Xiaomi က ၂၀၂၀ ခုနှစ်ကို Mi 11 နဲ့ နှုတ်ဆက်ခဲံ့ပြီး Snapdragon 888 Chipset ပါတဲ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Xiaomi ဟာ ဒါနဲ့တင် မကျေနပ်နိုင်သေးဘဲ Mi 11 Pro ကို နောက်လမှာ ချပြမယ်လို့ သတင်းထွက်နေပါတယ်။

Xiaomi Mi 11 Pro may support 80W wireless charging

အခုတော့ တရုတ်က ထွက်လာတဲ့ သတင်းအရ Mi 11 Pro or Mi 11 Pro+ မှာ 80W Wireless Charging ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Xiaomi က အဲဒီ နည်းပညာကို အောင်မြင်စွာ ဖန်တီးထားနိုင်ပြီ ဖြစ်ပေမယ့် အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရဖို့ လုပ်ဆောင်ရပါသေးတယ်။

ဖေဖော်ဝါရီလအတွင်းမှာ Mi 11 Pro ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ Xiaomi – MyTech Myanmar

ဒီ နည်းပညာသာ Mi 11 Pro မှာ တကယ်ပါလာမယ်ဆိုရင် ကမ္ဘာမှာ အမြန်ဆုံး Wireless Charging ဖြစ်လာနိုင်ပါတယ်။ 80W Wireless Charging က 4,000mAh ဘက်ထရီကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးဖို့ ၁၈ မိနစ်ပဲ ကြာတယ်လို့ သတင်းထွက်နေပါတယ်။ Mi 10 Ultra ရဲ့ 120W Wired Charging ကိုလည်း Mi 11 Pro မှာ ထည့်သွင်းထားနိုင်ပါတယ်။

တခြား သတင်းတွေအရ Mi 11 Pro ရဲ့ အနောက်ဘက်မှာ အရွယ်ကြီး လေးထောင့် ကင်မရာ အကွက် ပါလာနိုင်ပြီး Periscope Lens က 10x Optical Zoom နဲ့ 120x Hybrid Zoom ထောက်ပံ့ပေးနိုင်ပါတယ်။ မျက်နှာပြင်က Mi 11 လိုပဲ ၆.၈၁ လက်မ OLED QHD+ Resolution , 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate တွေ ဖြစ်နိုင်ပါတယ်။

Ref : gsmarena