ဒီနှစ်ထဲမှာ Xiaomi ရဲ့ Redmi Note 11 lineup က သိပ်ပြီးရှုပ်ထွေးမှုမရှိဘူးလို့ ဆိုနိုင်ပါတယ်။ အခုအချိန်အထိတော့ Redmi Note 11S လို့နာမည်ပေးထားတဲ့ နောက်ထပ်မိသားစုဝင်တစ်ခုကို စောင့်ဆိုင်းနေရတုန်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်မှာ တရားဝင်ကြေညာတော့မယ်လို့ ယုံကြည်ရပါတယ်။

ဒီသတင်းက Xiaomi ကနေထွက်ပေါ်လာတာဖြစ်ပြီး သူတို့ကလည်း IMEI database ထဲကနေ တူးဖော်ရရှိလာတာလို့ ဆိုပါတယ်။ သူ့ရဲ့မော်ဒယ်နံပါတ်က K16B ဖြစ်ပြီး Poco M4 Pro 5G နဲ့ Redmi Note 11 5G (တရုတ်အတွက်) တို့နဲ့လည်း အတော်လေးကို ဆင်တူပါတယ်။

တကယ်တမ်းပြောရရင်တော့ Poco M4 Pro 5G ဟာ နိုင်ငံတကာဈေးကွက်အတွက် Redmi Note 11 5G ကို Re-branded ပြန်လုပ်ထားတာပါပဲ။ ဒါကြောင့် K16B ဟာ Redmi Note 11 5G ရဲ့ နောက်ထပ်ဗားရှင်းတစ်မျိုးဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်ဟာ ပိုပြီးခိုင်မာတယ်လို့ ဆိုနိုင်ပါတယ်။

လက်ရှိမှာ 5G ချိတ်ဆက်နိုင်တဲ့ Redmi Note 11 ဟာ Note 11 Pro 5G ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာဈေးကွက်အတွက် ပိုပြီးဈေးသက်သာတဲ့ဗားရှင်းကို ထုတ်ပေးလာတယ်ဆိုတာလည်း အဓိပ္ပါယ်ရှိပါတယ်။ လာမဲ့ Note 11 5G ကလည်း အထက်ဖော်ပြပါ Device တွေနဲ့ တူညီတဲ့ပလက်ဖောင်းကိုပဲ မျှဝေထားတာကြောင့် Chipset ဟာ Dimensity 810 5G ပဲဖြစ်ဖွယ်ရှိပါတယ်။

Ref: GSM Arena