[Zawgyi]
Xiaomi အေနနဲ႔ ကမာၻအႏွံ႔အျပားမွာရွိတဲ့ သူတို႔ရဲ႕ စမတ္ဖုန္းေတြကို ေနာက္ဆုံးထြက္ Update ေတြရရွိေအာင္ အားသြန္ခြန္စိုက္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ MIUI 10 မွာတုန္းကလည္း လွပတဲ့ User Interface (UI) အေျပာင္းအလဲေတြနဲ႔အတူ ဆန္းသစ္တဲ့ Features မ်ားစြာပါဝင္ခဲ့တာေၾကာင့္ Xiaomi ပရိတ္သတ္မ်ားက သေဘာက် ႏွစ္သက္ခဲ့ပါတယ္။ အလားတူ Xiaomi ဘက္ကလည္း Flagship စမတ္ဖုန္းေတြကစလို႔ Budget စမတ္ဖုန္းေတြပါ မက်န္ Mi နဲ႔ Redmi စမတ္ဖုန္းေတာ္ေတာ္မ်ားမ်ားကို MIUI 10 ျမႇင့္တင္ႏိုင္ေအာင္ လုပ္ေဆာင္ေပးခဲ့ပါတယ္။
ဒီေန႔မွာေတာ့ Xiaomi ဟာ သူတို႔ရဲ႕ Flagship စမတ္ဖုန္းေတြနဲ႔ ေနာက္ဆုံးထြက္ စမတ္ဖုန္းေတြမွာ MIUI 11 ရရွိေအာင္ လုပ္ေအာင္ဖို႔ ရည္႐ြယ္ေနၿပီျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံအေျခစိုက္ နည္းပညာမီဒီယာတစ္ခုျဖစ္တဲ့ MyDrivers ကေန တစ္ဆင့္ သိရပါတယ္။ ဒါ့အျပင္ Xiaomi ဟာ MIUI 11 ကို စတင္စမ္းသပ္ေနၿပီ ျဖစ္ၿပီး သိပ္မၾကာခင္မွာ ထုတ္လႊင့္ေပးေတာ့မယ္လို႔လည္း ေဖာ္ျပထားပါေသးတယ္။
MIUI 11 နဲ႔ပတ္သတ္ၿပီး Xiaomi ဘက္က ရွင္းရွင္းလင္းလင္း ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေသးသလို ေပါက္ၾကားထြက္ေပၚမႈကလည္း အမ်ားႀကီး မရွိေသးတာေၾကာင့္ MIUI 10 နဲ႔ယွဥ္ရင္ ဘာေတြေျပာင္းလဲသြားမလဲဆိုတာကိုေတာ့ တိတိက်က် မသိရေသးပါဘူး။ ဒါေပမယ့္ ကြၽမ္းက်င္ပညာရွင္တခ်ိဴ႕ကေတာ့ MIUI 11 ဟာ အရင္ဗားရွင္းထက္ ပိုမိုျမန္ဆန္ ေပါ့ပါးလာမွာျဖစ္ၿပီး၊ UI အပိုင္းအမွာလည္း ေျပာင္းလဲမႈေတြ ျပဳလုပ္ထားမယ္လို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။ ဒါ့အျပင္ MIUI 11 ဟာ Foldable စမတ္ဖုန္းေတြအတြက္ သီးသန္႔ ျပဳျပင္မြမ္းမံမႈေတြကိုလည္း ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။
MIUI 11 Update ရရွိႏိုင္တဲ့ Mi စမတ္ဖုန္းမ်ား
Xiaomi Mi 9, Mi MIX 2, Mi MIX 1, Mi 6X, Mi 6, Mi Note 2, Mi Note 3, Mi 5X, Mi 5c, Mi 5s, Mi 5s Plus, Mi Max 2, Mi Max 3, Mi Max, Mi Play, Mi 8
MIUI 11 Update ရရွိႏိုင္တဲ့ Redmi စမတ္ဖုန္းမ်ား
Redmi Note 7, Redmi Note 7 Pro, Redmi 5 Plus, Redmi 4, Redmi 4A, Redmi 4X, Redmi 3S/3X, Redmi Note 5A, Redmi Note 4, Redmi Note 4X, Redmi Note 6, Redmi Note 6 Pro, Redmi S2, Redmi Note 5, Redmi Note 5 Pro, Redmi 6, Redmi 6A, Redmi 6 Pro, Redmi 5, Redmi 5A.
