[Zawgyi]

Xiaomi ဟာ ေဈးႏႈန္းခ်ိဳသာတဲ့ စမတ္ဖုန္းေတြနဲ႔ ေဈးကြက္ကို ထိုးေဖာက္လာတဲ့ အမွတ္တံဆိပ္လို႔ဆိုရင္ မွားမယ္မထင္ပါဘူး။ ဒါေပမယ့္ ၂၀၁၈ ႏွစ္ကုန္ပိုင္းေလာက္ကစၿပီး တ႐ုတ္စမတ္ဖုန္းကုမၸဏီဟာ ကမာၻ႔ေဈးကြက္မွာ ခ်ဲ႕ထြင္ေနရာယူဖို႔ ႀကိဳးစားေနၿပီး Global Version ေတြကိုလည္း ထုတ္လုပ္လာၿပီ ျဖစ္ပါတယ္။

စမတ္ဖုန္းကုမၸဏီေတြဟာ ေနာက္ဆုံးေပၚနည္းပညာသစ္ေတြကို အၿပိဳင္အဆိုင္ မိတ္ဆက္ေနခ်ိန္မွာ Xiaomi ကေတာ့ ခပ္ျဖည္းျဖည္းနဲ႔ ေနာက္ကေနသာ လိုက္လာေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပထမဦးဆုံး Waterdrop Notch ကို မိတ္ဆက္ခဲ့သူမဟုတ္သလို ပထမဆုံး Dual camera ကို မိတ္ဆက္ႏိုင္ခဲ့တဲ့ ကုမၸဏီလည္း မဟုတ္ခဲ့ပါဘူး။

အခုေတာ့ Xiaomi အေနနဲ႔ လမ္းေၾကာင္းသစ္တစ္ခုကို ေလွ်ာက္လွမ္းဖို႔ ျပင္ဆင္ေနၿပီလို႔ ေျပာႏိုင္ပါတယ္။ Xiaomi ရဲ႕ ဉကၠဌနဲ႔ တြဲဖက္တည္ေထာင္သူျဖစ္တဲ့ Lin Bin က Weibo မွာ UD Fingerprint နည္းပညာသစ္ ေရွ႕ေျပးသ႐ုပ္ျပတဲ့ ဗြီဒီယို တစ္ခုကို တင္လိုက္ပါတယ္။

ဒီဗြီဒီယိုထဲမွာ Xiaomi ရဲ႕ မ်ိဳးဆက္သစ္ UD Fingerprint နည္းပညာဟာ ဖုန္းမ်က္ႏွာျပင္ရဲ႕ ေနရာအေတာ္မ်ားမ်ားကို ထိေတြ႕ၿပီး အလြယ္တကူ Unlock ျပဳလုပ္ႏိုင္တယ္ဆိုတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ မ်က္ႏွာျပင္ ပိတ္ထားတာေတာင္ Wake up မလုပ္ဘဲ၊ လက္နဲ႔ထိၿပီးဖြင့္ျပခဲ့တာပါ။

လက္ရွိထုတ္လုပ္မႈနယ္ပယ္မွာ အသုံးျပဳေနတဲ့ UD Fingerprint ေတြကေတာ့ မ်က္ႏွာျပင္ရဲ႕ သတ္မွတ္ထားတဲ့ ေနရာအနည္းငယ္မွာပဲ အသုံးျပဳလို႔ရတာ ျဖစ္ပါတယ္။ ဗြီဒီယိုထဲမွာ ျမင္ေတြ႕ရသေလာက္ကေတာ့ Unlocking ဧရိယာဟာ လက္ရွိအသုံးျပဳေနၾကတဲ့ ဧရိယာေတြထက္ ၅ဆေလာက္ က်ယ္ျပန႔္ဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ မီဒီယာအခ်ိဳ႕မွာ ေရးသားထားသလို မ်က္ႏွာျပင္တစ္ခုလုံး ဘယ္ေနရာမဆို ထိေတြ႕ၿပီး Unlock လုပ္လို႔ ရမရကေတာ့ ဗြီဒီယိုဖိုင္ထဲမွာ ျမင္ေတြ႕ရျခင္း မရွိပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ အၿမဲတမ္း ေဈးခ်ိဳတဲ့ Xiaomi ရဲ႕ဖုန္းမွာ ဒီနည္းပညာ သုံးမွာဆိုေတာ့ ပိုၿပီးစိတ္ဝင္စားစရာ ေကာင္းမွာအမွန္ပါပဲ။

