Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Foldable စမတ်ဖုန်းစျေးကွက်ကို Xiaomi Mix Fold နဲ့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။​ အခုအချိန်မှာတော့ Xiaomi ကနေ Mix Fold 2 ဖုန်းကိုပါ ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။

အခုလည်း နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ စိတ်ဝင်စားဖွယ်အချက်အလက်အချို့ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါကတော့ Xiaomi Mix Fold 2 မှာ ပါဝင်လာမယ့် Display နဲ့ ပတ်သက်ပြီး Specification တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရတော့ Xiaomi Mix Fold 2 စမတ်ဖုန်းဟာ 2K High-brush Flexible LTPO Display ကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။​ အဆိုပါ Display ဟာ တကယ်ကို Premium ဆန်တဲ့ Luxury ဆန်တဲ့ Quality တစ်ခုကို ရရှိမယ်လို့ သိရပါတယ်။

ဒါကြောင့် Display ပိုင်းမှာ Dual 120Hz High Refresh Rate ပါဝင်တဲ့ Internal နဲ့ External Display ၂ ခုပါဝင်မှာဖြစ်ပါတယ်။ ဒါက ယခင်တုန်းက Xiaomi Mix Fold မှာ အသုံးပြုခဲ့တဲ့ 60Hz External Display နဲ့ယှဥ်ရင် သိသိသာသာတိုးတက်လာစေမှာပါ။ External Display ဟာလည်း ယခင်နဲ့ယှဥ်ရင် သိသိသာသာပါးလွှာလာမယ်လို့ သိရပါတယ်။

Xiaomi Mix Fold 2 ဟာ Qualcomm Snapdragon 8 Gen1 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး 108MP Primary Sensor ပါဝင်တဲ့ Triple Camera Setup နဲ့ 20MP Selfie Camera တွေထည့်သွင်းထားမှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ 5020mAh ပါဝင်မှာဖြစ်ပြီး Fast Wired နဲ့ Wireless Charging တွေကို ထောက်ပံ့ပေးနိုင်မှာပါ။

Ref – Gizmo China