Xiaomi က ဦးနှောက်လှိုင်းတွေကို အသုံးပြုကာ စမတ်နေအိမ် ပစ္စည်းတွေကို စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ MiGu Headband ကို ပြသလိုက်ပါတယ်။ အဲဒီ Headband ဟာ Xiaomi Group ရဲ့ တတိယအကြိမ် အွန်လိုင်း Hackathon မှာ ပထမဆုရခဲ့တဲ့ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ စမတ်နေအိမ် ပစ္စည်းတွေကို စိတ်နဲ့ ထိန်းချုပ်နိုင်ရုံသာမက Headband က ကားမောင်းနေစဉ် ပင်ပန်းနွမ်းနယ်တာကိုပါ အာရုံခံပေးနိုင်ပါတယ်။

Xiaomi MiGu Headband: Smart home control with thought - xiaomiui

အဲဒီ စီမံကိန်းရဲ့ အင်ဂျင်နီယာက သဘာဝကျပြီး ပိုမို သက်တောင့်သက်သာရှိတဲ့ စမတ် လူနေမှုဘဝကို လူတိုင်း ရရှိစေဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

Xiaomi Migu headband image

MiGu ကို တီထွင်တဲ့ အဖွဲ့က လျှပ်စစ် လှိုင်းတွေကို ဖမ်းယူရာမှာ ကူညီပေးတဲ့ အချက် ၃ ခုကို MiGu မှာ ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် MiGu ဟာ ဝတ်ဆင်ထားသူရဲ့ EEG (Electroencephalography) ကို ဖတ်ပေးနိုင်ပါတယ်။

EEG ဟာ ဦးနှောက်က လျှပ်စစ် လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ စမ်းသပ်မှု ဖြစ်ပါတယ်။ လူတွေဟာ မတူညီတဲ့ စိတ်ခံစားမှု အခြေအနေတွေမှာ ကွဲပြားတဲ့ EEG Waveform တွေကို ထုတ်လုပ်ပြီး MiGu က Machine Learning ကို အသုံးပြုကာ အဲဒါကို တိုင်းတာတာပါ။

အထက်မှာ ဖော်ပြထားသလိုပဲ MiGu ဟာ Xiaomi ရဲ့ အွန်လိုင်း Hackathon မှာ အနိုင်ရခဲ့တဲ့ စီမံကိန်း ဖြစ်ပြီး ရောင်းချမလား၊ မရောင်းချဘူးလားဆိုတာ မသိရသေးပါဘူး။ ဘာပဲပြောပြော MiGu ဟာ စိတ်ဝင်စားစရာ ကောင်းပြီး ရောင်းမယ်ဆိုရင် လူများစွာရဲ့ အာရုံစိုက်မှုကို ရရှိမှာပါ။

Ref : gizmochina