Ref: GSMArena

[Unicode]

မျိုးဆက်သစ် UD Fingerprint Scanner ကို ကြွားလိုက်တဲ့ Xiaomi CEO

Xiaomi ဟာ ဈေးနှုန်းချိုသာတဲ့ စမတ်ဖုန်းတွေနဲ့ ဈေးကွက်ကို ထိုးဖောက်လာတဲ့ အမှတ်တံဆိပ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါပေမယ့် ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကစပြီး တရုတ်စမတ်ဖုန်းကုမ္ပဏီဟာ ကမ္ဘာ့ဈေးကွက်မှာ ချဲ့ထွင်နေရာယူဖို့ ကြိုးစားနေပြီး Global Version တွေကိုလည်း ထုတ်လုပ်လာပြီ ဖြစ်ပါတယ်။

စမတ်ဖုန်းကုမ္ပဏီတွေဟာ နောက်ဆုံးပေါ်နည်းပညာသစ်တွေကို အပြိုင်အဆိုင် မိတ်ဆက်နေချိန်မှာ Xiaomi ကတော့ ခပ်ဖြည်းဖြည်းနဲ့ နောက်ကနေသာ လိုက်လာနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဦးဆုံး Waterdrop Notch ကို မိတ်ဆက်ခဲ့သူမဟုတ်သလို ပထမဆုံး Dual camera ကို မိတ်ဆက်နိုင်ခဲ့တဲ့ ကုမ္ပဏီလည်း မဟုတ်ခဲ့ပါဘူး။

အခုတော့ Xiaomi အနေနဲ့ လမ်းကြောင်းသစ်တစ်ခုကို လျှောက်လှမ်းဖို့ ပြင်ဆင်နေပြီလို့ ပြောနိုင်ပါတယ်။ Xiaomi ရဲ့ ဉက္ကဌနဲ့ တွဲဖက်တည်ထောင်သူဖြစ်တဲ့ Lin Bin က Weibo မှာ UD Fingerprint နည်းပညာသစ် ရှေ့ပြေးသရုပ်ပြတဲ့ ဗွီဒီယို တစ်ခုကို တင်လိုက်ပါတယ်။

ဒီဗွီဒီယိုထဲမှာ Xiaomi ရဲ့ မျိုးဆက်သစ် UD Fingerprint နည်းပညာဟာ ဖုန်းမျက်နှာပြင်ရဲ့ နေရာအတော်များများကို ထိတွေ့ပြီး အလွယ်တကူ Unlock ပြုလုပ်နိုင်တယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ မျက်နှာပြင် ပိတ်ထားတာတောင် Wake up မလုပ်ဘဲ၊ လက်နဲ့ထိပြီးဖွင့်ပြခဲ့တာပါ။

လက်ရှိထုတ်လုပ်မှုနယ်ပယ်မှာ အသုံးပြုနေတဲ့ UD Fingerprint တွေကတော့ မျက်နှာပြင်ရဲ့ သတ်မှတ်ထားတဲ့ နေရာအနည်းငယ်မှာပဲ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ မြင်တွေ့ရသလောက်ကတော့ Unlocking ဧရိယာဟာ လက်ရှိအသုံးပြုနေကြတဲ့ ဧရိယာတွေထက် ၅ဆလောက် ကျယ်ပြန့်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မီဒီယာအချို့မှာ ရေးသားထားသလို မျက်နှာပြင်တစ်ခုလုံး ဘယ်နေရာမဆို ထိတွေ့ပြီး Unlock လုပ်လို့ ရမရကတော့ ဗွီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရခြင်း မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်း ဈေးချိုတဲ့ Xiaomi ရဲ့ဖုန်းမှာ ဒီနည်းပညာ သုံးမှာဆိုတော့ ပိုပြီးစိတ်ဝင်စားစရာ ကောင်းမှာအမှန်ပါပဲ။

Ref: GSMArena