MIUI 11 Update ရရွိႏိုင္တဲ့ စမတ္ဖုန္း စာရင္းေတြဟာ Xiaomi ဘက္က တရားဝင္ထုတ္ ျပန္ေၾကညာတားတာ မဟုတ္တဲ့အတြက္ အျပည့္အဝ ယုံၾကည္ထားလို႔ မရပါဘူး။ တကယ္လို႔ အခ်က္အလက္ေတြက မွန္ကန္တယ္ဆိုရင္ေတာင္မွ MIUI 11 က လက္ရွိမွာ စမ္းသပ္ေနဆဲ အဆင့္သာရွိေသးတဲ့အတြက္ အဆိုပါ Update ကို ရရွိဖို႔ဆိုရင္ အနည္းဆုံး ၂လေလာက္ေတာ့ ေစာင့္ရဦးမွာပါ။
Ref : Gizmochina
[Unicode]
MIUI 11 မြှင့်တင်လို့ရမယ့် Xiaomi စမတ်ဖုန်းနာမည်များ ပေါက်ကြားထွက်ပေါ်
Xiaomi အနေနဲ့ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ သူတို့ရဲ့ စမတ်ဖုန်းတွေကို နောက်ဆုံးထွက် Update တွေရရှိအောင် အားသွန်ခွန်စိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ MIUI 10 မှာတုန်းကလည်း လှပတဲ့ User Interface (UI) အပြောင်းအလဲတွေနဲ့အတူ ဆန်းသစ်တဲ့ Features များစွာပါဝင်ခဲ့တာကြောင့် Xiaomi ပရိတ်သတ်များက သဘောကျ နှစ်သက်ခဲ့ပါတယ်။ အလားတူ Xiaomi ဘက်ကလည်း Flagship စမတ်ဖုန်းတွေကစလို့ Budget စမတ်ဖုန်းတွေပါ မကျန် Mi နဲ့ Redmi စမတ်ဖုန်းတော်တော်များများကို MIUI 10 မြှင့်တင်နိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။
ဒီနေ့မှာတော့ Xiaomi ဟာ သူတို့ရဲ့ Flagship စမတ်ဖုန်းတွေနဲ့ နောက်ဆုံးထွက် စမတ်ဖုန်းတွေမှာ MIUI 11 ရရှိအောင် လုပ်အောင်ဖို့ ရည်ရွယ်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံအခြေစိုက် နည်းပညာမီဒီယာတစ်ခုဖြစ်တဲ့ MyDrivers ကနေ တစ်ဆင့် သိရပါတယ်။ ဒါ့အပြင် Xiaomi ဟာ MIUI 11 ကို စတင်စမ်းသပ်နေပြီ ဖြစ်ပြီး သိပ်မကြာခင်မှာ ထုတ်လွှင့်ပေးတော့မယ်လို့လည်း ဖော်ပြထားပါသေးတယ်။
MIUI 11 နဲ့ပတ်သတ်ပြီး Xiaomi ဘက်က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးသလို ပေါက်ကြားထွက်ပေါ်မှုကလည်း အများကြီး မရှိသေးတာကြောင့် MIUI 10 နဲ့ယှဥ်ရင် ဘာတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တချိူ့ကတော့ MIUI 11 ဟာ အရင်ဗားရှင်းထက် ပိုမိုမြန်ဆန် ပေါ့ပါးလာမှာဖြစ်ပြီး၊ UI အပိုင်းအမှာလည်း ပြောင်းလဲမှုတွေ ပြုလုပ်ထားမယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။ ဒါ့အပြင် MIUI 11 ဟာ Foldable စမတ်ဖုန်းတွေအတွက် သီးသန့် ပြုပြင်မွမ်းမံမှုတွေကိုလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
MIUI 11 Update ရရှိနိုင်တဲ့ Mi စမတ်ဖုန်းများ
Xiaomi Mi 9, Mi MIX 2, Mi MIX 1, Mi 6X, Mi 6, Mi Note 2, Mi Note 3, Mi 5X, Mi 5c, Mi 5s, Mi 5s Plus, Mi Max 2, Mi Max 3, Mi Max, Mi Play, Mi 8
MIUI 11 Update ရရှိနိုင်တဲ့ Redmi စမတ်ဖုန်းများ
Redmi Note 7, Redmi Note 7 Pro, Redmi 5 Plus, Redmi 4, Redmi 4A, Redmi 4X, Redmi 3S/3X, Redmi Note 5A, Redmi Note 4, Redmi Note 4X, Redmi Note 6, Redmi Note 6 Pro, Redmi S2, Redmi Note 5, Redmi Note 5 Pro, Redmi 6, Redmi 6A, Redmi 6 Pro, Redmi 5, Redmi 5A.
MIUI 11 Update ရရှိနိုင်တဲ့ စမတ်ဖုန်း စာရင်းတွေဟာ Xiaomi ဘက်က တရားဝင်ထုတ် ပြန်ကြေညာတားတာ မဟုတ်တဲ့အတွက် အပြည့်အဝ ယုံကြည်ထားလို့ မရပါဘူး။ တကယ်လို့ အချက်အလက်တွေက မှန်ကန်တယ်ဆိုရင်တောင်မှ MIUI 11 က လက်ရှိမှာ စမ်းသပ်နေဆဲ အဆင့်သာရှိသေးတဲ့အတွက် အဆိုပါ Update ကို ရရှိဖို့ဆိုရင် အနည်းဆုံး ၂လလောက်တော့ စောင့်ရဦးမှာပါ။
Ref : Gizmochina