Xiaomi ဟာ ပြီးခဲ့တဲ့ MIUI 12 တုန်းကပဲ ယခင် MIUI Version တွေကနေ ကွဲထွက်ထားတဲ့ Design နဲ့ UI Update ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းထွက်ရှိခဲ့တဲ့ MIUI 12.5 ၊ MIUI 12.5 Enhanced Edition နဲ့ MIUI 13 တွေမှာတော့ Design ပိုင်း ပြောင်းလဲမှုတွေမရှိခဲ့ပဲ Feature အသစ်တွေပဲ ထည့်သွင်းမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ရှိထားတဲ့ သတင်းတွေအရတော့ Xiaomi ဟာ မကြာခင်မှာ မိတ်ဆက်ဖို့ရှိနေတဲ့ MIUI 14 မှာတော့ Design ပိုင်းပြောင်းလဲမှုကို အဓိကထားပြီး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Design ပြောင်းလဲမှုကို စောင့်ဆိုင်းနေကြတဲ့ Xiaomi ဖုန်းအသုံးပြုသူတွေအတွက် MIUI 14 က စိတ်ဝင်စားစရာဖြစ်လာနိုင်ပါတယ်။

အဆိုပါ Design ပြောင်းလဲမှုမှာ အဓိကအနေနဲ့ Font ကို လက်ရှိထက် ပိုပြီး Bold ဖြစ်တဲ့ Font ကို အသုံးပြုထားမှာဖြစ်ပြီး UI ကိုလည်း ပိုပြီး ခေတ်ဆန်သွားစေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အဓိက System App တွေဖြစ်တဲ့ Gallery ၊ Clock နဲ့ App Vault လိုမျိုး App တွေကိုလည်း Design ပြောင်းလဲမှုတွေပြုလုပ်ထားမယ်လို့ သိရပါတယ်။

နောက်ထပ်အနေနဲ့ကတော့ လက်ရှိပါဝင်တဲ့ Widget Picker ၊ Launcher Setting Menu ၊ APK Installer နဲ့ Permission Dialog တွေကိုလည်း အနည်းငယ် ပုံစံပြောင်းလဲထားမယ်လို့ သိရပါတယ်။ အခုလိုမျိုး အမြင်ပန်းတင်မဟုတ်သေးဘဲ MIUI 14 ဟာ Feature အသစ်တွေကိုလည်း အများကြီးထည့်သွင်းထားဦးမှာဖြစ်ပါတယ်။

Ref – Gizmo China