အခ်က္အလက္ေတြကို ေဖာ္ျပ႐ုံသာမက Mi 9 နဲ႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြကိုလည္း ထုတ္ျပခဲ့ပါေသးတယ္။ အဆိုပါ ဓာတ္ပုံေတြကိုေတာ့ ေအာက္မွာ ၾကည့္ရွဴ႕ႏိုင္ပါတယ္။

Ref : Gizmochina

[Unicode]

Xiaomi Mi 9 ရဲ့ ကင်မရာ Camera Specs တွေကို အတိအကျ သိရပြီ

Xiaomi က Mi 9 ကို ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ကြောင်း ကြေညာပြီးကတည်းက Mi 9 နဲ့ပတ်သတ်တဲ့ သတင်းတွေဟာ အင်တာနက်ပေါ်မှာ နေ့စဥ်နဲ့အမျှ ပေါ်ထွက်နေပါတယ်။ မနေ့တုန်းကလည်း Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun က Mi 9 မှာ တပ်ဆင်ထားမယ့် ကင်မရာ အချက်အလက်တွေကို Weibo မှာ မျှဝေခဲ့ပါတယ်။

Xiaomi CEO Lei Jun မျှဝေလိုက်တဲ့ အချက်အလက်တွေအရဆိုရင် Mi 9 ရဲ့ နောက်ကျောဘက် ကင်မရာဟာ 2X Optical Zoom + Super-wide Angle Sensor တွေကို Main Camera နဲ့ ပူးတွဲ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Main Camera အတွက် Aperture f/1.75 ရှိတဲ့ 48MP Sony IMX586 Wide-angle Sensor တပ်ဆင်ထားပြီး 2X Optical Zoom အတွက် Aperture f/2.2 ရှိတဲ့ 12MP Sensor တပ်ဆင်ထားပါတယ်။ Portrait ဓာတ်ပုံတွေရိုက်တဲ့ အခါမှာလည်း နောက်ခံ Background တွေ ဝေဝါးသွားစေဖို့အတွက် အဆိုပါ 12MP Sensor ကပဲ လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။ Super-wide Angle Camera အတွက်ကိုတော့ Viewing Angle 117 ဒီဂရီနဲ့ Aperture f/2.2 ရှိတဲ့ 16MP Sensor ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။ Xiaomi ရဲ့ ပြောကြားချက်များအရ အဆိုပါ Camera ဟာ မြင်ကွင်းကျယ်ဓာတ်ပုံတွေသာမက Macro Shots (အနုစိပ်) ဓာတ်ပုံတွေပါ ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။

ရှေ့ဘက်မျက်နှာပြင် Waterdrop Notch ထဲမှာတော့ AI Beauty Mode ထောက်ပံ့ပေးထားတဲ့ 20MP Selfie Camera ကို တပ်ဆင်ထားမှာပါ။ Xiaomi ဟာ Mi 9 ရဲ့ ကင်မရာ အချက်အလက်တွေကို ဖော်ပြရုံသာမက Mi 9 နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်ပြခဲ့ပါသေးတယ်။ အဆိုပါ ဓာတ်ပုံတွေကိုတော့ အောက်မှာ ကြည့်ရှူ့နိုင်ပါတယ်။

Ref : Gizmochina