Zawgyi

Xiaomi ဖုန္းအသစ္ တစ္လုံးရဲ႕ အခ်က္အလက္ေတြဟာ လွ်ပ္စစ္ပစၥည္းေတြကို ေထာက္ခံခ်က္ေပးတဲ့ တ႐ုတ္ျပည္တြင္းအဖြဲ႕ အစည္းတစ္ခုကေန ထြက္ေပၚလာပါတယ္။ အဆိုပါ ဖုန္းအသစ္ရဲ႕ ေမာ္ဒယ္ နံပါတ္ေတြဟာ M1902F1A နဲ႕ M1902F1T ျဖစ္ၿပီး ေပါက္ၾကားလာတဲ့ အခ်က္အလက္ေတြအရ Xiaomi ရဲ႕ အဆိုပါ ဖုန္းအသစ္ဟာ Flagship ဖုန္းတစ္လုံးျဖစ္နိုင္ပါတယ္။

အဆိုပါ ဖုန္းအသစ္ရဲ႕ အခ်က္အလက္ေတြအရ ေမာ္ဒယ္နံပါတ္ MDY-08-ES ပါဝင္တဲ့ 27W အားရွိတဲ့ အျမန္အားသြင္းေပးမယ့္ Charger တစ္ခု ပါဝင္တာကို ေတြ႕ရပါတယ္။ ဖုန္းနဲ႕ ပတ္သက္​တဲ့ တစ္ျခားအခ်က္ေတြကိုေတာ့ ေသခ်ာသိရျခင္းမရွိေသးတာေၾကာင့္ အဆိုပါ ဖုန္းဟာ Xiaomi လား၊ Redmi လားဆိုတာ ေသခ်ာမသိနိုင္ပါဘူး။ ခန႔္မွန္းခ်က္ေတြအရ Flagship ျဖစ္မယ္လို႔သိရလို႔ အဆိုပါ ဖုန္းဟာ Mi9 ျဖစ္နိုင္ပါတယ္။ ဒါေပမယ့္လည္း Redmi ကေန Snapdragon 855 SoC သုံးထားတဲ့ Flagship တစ္လုံးကို ထုတ္မယ္လို႔ သတင္းေတြထြက္ထားတဲ့ အတြက္ အဆိုပါ ဖုန္းဟာ Redmi ဖုန္းအသစ္လည္း ျဖစ္နိုင္ေခ်ရွိပါတယ္။

ေမာ္ဒယ္ နံပါတ္ေတြကို ႏွိုင္းယွဥ္ၾကည့္တဲ့ အခါမွာေတာ့ အခုေပါက္ၾကားလာတဲ့ ေမာ္ဒယ္ နံပါတ္ဟာ လက္ရွိ Xiaomi Flagship ဖုန္းျဖစ္တဲ့ Mi 8 ရဲ႕ ေမာ္ဒယ္နံပါတ္နဲ႕ သြားတူူေနတာ ေတြ႕ရပါတယ္။ အဲ့အခ်က္ေၾကာင့္ 27W Charger ပါဝင္လာနိုင္တဲ့ ဖုန္းဟာ Mi9 ျဖစ္နိုင္ပါတယ္။ ဒီလ အေစာပိုင္းကလည္း Xiaomi CEO Lei Jun က Mi9 မွာ ပိုမိုျမန္ဆန္တဲ့ အားသြင္းစနစ္ အသစ္တစ္ခု ပါဝင္လာမယ္လို႔ ေျပာထားတဲ့အတြက္ ျဖစ္နိုင္ေျခပိုမ်ားသြားပါၿပီ။

Xiaomi ကေန ေဖေဖာ္ဝါရီ ၁၉ မွာ ဖုန္းအသစ္တစ္လုံးမိတ္ဆက္လာနိုင္တယ္လို႔ သတင္းေတြထြက္ေပၚေနၿပီး အဆိုပါ ဖုန္းဟာ Mi9 ျဖစ္နိုင္တယ္။ Xiaomi Mi9 မွာ ၂၀၁၉ ရဲ႕ ဒိတ္ဒိတ္ႀကဲ မိုဘိုင္း ပရိုဆက္ဆာျဖစ္တဲ့ Snapdragon 855 ကို တပ္ဆင္ေပးထားမွာျဖစ္ၿပီး ေနာက္ေက်ာဘက္ Triple Cameras ေတြပါဝင္လာနိုင္ပါတယ္။

