[Zawgyi]

Xiaomi ဟာ MIUI 11 ကို ဖန္တီးေနၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ေၾကညာခဲ့ဖူးေပမယ့္ MIUI 11 နဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာ အေသးစိတ္ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားသြားျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ ဒီေန႔မွာေတာ့ MIUI ရဲ႕ ထုတ္ကုန္ဒါ႐ိုက္တာ ျဖစ္သူ Liu Meng နဲ႔ ဒီဇိုင္းဒါ႐ိုက္တာ ျဖစ္သူ Ge Rui တို႔က MIUI 11 နဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာတခ်ိဴ႕ကို ထုတ္ေဖာ္ေျပာၾကားသြားခဲ့ေၾကာင္း XDA-Developers ရွိ သတင္းမ်ားအရ သိရပါတယ္။

MIUI 11 နဲ႔ပတ္သတ္ၿပီး လက္ရွိ ၾကားသိထားတဲ့ သတင္းေတြအရဆိုရင္ MIUI 11 မွာ Animations နဲ႔ Icon ပုံစံေတြေျပာင္းလဲသြားမွာ ျဖစ္ၿပီး Icon ပုံစံေတြက လက္ရွိဒီဇိုင္းေတြနဲ႔ မတူေတာ့ဘဲ ခပ္ျပားျပားပုံစံေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါ့အျပင္ ဘက္ထရီအားက ေနာက္ဆုံးထြက္သက္ကို ေရာက္ရွိေနတဲ့အခ်ိန္မွာ Screen ႀကီး တစ္ခုလုံးကို Monochrome Color (အျဖဴ/အမဲ) အျဖစ္ေျပာင္းလဲေပးႏိုင္မယ့္ Ultra Power Saving Mode အသစ္လည္း ပါဝင္လာမယ္လို႔ သိရပါတယ္။

MIUI 11 မွာ ေနာက္ထပ္ ေျပာင္းလဲသြားႏိုင္တဲ့ ဒီဇိုင္းေတြကေတာ့ Notch Display ေတြနဲ႔ အလိုက္ဖက္ဆုံးျဖစ္ေအာင္ ျပဳျပင္ေျပာင္းလဲထားမယ့္ Status Bar ျဖစ္ၿပီး၊ အဆိုပါ Status Bar ကို အမည္းေရာင္အျဖစ္ ေျပာင္းလဲေပးႏိုင္မယ့္ Option လည္း ပါဝင္လာႏိုင္ပါတယ္။ ဒါ့အျပင္ အသုံးျပဳသူက Screenshots ဓာတ္ပုံေတြကို Share ၿပီးသြားတဲ့အခါမွာ အလိုအေလ်ာက္ ဖ်က္ေပးႏိုင္မယ့္ Automatic Screenshot Management feature လည္း MIUI 11 မွာ ပါဝင္လာႏိုင္တယ္လို႔ သိရပါတယ္။

MIUI 11 မွာ အႀကီးမားဆုံး ေျပာင္းလဲမႈႀကီး ျဖစ္လာႏိုင္တဲ့၊ Xiaomi ပရိတ္သတ္ အားလုံးနီးပါး ေမွ်ာ္လင့္ေတာင့္တေနတဲ့ System-wide Dark Mode ကိုေတာ့ Xiaomi ဘက္ကလည္း အျမန္ဆုံးထည့္သြင္းေပးႏိုင္ဖို႔ လိုလားေနပုံ ရပါတယ္။ ဒါေပမယ့္ MIUI 11 ကို တရားဝင္ ထုတ္လႊင့္ေပးတဲ့အခါမွာ System-wide Dark Mode က တခါတည္း ပါလာမလားဆိုတာကိုေတာ့ Xiaomi က အတည္အလင္း ထုတ္ေဖာ္ေျပာၾကားသြားျခင္း မရွိခဲ့ပါဘူး။

Ref : Android Authority , XDA-developers

[Unicode]

MIUI 11 မှာ တလောကလုံး အမှောင်ချနိုင်တဲ့ System-wide Dark Mode ပါဝင်လာဖွယ်ရှိ

Xiaomi ဟာ MIUI 11 ကို ဖန်တီးနေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကြေညာခဲ့ဖူးပေမယ့် MIUI 11 နဲ့ ပတ်သတ်တဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားသွားခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ MIUI ရဲ့ ထုတ်ကုန်ဒါရိုက်တာ ဖြစ်သူ Liu Meng နဲ့ ဒီဇိုင်းဒါရိုက်တာ ဖြစ်သူ Ge Rui တို့က MIUI 11 နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတချိူ့ကို ထုတ်ဖော်ပြောကြားသွားခဲ့ကြောင်း XDA-Developers ရှိ သတင်းများအရ သိရပါတယ်။

MIUI 11 နဲ့ပတ်သတ်ပြီး လက်ရှိ ကြားသိထားတဲ့ သတင်းတွေအရဆိုရင် MIUI 11 မှာ Animations နဲ့ Icon ပုံစံတွေပြောင်းလဲသွားမှာ ဖြစ်ပြီး Icon ပုံစံတွေက လက်ရှိဒီဇိုင်းတွေနဲ့ မတူတော့ဘဲ ခပ်ပြားပြားပုံစံတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဘက်ထရီအားက နောက်ဆုံးထွက်သက်ကို ရောက်ရှိနေတဲ့အချိန်မှာ Screen ကြီး တစ်ခုလုံးကို Monochrome Color (အဖြူ/အမဲ) အဖြစ်ပြောင်းလဲပေးနိုင်မယ့် Ultra Power Saving Mode အသစ်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

MIUI 11 မှာ နောက်ထပ် ပြောင်းလဲသွားနိုင်တဲ့ ဒီဇိုင်းတွေကတော့ Notch Display တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲထားမယ့် Status Bar ဖြစ်ပြီး၊ အဆိုပါ Status Bar ကို အမည်းရောင်အဖြစ် ပြောင်းလဲပေးနိုင်မယ့် Option လည်း ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုသူက Screenshots ဓာတ်ပုံတွေကို Share ပြီးသွားတဲ့အခါမှာ အလိုအလျောက် ဖျက်ပေးနိုင်မယ့် Automatic Screenshot Management feature လည်း MIUI 11 မှာ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

MIUI 11 မှာ အကြီးမားဆုံး ပြောင်းလဲမှုကြီး ဖြစ်လာနိုင်တဲ့၊ Xiaomi ပရိတ်သတ် အားလုံးနီးပါး မျှော်လင့်တောင့်တနေတဲ့ System-wide Dark Mode ကိုတော့ Xiaomi ဘက်ကလည်း အမြန်ဆုံးထည့်သွင်းပေးနိုင်ဖို့ လိုလားနေပုံ ရပါတယ်။ ဒါပေမယ့် MIUI 11 ကို တရားဝင် ထုတ်လွှင့်ပေးတဲ့အခါမှာ System-wide Dark Mode က တခါတည်း ပါလာမလားဆိုတာကိုတော့ Xiaomi က အတည်အလင်း ထုတ်ဖော်ပြောကြားသွားခြင်း မရှိခဲ့ပါဘူး။

Ref : Android Authority , XDA-developers