Zawgyi

Xiaomi ဟာ သူတုိ႔ရဲ႕ Mi 9 Flagship စမတ္ဖုန္းကို အခုႏွစ္ ေဖေဖာ္ဝါရီလထဲက မိတ္ဆက္ခဲ့တာပါ။ ဒါေပမယ့္ ကုမၸဏီဟာ ေနာက္ထပ္မိသားစုဝင္တစ္ေယာက္ျဖစ္တဲ့ Mi 9T ဗားရွင္းအား လာမယ့္ ဇြန္ ၁၂ ရက္ေန႔မွာ ထပ္မံမိတ္ဆက္သြားဖို႔ ရက္သတ္မွတ္လိုက္ျပန္ပါတယ္။

ဒီလိုဆုိေပမယ့္ Mi 9T ကိုယ္တုိင္ကေတာ့ လုံးဝအသစ္စက္စက္ စမတ္ဖုန္းတစ္လုံး မဟုတ္ခဲ့ပါဘူး။ ၿပီးခဲ့တဲ့ အပတ္က တရုတ္ျပည္တြင္းမွာ မိတ္ဆက္ခဲ့တဲ့ Redmi K20 ဖုန္းကို အမည္ျပန္ေျပာင္းထားတာသာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Mi 9T ဟာလည္း Pro ေမာ္ဒယ္တစ္ခုနဲ႔ ထြက္ေပၚလာမယ္လို႔ ေမွ်ာ္လင့္ရၿပီး K20 Pro ကို အလားတူ ျပန္လည္မိတ္ဆက္လာဖို႔ပါ။

ႏုိင္ငံတကာေစ်းကြက္ကို ျဖန္႔ခ်ိဖို႔အတြက္ K20 ကို အမွတ္တံဆိပ္ေျပာင္းလဲမႈက ဒီေလာက္နဲ႔ ရပ္တန္႔မသြားဘဲ အခ်ဳိ႕ေစ်းကြက္ေတြကို Pocophone F2 နဲ႔ Pocophone F2 Pro နာမည္ေအာက္ကေန ဝင္ေရာက္သြားဦးမွာပါ။ တရုတ္ေစ်းကြက္နည္းတူ အိႏၵိယမွာလည္း မူလနာမည္နဲ႔ပဲ ဇူလိုင္လ ၁၅ ရက္ေန႔က စတင္ေရာင္းခ်သြားမွာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အမည္သုံးခုနဲ႔ ရႈပ္ေထြးေနတဲ့ ဟန္းဆက္ဟာ Mi 9T အျဖစ္ေရာ ဘယ္ေစ်းကြက္ေတြကို ဝင္လာဦးမွာလဲ ဆုိတာေတာ့ လာမယ့္ဗုဒၶဟူးေန႔မွာ သိရေတာ့မွာပဲျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Xiaomi ဟာ သူတို့ရဲ့ Mi 9 Flagship စမတ်ဖုန်းကို အခုနှစ် ဖေဖော်ဝါရီလထဲက မိတ်ဆက်ခဲ့တာပါ။ ဒါပေမယ့် ကုမ္ပဏီဟာ နောက်ထပ်မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ Mi 9T ဗားရှင်းအား လာမယ့် ဇွန် ၁၂ ရက်နေ့မှာ ထပ်မံမိတ်ဆက်သွားဖို့ ရက်သတ်မှတ်လိုက်ပြန်ပါတယ်။

ဒီလိုဆိုပေမယ့် Mi 9T ကိုယ်တိုင်ကတော့ လုံးဝအသစ်စက်စက် စမတ်ဖုန်းတစ်လုံး မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ အပတ်က တရုတ်ပြည်တွင်းမှာ မိတ်ဆက်ခဲ့တဲ့ Redmi K20 ဖုန်းကို အမည်ပြန်ပြောင်းထားတာသာ ဖြစ်ပါတယ်။ ဒါကြောင့် Mi 9T ဟာလည်း Pro မော်ဒယ်တစ်ခုနဲ့ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပြီး K20 Pro ကို အလားတူ ပြန်လည်မိတ်ဆက်လာဖို့ပါ။

နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိဖို့အတွက် K20 ကို အမှတ်တံဆိပ်ပြောင်းလဲမှုက ဒီလောက်နဲ့ ရပ်တန့်မသွားဘဲ အချို့ဈေးကွက်တွေကို Pocophone F2 နဲ့ Pocophone F2 Pro နာမည်အောက်ကနေ ဝင်ရောက်သွားဦးမှာပါ။ တရုတ်ဈေးကွက်နည်းတူ အိန္ဒိယမှာလည်း မူလနာမည်နဲ့ပဲ ဇူလိုင်လ ၁၅ ရက်နေ့က စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ အမည်သုံးခုနဲ့ ရှုပ်ထွေးနေတဲ့ ဟန်းဆက်ဟာ Mi 9T အဖြစ်ရော ဘယ်ဈေးကွက်တွေကို ဝင်လာဦးမှာလဲ ဆိုတာတော့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ သိရတော့မှာပဲဖြစ်ပါတယ်။

Ref – GSM Arena