[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ကြၽန္ေတာ္ Xiaomi Mi CC9 နဲ႔ Mi 9 SE တို႔ရဲ႕ အဓိက Specifications ေတြကို ႏႈိင္းယွဥ္ေဖာ္ျပေပးထားတဲ့ Comparison Image ေလးကို MyTech Myanmar Page မွာ တင္ေပးခဲ့ပါတယ္။ ရလဒ္ကေတာ့ တခ်ိန္တုန္းက Mid-range စမတ္ဖုန္းေလာကမွာ ဆရာက်ခဲ့တဲ့ Mi 9 SE ဟာ Mi CC9 ရဲ႕ လႊမ္းမိုးမႈေအာက္ကို ေရာက္ရွိသြားပါတယ္။

Comparison Image Post ေလးရဲ႕ ေအာက္မွာ Mi 9 SE ထက္ Mi CC9 ကို ပိုၿပီး သေဘာက်တဲ့ Comments ေတာ္ေတာ္မ်ားမ်ားကို ျမင္ေတြ႕ခဲ့ရပါတယ္။ Mi 9 SE မွာပါတဲ့ Snapdragon 712 SoC နဲ႔ 8MP Telephoto Lens ေတြဟာ Xiaomi ပရိတ္သတ္ေတြကို ေကာင္းစြာ မစြဲေဆာင္ႏိုင္ခဲ့ဘူးလို႔ ေျပာရမွာပါ။ ဒါ့အျပင္ တဖက္မွာလည္း Mi CC9 က ဒီဇိုင္းလွလွ၊ Display Size ႀကီးႀကီး၊ ဘက္ထရီမ်ားမ်ားပါတဲ့ အားသာခ်က္ေတြ ရွိေနျပန္ပါေသးတယ္။

Mi CC9 မွာ သုံးထားတဲ့ Snapdragon 710 SoC (10nm) နဲ႔ Mi 9 SE မွာ သုံးထားတဲ့ Snapdragon 712 SoC (10nm) တို႔ဟာ စြမ္းေဆာင္ရည္ အရမ္းႀကီး ကြာျခားမႈမရွိတာက Mi CC9 ဘက္ကို ျမႇားဦးလွည့္သြားေစတဲ့ အဓိကအခ်က္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ 6.39” Display, 4030mAh Battery နဲ႔ 32MP Selfie Camera ေတြကလည္း Mi CC9 ကို ႀကိဳက္ႏွစ္သက္ဖို႔ ေစ်းဗန္းခင္းေနတဲ့ အရာမ်ား ျဖစ္ၾကပါတယ္။

Xiaomi Mi CC9

Triple Camera Setup မွာေတာ့ 8MP Ultra-wide Sensor အစား 13MP Ultra-wide Sensor နဲ႔ 8MP Telephoto Lens ေတြပါတဲ့ Mi 9 SE က အားသာပါတယ္။ ဒါေပမယ့္ အဲ့ဒီ Sensor ေတြက ဒီဇိုင္းပိုလွ၊ Display Size ပိုႀကီးၿပီး Battery ပိုမ်ားတဲ့ Mi CC9 ေလာက္ ႏွစ္လိုဖြယ္ မေကာင္းဘူးဆိုတာကို Xiaomi ပရိတ္သတ္ေတြက သက္ေသျပသြားခဲ့ပါတယ္။

Specs Ref : GsmArena

[Unicode]

Xiaomi Mi CC9 နဲ့ Mi 9 SE တို့ရဲ့ ကွာခြားချက်များကို ပြန်လည်သုံးသပ်ကြည့်ခြင်း

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော် Xiaomi Mi CC9 နဲ့ Mi 9 SE တို့ရဲ့ အဓိက Specifications တွေကို နှိုင်းယှဥ်ဖော်ပြပေးထားတဲ့ Comparison Image လေးကို MyTech Myanmar Page မှာ တင်ပေးခဲ့ပါတယ်။ ရလဒ်ကတော့ တချိန်တုန်းက Mid-range စမတ်ဖုန်းလောကမှာ ဆရာကျခဲ့တဲ့ Mi 9 SE ဟာ Mi CC9 ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်ရှိသွားပါတယ်။

Comparison Image Post လေးရဲ့ အောက်မှာ Mi 9 SE ထက် Mi CC9 ကို ပိုပြီး သဘောကျတဲ့ Comments တော်တော်များများကို မြင်တွေ့ခဲ့ရပါတယ်။ Mi 9 SE မှာပါတဲ့ Snapdragon 712 SoC နဲ့ 8MP Telephoto Lens တွေဟာ Xiaomi ပရိတ်သတ်တွေကို ကောင်းစွာ မစွဲဆောင်နိုင်ခဲ့ဘူးလို့ ပြောရမှာပါ။ ဒါ့အပြင် တဖက်မှာလည်း Mi CC9 က ဒီဇိုင်းလှလှ၊ Display Size ကြီးကြီး၊ ဘက်ထရီများများပါတဲ့ အားသာချက်တွေ ရှိနေပြန်ပါသေးတယ်။

Mi CC9 မှာ သုံးထားတဲ့ Snapdragon 710 SoC (10nm) နဲ့ Mi 9 SE မှာ သုံးထားတဲ့ Snapdragon 712 SoC (10nm) တို့ဟာ စွမ်းဆောင်ရည် အရမ်းကြီး ကွာခြားမှုမရှိတာက Mi CC9 ဘက်ကို မြှားဦးလှည့်သွားစေတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် 6.39” Display, 4030mAh Battery နဲ့ 32MP Selfie Camera တွေကလည်း Mi CC9 ကို ကြိုက်နှစ်သက်ဖို့ စျေးဗန်းခင်းနေတဲ့ အရာများ ဖြစ်ကြပါတယ်။

Xiaomi Mi CC9

Triple Camera Setup မှာတော့ 8MP Ultra-wide Sensor အစား 13MP Ultra-wide Sensor နဲ့ 8MP Telephoto Lens တွေပါတဲ့ Mi 9 SE က အားသာပါတယ်။ ဒါပေမယ့် အဲ့ဒီ Sensor တွေက ဒီဇိုင်းပိုလှ၊ Display Size ပိုကြီးပြီး Battery ပိုများတဲ့ Mi CC9 လောက် နှစ်လိုဖွယ် မကောင်းဘူးဆိုတာကို Xiaomi ပရိတ်သတ်တွေက သက်သေပြသွားခဲ့ပါတယ်။

Specs Ref : GsmArena