Ref: Gizmo China

Unicode

Xiaomi Mi 9 မှာ 27W ရှိ အားအမြန်သွင်းစနစ် ပါဝင်လာဖွယ်ရှိ

Xiaomi ဖုန်းအသစ် တစ်လုံးရဲ့ အချက်အလက်တွေဟာ လျှပ်စစ်ပစ္စည်းတွေကို ထောက်ခံချက်ပေးတဲ့ တရုတ်ပြည်တွင်းအဖွဲ့ အစည်းတစ်ခုကနေ ထွက်ပေါ်လာပါတယ်။ အဆိုပါ ဖုန်းအသစ်ရဲ့ မော်ဒယ် နံပါတ်တွေဟာ M1902F1A နဲ့ M1902F1T ဖြစ်ပြီး ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ Xiaomi ရဲ့ အဆိုပါ ဖုန်းအသစ်ဟာ Flagship ဖုန်းတစ်လုံးဖြစ်နိုင်ပါတယ်။

အဆိုပါ ဖုန်းအသစ်ရဲ့ အချက်အလက်တွေအရ မော်ဒယ်နံပါတ် MDY-08-ES ပါဝင်တဲ့ 27W အားရှိတဲ့ အမြန်အားသွင်းပေးမယ့် Charger တစ်ခု ပါဝင်တာကို တွေ့ရပါတယ်။ ဖုန်းနဲ့ ပတ်သက်​တဲ့ တစ်ခြားအချက်တွေကိုတော့ သေချာသိရခြင်းမရှိသေးတာကြောင့် အဆိုပါ ဖုန်းဟာ Xiaomi လား၊ Redmi လားဆိုတာ သေချာမသိနိုင်ပါဘူး။ ခန့်မှန်းချက်တွေအရ Flagship ဖြစ်မယ်လို့သိရလို့ အဆိုပါ ဖုန်းဟာ Mi9 ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Redmi ကနေ Snapdragon 855 SoC သုံးထားတဲ့ Flagship တစ်လုံးကို ထုတ်မယ်လို့ သတင်းတွေထွက်ထားတဲ့ အတွက် အဆိုပါ ဖုန်းဟာ Redmi ဖုန်းအသစ်လည်း ဖြစ်နိုင်ချေရှိပါတယ်။

မော်ဒယ် နံပါတ်တွေကို နှိုင်းယှဉ်ကြည့်တဲ့ အခါမှာတော့ အခုပေါက်ကြားလာတဲ့ မော်ဒယ် နံပါတ်ဟာ လက်ရှိ Xiaomi Flagship ဖုန်းဖြစ်တဲ့ Mi 8 ရဲ့ မော်ဒယ်နံပါတ်နဲ့ သွားတူနေတာ တွေ့ရပါတယ်။ အဲ့အချက်ကြောင့် 27W Charger ပါဝင်လာနိုင်တဲ့ ဖုန်းဟာ Mi9 ဖြစ်နိုင်ပါတယ်။ ဒီလ အစောပိုင်းကလည်း Xiaomi CEO Lei Jun က Mi9 မှာ ပိုမိုမြန်ဆန်တဲ့ အားသွင်းစနစ် အသစ်တစ်ခု ပါဝင်လာမယ်လို့ ပြောထားတဲ့အတွက် ဖြစ်နိုင်ခြေပိုများသွားပါပြီ။

Xiaomi ကနေ ဖေဖော်ဝါရီ ၁၉ မှာ ဖုန်းအသစ်တစ်လုံးမိတ်ဆက်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အဆိုပါ ဖုန်းဟာ Mi9 ဖြစ်နိုင်တယ်။ Xiaomi Mi9 မှာ ၂၀၁၉ ရဲ့ ဒိတ်ဒိတ်ကြဲ မိုဘိုင်း ပရိုဆက်ဆာဖြစ်တဲ့ Snapdragon 855 ကို တပ်ဆင်ပေးထားမှာဖြစ်ပြီး နောက်ကျောဘက် Triple Cameras တွေပါဝင်လာနိုင်ပါတယ်။

Ref: Gizmo China